Unicode
♥
" Hyuckie ! !! "
" ဘယ်သူလဲ !?? "
" ငါလေ !!? Kim JungWoo !! မတွေ့ရတာတောင် ကြာပြီပဲ ၊ အဲ့တာကြောင့် မေ့သွားတယ်လို့တော့ မပြောနဲ့နော် "
ပါးပျော့သည့် ဆံပင်အုပ်အုပ်လေးတွေကို သပ်တင်ပြီး ကျွန်တော့်ကို တရင်းတနှီး စကားပြောနေပေမယ့် ကျွန်တော်က ထိုသူအား သိမနေ ။
" ဘာဖြစ်တာလဲ !? "
သူ့နောက်ပါမလာလို့ SungChan က ပြန်လှည့်လာပြီး ကျွန်တော်တို့ အနားရောက်လာသည် ။
" အသိ အစ်ကိုထင်တယ် ငါ့ကို နှုတ်ဆက်တာ "
" Yahh ..DongHyuckie !? ငါလေ !! "
" တောင်းပန်ပါတယ် ကျွန်တော်တို့ အရေးကြီးနေလို့ ခွင့်ပြုပါအုံး "
SungChan က ထိုအစ်ကိုအား နှုတ်ဆက်ကာ ကျွန်တော့်ကို ဆွဲခေါ်သွားသည် ။ ထိုအစ်ကိုကတော့ အံ့ဩသလို ဘာမှမပြောနိုင်ပဲ အဲ့နေရာမှာတင် ရပ်ကျန်ခဲ့၏ ။
" ဘယ်သူလဲ !? ငါနဲ့သိတာလား "
" အင်း သိတယ် ၊ ဒါပေမယ့် စကားပြောလို့ မဖြစ်ဘူး မခေါ်နဲ့ "
" ဘာလို့လဲ !? "
" ဒီတိုင်း !!? မပြောနဲ့ဆို မပြောလို့ မရဘူးလား "
" ဘာလို့လဲ !? ဘာလို့ မပြော !! "
" ကျွန်တော် အစ်ကို့ကို ချစ်လို့ သိပြီလား !! အဲ့တာကြောင့် တခြားသူတွေနဲ့ စကားမပြောစေချင်ဘူး !! အစ်ကို့ကို သဝန်တိုတယ် !!! "
ကျွန်တော် အတင်းမေးနေလို့ စိတ်ရှုပ်ကာ စကားတွေ ထွက်လာသည့်ပုံ ရှိသည် ။ ပြီးမှ တစ်ဖက်ကို လှည့်ကာ ရှက်သွား၏ ။ ပြောလိုက်တာက အသံကျယ်သွားသည့်အပြင် သူဆွဲခေါ်လာသည့် နေရာက အသီးတွေရောင်းတန်း ဖြစ်ကာ အသီးရွေးနေသည့် အဒေါ်ကြီးတွေ ရှိလေသည် ။ အဒေါ်ကြီးတွေက အသီးပဲ ဆက်ရွေးရတော့မလို ကျွန်တော်တို့ ရှေ့ကပဲ ထွက်သွားရတော့မလို နေရခက်ကုန်သည် ။
" သိပြီလား !? အဲ့တာကြောင့် ကျွန်တော်ကလွဲပြီး တခြားအကြောင်းအရာတွေကို အာရုံမစိုက်ပါနဲ့ "
YOU ARE READING
Melancholy [ Completed ]