"Yeobo!!"
ခြေသံခပ်ဖွဖွနဲ့အတူ သူ့ရဲ့လှမ်းခေါ်သံက အနောက်မှထွက်လာတယ်။ ဒယ်ပြားပေါ်က အာလူးပန်ကိတ်ကို အထက်အောက်လှန်နေရတာမို့ သူမနှုတ်ဆက်ဖို့ မအားလိုက်။ ခါးကို ခပ်တင်းတင်းလာဖက်လာတဲ့ လက်မောင်း၊လက်ဖျံတွေမှာက တက်တူးရုပ်ပုံအပြည့်နဲ့ နေရာလွတ်မရှိ။ ဘယ်ဘက်လက်သူကြွယ်မှာတော့ သူမနဲ့ဆင်တူ လက်ထပ်လက်စွပ်လေးတစ်ကွင်း။
အားစိုက်မထားပေမဲ့ သူမကို အရှေ့သို့အနည်းငယ် ယိုင်သွားအောင်တွန်းနိုင်သည့် ကြီးမားလှတဲ့ခန္တာကိုယ်ကြီးနဲ့မှ မလိုက်ဖက်စွာ သူ့နှုတ်ခမ်းက အခုနေ ကလေးတစ်ယောက်လို ဆူနေရင်နေအုံးမှာ။ ဂျီအာ ကို့လက်မောင်းတွေကို ပွတ်သပ်ကာချော့ပေးလိုက်ရတယ်။ ကိုဟာ မနက်ခင်းအိပ်ရာနိုးလို့ မျက်လုံးနှစ်လုံးပွင့်လိုက်တာနဲ့ သူ့ဘေးနားမှာ ဂျီအာ ရှိမနေရင် မကြိုက်တတ်သူ။
" ဘယ်တုန်းကထသွားတာလဲ၊ ကိုယ့်ကိုတောင် မနှိုးဘူး"
ဘယ်တော့မှ ငြီးငွေ့နိုင်မှာမဟုတ်တဲ့ သူ့ရဲ့အိပ်ရာထ အသံခပ်အက်အက်ဟာ သူမစွဲလမ်းရတဲ့ မနက်ခင်းတေးသံသာတစ်ပုဒ်သာ။ ပါးပြင်တစ်ဝိုက်နဲ့ လည်တိုင်ဆီဖိကပ်အပ်နှင်းလာတဲ့ သူ့အနမ်းတို့ဟာလည်း သူမမနက်ခင်းတိုင်းရဲ့ အဓိကအရာအဖြစ် ပါ၀င်ခဲ့တာ အတော်ကြာပြီ။
" ကောင်းကောင်းအိပ်လို့ရအောင် သပ်သပ်မနှိုးပဲ ထားထားတာလေ၊ မနေ့ညကလည်း ကိုပဲ အလုပ်နားရက်မှာ ဘာအလုပ်မှအကြွေးမကျန်ချင်လို့ဆိုပြီး အကုန်ပြီးအောင်လုပ်လိုက်ရလို့ နောက်ကျမှအိပ်ရာ၀င်ရတာမလား"
" ကျေးဇူး၊ ကိုယ် ကောင်းကောင်းအိပ်လိုက်ရတယ်၊ မနက်စာက ဒါလား"
" အင်း~ စွပ်ပြုတ်နဲ့ ပဲပင်ပေါက်ထမင်းလည်း ချက်ထားတယ်၊ ခနနေကျက်တော့မှာ၊ ကို~ ဗိုက်ဆာနေပြီလား"
" မဆာသေးပါဘူး၊ ကိုယ် ဘာကူပေးရအုံးမလဲလို့"
လည်ပြန်စောင်းငဲ့လိုက်ကာ ရှုပ်ပွနေတဲ့ သူ့ဆံပင်တို့ကို ခပ်ဖွာဖွာဆွဲဖွလိုက်တော့ မြင်နေရတဲ့ ဘယ်ဘက်ပါးပြင်ပေါ်က ပါးချိုင့်သေးသေးလေးက ထင်းခနဲ။ အချက်အပြုတ်နဲ့ သန့်ရှင်းရေး အိမ်မှုကိစ္စတိုင်းမှာ မခိုမကပ်ပဲ ကူညီညာတတ်ကြတဲ့ ဂျုံးဂုကြောင့် ဘယ်တော့မှ အိမ်အလုပ်ပင်ပန်းရတယ်မရှိပါ။ သူ့ရင်ခွင်ထဲ ပိုတိုး၀င်၊ ခြေဖျားလေးထောက်လိုက်ပြီး ပြည့်ဖောင်းဖောင်းမျက်နှာလေးကို အောက်သို့ငုံ့ကျသွားအောင် အသာဆွဲယူလိုက်ကာ ထိုပါးချိုင့်နေရာလေးကို အားပါးတရ အကြာကြီးနမ်းရှုံ့လိုက်သည်။ ထို့နောက်-
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Fanficကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...