Edited Ver:
UNICODE :
ဝင်လုဆဲဆဲနေမင်းကြီးက တိမ်တိုက်မည်းတို့ကြားမှာ။ ကောင်းကင်မှာလည်း အိပ်တန်းပြန်နေတဲ့ ဆောင်းငှက်တွေရှိသလို မြေပြင်မှာလည်း အလုပ်ခွင်ကနေ အိမ်ပြန်နေကြတဲ့ ခပ်သုတ်သုတ်ခြေလှမ်းတို့နဲ့ လူတချို့။
မည်းနေတဲ့ မိုးကောင်းကင်ကိုတောင် မမှု၊ အိမ်မပြန်ကြသေးဘဲ ပေ,ကပ်ဆက်ဆော့နေကြတဲ့ ကလေးတစ်သိုက်။ ဟီးဟီးဟိုးဟိုးနဲ့ အူမြူးနေတဲ့ ရယ်သံလေးတွေက ကြားတဲ့သူတိုင်းကို ပြုံးစေနိုင်တယ်။ သေချာပေါက် သူမရှေ့က လူသားတစ်ယောက် အပါအ၀င်ပေါ့....
" ဂျီအာ...ပြောစရာရှိတယ်ဆို? "
ကလေးတွေကို ငေးကြည့်နေရာမှ သူမဘက် ရုတ်ချည်းလှည့်လာတာမို့ အသင့်အနေအထားနဲ့ လက်သီးတွေ ဆုပ်မိတယ်။ ခေါင်းကိုလည်း မြန်မြန်ငုံ့ပစ်လိုက်ကာ အသက်၀၀ရှူသွင်းလိုက်ရင်း....
*အင်း ....တကယ်ကြီး လုပ်လိုက်တော့မယ်*
✴️ Flashback ️✴️
" ဟင်! တကယ်ကြီးလား?၊ တကယ်ကြီးဖွင့်ပြောတော့မှာလား ?"
" လီဂျင်းဂျူ တိုးတိုးဟ၊ ကျယ်လောင်နေတာဘဲ နင့်အသံက "
လော်တပ်ထားသလို အကျယ်ကြီးထွက်သွားတာမို့ ဂျင်းဂျူကို ပိတ်ဟောက်ပစ်လိုက်တယ်။ လှေကားအတက်အဆင်းလုပ်နေတဲ့ စီနီယာအကို၊အမကြီးတွေရဲ့ အကြည့်ကို ဥပေက္ခာပြုလိုက်ပြီး အပေါ်ထပ်ကိုသာ မြန်မြန်ပြေးတက်လိုက်တော့ အနောက်ကနေတစ်ပါတည်း လိုက်လာကြတဲ့ သူမသူငယ်ချင်းတွေ။
" အင်း၊ ဒီညနေဖွင့်ပြောတော့မယ်၊ နင်တို့ဒီမှာ ခနစောင့်နေကြအုံး "
အပေါ်ထပ်ရောက်မှ ဂျင်းဂျူရဲ့ အမေးကို ပြန်ဖြေပေးလိုက်ပေမဲ့ မျက်မှောင်တွေကုပ်ပြီး သူမကိုကြည့်နေကြတဲ့ ကလေးမတွေကို လှေကားရင်းက ထောင့်တစ်နေရာမှာဘဲ စောင့်နေခိုင်းလိုက်တယ်။အထက်တန်းစီနီယာတန်းတွေက စာအရမ်းလုပ်ရတယ်ဆိုတာ ကြားဖူးပေမဲ့ နေ့လယ်နားနေချိန်တွေမှာတော့ တဝုန်းဝုန်းနဲ့ ဆူညံလို့နေပြန်တယ်။ ကော်ရစ်တာ
တလျှောက်ပြေးလွှားသွားတဲ့ သူတွေကို မတိုက်မိအောင်ရှောင်ရတာလဲ အမော။
![](https://img.wattpad.com/cover/248277987-288-k846468.jpg)
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
أدب الهواةကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...