Unicode:🎶For as long as I live
And as long as I love
I will never not think about you
You, hmm
I will never not think about youFrom the moment I loved
I knew you were the one
And no matter whatever I do
Ooh, hmm
I will never not think about you🎶ဆိုင်ထဲမှာ သဲ့သဲ့ပျံ့လွင့်နေတဲ့ သီချင်းသံက ခပ်ဆွေးဆွေး။
" ဟူး..... "
ဒါဟာ ဘယ်နှခါမြောက်မှန်းမသိတဲ့ ဂျုန်းဂုသက်ပြင်းချသံ။
" အခုမှ သက်ပြင်းရှည်ကြီးတွေဆွဲချမနေနဲ့၊ ကောင်မလေးကို ဖွင့်ပြောတာကအဲ့လောက် အချိန်ရွေးမှားရလားဟ "
စားပွဲပေါ်ရှိ ဖန်ခွက်ပုထဲက double whiskeyကို ရေသောက်သလိုမော့ပြီး ယွန်းဂီဟျောင်းက ငေါက်လိုက်တယ်။ ဟျောင်းပြောတာကလည်း မမှားဘူးလေ။ ဂျီအာ့ဘက်ကို တစ်ချက်မှမကြည့်ခဲ့ဘဲနဲ့ သူစိတ်ထင်တိုင်းကြဲခဲ့မိတာ။
" အရူး! ပြီးတော့ ထွက်တောင်ပြေးလာခဲ့တာ? မမိုက်လိုက်တာ"
"အင်း၊ မတွေ့ရတာ တစ်လလောက်ရှိပြီ "
အမှန်တကယ်တော့ ဂျီအာ့ကို သူရှောင်နေခဲ့တာ။ ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးထားတာလည်းပါသလို သူ့ကိုမြင်ရင် သူမစိတ်အနှောက်အယှက်ဖြစ်မှာ စိုးရိမ်လို့လည်း ပါသည်။
" အဟား ငါသိတဲ့ ဂျွန်းဂျုံးဂုဟုတ်ရဲ့လား။ လူစားတွေ ဘာတွေများအလဲခံလိုက်ရတာလား "
" ဟျောင်းကလည်း.... "
ယွန်းဂီရဲ့ ခပ်နောက်နောက်ပုံစံက မြင်ရခဲတယ်ဆိုပေမဲ့ ဂျုန်းဂုစိတ်ထဲသဘောမတွေ့ဖြစ်သွားသည်။ အခုလည်းကြည့်။ သူ့ဘက်ကသာ လောင်မီးကျနေပေမဲ့ ယွန်းဂီဘက်က သူ့ကိုထိုင်လှောင်နေတာ။ ဂျုံးဂု နှုတ်ခမ်းတွေဆူပြလိုက်တော့ ပြုံးရယ်နေရာကနေ ချက်ချင်းတည်သွားပြီး ယွန်းဂီ တစ်ခွန်းတည်းပြောလိုက်သည်။
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Fanfictionကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...