အပိုင်း ၃၅ [ ဇာတ်သိမ်းပိုင်း ]

1.3K 93 10
                                    

Hi ...နောက်မှာ Special Episode နဲ့ DoCheng Melancholy အကြောင်း ပြောထားတာလေး ကျန်သေးတယ်နော်

______________________________________________

Unicode

       " ဖွားဖွား ..!! ကျွန်တော် သူ့ဆီ ပြန်ချင်တယ် "

       ဖွားဖွားနဲ့ ကနေဒါမှာ အတူရှိတုန်းက သူ ပြောခဲ့တဲ့ စကားတစ်ခွန်း ..။

      " မေ့မရဘူးလား သား ..!? "   

      " မမေ့ပစ်တာ ဖွားဖွား "

      " ဖွားဖွားလည်း တစ်ချိန်က သားလိုပဲ မ‌မေ့ပစ်နိုင်တဲ့ လူတစ်ယောက် ရှိခဲ့တယ် ၊ အသက်ဆက်မရှင်ချင်တော့အောင် မှိုင်တွေလွမ်းဆွတ်မှုတွေနဲ့ အတူပေါ့ ၊ ဒါပေမယ့် ဖွားဖွား ချစ်နေရတဲ့သူ အတွက်မဟုတ်ပဲ ဖွားဖွားကို ချစ်တဲ့သူတွေအတွက်ပဲ ရှင်သန်ဖို့ ဆုံးဖြတ်ခဲ့တယ် အဲ့အချိန်မှာ ကာလရှည်ကြာ တိုက်စားနေတဲ့ မှိုင်တွေလွမ်းဆွတ်မှုတွေဆီက လွတ်မြောက်ခဲ့တယ် သား !! သားရော အဲ့လွမ်းဆွတ်မှုတွေနဲ့ တစ်သက်လုံး နေသွားချင်လို့လား " 

        အဲ့တုန်းက Mark ဘာအဖြေမှ မပေးနိုင်ခဲ့ဘူး သူ Hyuckie လေးကို ပြန်မရဘူးဆိုရင်တောင် အဲ့ မှိုင်တွေလွမ်းဆွေးမှုတွေကို ပွေ့ပိုက်ပြီး ချစ်နေချင်သေးတာမလို့ ။ 

      တစ်ခါတစ်လေ သူ့မှာ နာကျင်ရပါများတော့ ဖွားဖွားလို နှလုံးသား တစ်ခု လိုချင်မိသား ..။

         " ငါ သေသွားရင် မင်းတို့ သတိရဝမ်းနည်းနေစရာ မလိုဘူး ငါ့အုတ်ဂူကို မင်းတို့လာတွေ့တဲ့အချိန် ငါက အခြားသူ အဖြစ် ပြန်လည်‌မွေးဖွားနေလောက်ပြီ !! "

         ဖွားဖွားက ထူးဆန်းတယ် သူ့အုတ်ဂူမှာ ဘာနာမည်မှ မမှတ်ဘူးလို့ ပြောတုန်းကလေ ။

                           .........................

       ** အခု ကျွန်တော် ခံစားနေရပြီ ၊ ကျွန်တော် သားလေးကို စောင့်ရှောက်ချင်တယ် ကိုကို့ဆီ ပြန်သွားချင်တယ် ဒါပေမယ့် SungChan ....**

       အစ်ကို့မာမီ ရောက်နေတယ်ဆိုလို့ မင်္ဂလာပွဲနောက်ဆုတ်တဲ့ ကိစ္စ အစ်ကို့ ကို ဆူနေမှာ စိုးတာနဲ့ တိုက်ခန်းကို ပြန်လာခဲ့မိတဲ့ ကျွန်တော့်အမှား ထင်တယ် ။

Melancholy [ Completed ]Where stories live. Discover now