The whole chapter will be from Jia's POV.ဆိုးလ်မြို့ .....
⏰⏰⏰⏰
မနက်ခင်း အာရုံတက်ချိန်ကြီး တတီတီနဲ့ နားထဲတိုးဝင်လာတဲ့နှိုးစက်အသံ....
နှိုးစက်ချထားတဲ့ တစ်ယောက်ကတော့ စောင်ပုံထဲ ကွေးနေလို့ကောင်းတုန်း.....
အဲ့တော့ အအိပ်ဆတ်တဲ့ ကျွန်မကဘဲ လန့်နိုးလာပြီး နှိုးစက်ကိုထပိတ်လိုက်ရတယ်...." လီဂျင်းဂျူ...နင်တို့ ကျူတိုရှိတယ်ဆို... ထလေ "
၃,၄ချက်လောက် ကန်ပေးလိုက်မှ "အင်း"ခနဲ၊ "အဲ"ခနဲ လှုပ်လာတဲ့ ကလေးမ။ တကယ်ပါဘဲ မနက်၅နာရီကို နှိုးစက်ချထားပြီး နိုးကျမနိုးဘူး......
လီဂျင်းဂျူ....
သူမက mathsယူထားပေမဲ့ chemicalမေဂျာသမား ကျွန်မရဲ့ အခန်းဖော်။ ဘူဆန်ကတည်းက လည်ပင်းဖက်ပေါင်းပြီး ကြီးပြင်းလာကြတာ။ စကားပြောနဲ့ အပေါက်ကတော့ မဆိုသလောက်ဆိုးပေမဲ့ ကျန်တာအကုန်အဆင်ပြေတယ် ပြောလို့ရတယ်.....ဆက်ပေကပ်အိပ်ချင်ပေမဲ့ မျက်လုံးတွေက ကြောင်သွားတာမို့ စောင်တွေခေါက်ခက်ပြီး အခန်းဝရံတာဘက်သို့......
မှန်ပြတင်းပေါက်ကို တစ်ချက်ဖွင့်လိုက်တာနဲ့ ဝင်လာတဲ့ မနက်ခင်းလေညင်း
အေးစိမ့်စိမ့်လေထုထဲမှာ ပါလာတဲ့ မြူမှုန်လေးတွေကို အဆုတ်ထဲရှိအခန်းတိုင်းထိရောက်အောင် တဝကြီးရှူသွင်းပစ်လိုက်တယ်။ သူမတို့အခန်းက အဆောက်အအုံကြီးရဲ့ (၅)ထပ်မြောက်အထပ်ကမို့လို့ လေစိမ်းတွေကတော့ ဒလဟော......
" ယား.....ဆောင်ဂျီအာ.... သေလောက်တယ် အေးချက်က၊ ပိတ်ထားစမ်းပါဟ အဲ့ပြတင်းပေါက်ကို "
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Fanficကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...