Please Take This As A Comfort. 💌
Unicode :
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Jia's Pov :
ညနေခင်းဘက်ရောက်နေတာတောင် နေအလင်းရောင်က ထိန်ထိန်လင်းနေသလို၊ ကောင်းကင်ယံမှာလည်း တိမ်တွေတောက်လို့နေတယ်။ ပြတင်းပေါက်ကနေတဆင့် ဖြတ်ဝင်လာတဲ့ လေကြမ်းတွေထဲ ချယ်ရီပွင့်ဖတ်တွေပါ,ပါလာတတ်တာမို့် ပိုက်ထားတဲ့ လက်တို့ကိုချလိုက်ပြီး တဖျပ်ဖျပ်လှုပ်နေတဲ့ ပြတင်းပေါက်လိုက်ကာစကို ခပ်နာနာချည််ပစ်လိုက်မိသည်။
Marchလကုန်ရောက်နေပေမဲ့ ဆိုးလ်ထက်ပိုစောပွင့်တတ်တဲ့ ဘူဆန်မှာတော့
ချယ်ရီပွင့်ဖတ်အကြွေတို့က လမ်းမထက် ဟိုတစ်ပြောက် ဒီတစ်ပြောက်။"ဆမ်း.....ပြီးပြီ"
အာရုံအစုံတို့ကို စားပွဲဝိုင်းက ကလေး၄ယောက်ဆီ ပို့လိုက်သည်။ သူမရဲ့ နွေရာသီကျောင်း ပိတ်ရက်တွေမှာ ဒီညနေပိုင်း စာကျက်ဝိုင်းလေးက တစ်ထောင့်တစ်နေရာ။
" ပြီးပြီပေါ့? အမှတ်တွေကို နောက်လာမဲ့စနေနေ့ကျပေးမယ်နော်၊ ကဲ အတန်းဆင်းလို့ရပြီ"
@@@@
ဆိုင်ရှေ့ရပ်ကြည့်နေကြတဲ့ လူအုပ်တစ်စုကြောင့် စက်ဘီးလက်ကိုင်ကို ခပ်တင်းတင်းဆုပ်ကိုင်ပစ်လိုက်မိသည်။ ကမန်းကတန်း စက်ဘီးထောက် ထောက်ပြီးနောက် ဆိုင်တံခါးဝဆီသို့အဝင် မြင်လိုက်ရတဲ့မြင်ကွင်းက အလဲလဲအပြိုပြိုဖြစ်နေတဲ့ ထိုင်ခုံ၊ စားပွဲခုံတွေ။ ပိုပြီးတော့ ဆိုးတာက.....
" အခုဘာလုပ်နေတာလဲ! "
သူမရှိရာကို လှမ်းမကြည့်သေးခင်ကို လက်ထဲက ကြွေပန်းကန်ပြားကို ခွဲဖြစ်အောင်ခွဲလိုက်သေးတဲ့လူ။ ဂျင်းအပေါ်၀တ် အနွေးထည်တစ်ထည်နဲ့အတူ မျက်စိထိဖုံးနေတဲ့ ဆံပင်ကောက်ကောက်နဲ့ ပေစောင်းစောင်းမျက်နှာဘေးက ဂျီအာ့ကိုလူလို့တောင်ထင်ရဲ့သေးလားမသိ။
![](https://img.wattpad.com/cover/248277987-288-k846468.jpg)
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Fanficကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...