' ကိုယ်ရှိတယ် ' ဆိုတဲ့ စကားသုံးလုံးနဲ့တင် ဂျီအာ့စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေက ပြေပျောက်သွားသည်။
ယုံတယ်...
သူမအခု ဂျုံးဂုဆီက အချစ်ကိုလက်ခံရနေတယ်လို့ ခံစားမိတယ်။ ဒီလိုအမြဲခံစားနေရရင် သူမဘ၀က ပြီးပြည်စုံနေပါပြီ။ ဂျီအာ ခေါင်းထောင်လိုက်ပြီး ကို့လည်တိုင်ကို ဆွဲငုံ့ခိုင်းလိုက်ကာ နုဖတ်လို့နေတဲ့ ပါးတစ်ဖက်ကို နမ်းရှိုက်လိုက်သည်။ ထို့နောက် ကို့ရဲ့ညိုနက်နက်မျက်၀န်းတို့ကို စိုက်ကြည့်လိုက်ပြီး-
" ချစ်တယ် "
ထပ်တူကျသွားတဲ့ နှုတ်ခမ်းနှစ်စုံဟာ စကားလုံးနဲ့ဖော်ပြလို့ မရောက်နိုင်တဲ့ အရာတွေအကြောင်း သူမတို့ကိုယ်စား ရွတ်ဆိုနေကြသလို။ ဂျုံးဂုလက်တစ်ဖက်စီက သူမရဲ့ခြေတံကောက်ကွေးနဲ့
ကျောပြင်အထက်ပိုင်းသို့ လျှို၀င်လာသည်။ ထို့နောက် သူမကိုပွေ့ယူကာ ကို့ခြေလှမ်းများ ကျွမ်းကျွမ်းကျင်ကျင် ဦးတည်သွားရာက ဂျီအာ့ကုတင်ဆီ။လမ်းတစ်လျှောက်လုံး အနမ်းတွေကိုတော်တော်နဲ့ မရပ်လိုက်ခဲ့ကြပါ။ ကျောပြင်နဲ့ ထိကပ်တဲ့ခပ်အိအိအရာကြောင့်သာ ကုတင်ပေါ်ရောက်လာပြီးလို့ သိလိုက်ရတယ်။ တစ်ယောက်ရဲ့ နှုတ်ခမ်းကိုတစ်ယောက်က မလွှတ်စတမ်းငုံထွေးနေမိကြသည်။ သာယာလာတဲ့စိတ်ကြောင့် သူ့ဆံပင်တို့ကို အသာစုဆွဲလိုက်မိတော့ ကပ်ထားတဲ့ နှုတ်ခမ်းတို့မှတဆင့် တုန်ခါမှုကို ခံစားလိုက်ရတယ်။
" Umm~ "
လည်ချောင်းထဲကတက်လာတဲ့ ကို့ရဲ့ ညည်းသံသည် သူမမှတ်မိနိုင်လောက်အောင်ကို ဩရှလွန်းသည်။ ပထမဆုံးကြားဖူးလိုက်တဲ့ ကို့ရဲ့ညည်းသံကြောင့် သူမတစ်ကိုယ်လုံးပူနွေးလာကာ အနမ်းတို့ကို အရှိန်နှေး၍ အဆုံးသတ်ပစ်လိုက်မိသည်။
အရက်ရှိန်ကြောင့်များလားမသိ၊ မှေးစင်းထားရာကနေ ပြန်လှုပ်ရှားမိတဲ့ မျက်တောင်တို့ကြားမှ မြင်လိုက်ရတဲ့ ကို့ရဲ့မျက်၀န်းတို့ဟာ ရီဝေဝေ။ အသက်ခပ်ပြင်းပြင်းရှိုက်ရှူနေတဲ့ ကိုက သူမကို ဆာလောင်နေတဲ့ တောရိုင်းကောင်တစ်ကောင်လို ငုံ့ကြည့်နေတယ်။
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
أدب الهواةကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...