The whole chapter will be from Jia's POV.
" wowwအမြင့်ကြီးဘဲ "
ဂျင်းဂျူရဲ့ မှတ်ချက်အပြီး ဂျီအာ သူမမျက်စိရှေ့က အဆောက်အအုံကြီးကို တဆုံးမော့ကြည့်လိုက်ကြတယ်။ ဒီအဆောက်အအုံကြီးရှေ့ ဖြတ်သွားဖြတ်လာလောက်ဖဲ လုပ်ဖူးခဲ့ပေမဲ့ ဒီလောက်ကြီးထိ မြင့်မားလိမ့်မိမယ်လို့ တစ်ခါမှ မထင်ခဲ့။
ဂျင်းဂျူက ဘာစိတ်ပေါက်သွားလို့လဲတော့မသိ,တစ်လမ်းလုံးသယ်လာတဲ့ ဂုဏ်ပြုလက်ဆောင် money plantပင်စိုက်ထည့်ထားတဲ့ ပန်းအိုးလုံးလေးကို ဂျုန်းကုအခန်းတံခါးပေါက်ရှေ့ရောက်သည့်အချိန်မှ " လေးလိုက်တာ၊ နင်ဘဲကိုင်တော့"ဆိုပြီး ဂျီအာ့လက်ထဲ အတင်းထိုးပေးလိုက်တယ်။
ဘဲလ်တစ်ချက်တီးပြီးနောက် ပွင့်လာတဲ့တံခါးဆီ အခန်းအတွင်းမှ ဖြူဖြူသေးသေး ခွေးလေးတစ်ကောင်က အသံတဆာဆာနဲ့ ပြေးထွက်လာသည်။ ထိုအကောင်လေးနောက်မှ ဂျုန်းကုအိုပါး။ အနက်ရောင်ဆွယ်တာပေါ်မှာ အညိုရောင်အေပရွန်တစ်ထည်ထပ်ဝတ်ထားကာ မျက်မှန်ခပ်ဝိုင်းဝိုင်းတစ်လက်ကို တပ်ဆင်ထားတဲ့ ဂျုန်းကုအသွင်အပြင်များက လူစားထိုးခံလိုက်ရတဲ့လူတစ်ယောက်လို အရင်နေ့များနဲ့ တော်တော်လေးကွာခြားလွန်းလှသည်။
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Fanfictionကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...