"ကလေးဘယ်နှယောက် လိုချင်လဲ"
" ဟင်! "
ကို့ရင်ခွင်ထဲ ခေါင်းအပ်ထားတဲ့ ဂျီအာ မှိန်းနေတဲ့ မျက်လုံးတွေအလန့်တကြားဖွင့်ပြီး ကို့ကိုမော့ကြည့်မိတယ်။ ကို့မျက်နှာမှာ စနေတဲ့အရိပ်အယောင် တစ်စက်ကလေးမျှမရှိ။ ရုပ်တည်ကြီးနဲ့ပင်။
" ရုတ်တရက်ကြီး... လန့်လိုက်တာ! ကိုကလည်း... ဘာမေးခွန်းကြီးတုန်း "
" ဂျီအာက ကလေးသိပ်ချစ်တတ်တယ်မလား၊ အလုပ်ပိတ်ရက်လေးမှ ရှားပါတယ်ဆို ရှီအာနဲ့မုန့်သွားစားလိုက်၊ ဂီယုံးလေးဆီ သွားလည်လိုက်နဲ့၊ ဒါတောင် ဘူဆန်ပြန်ချင်တဲ့အချိန် ပြန်ချသွားတာတွေတောင် မပါသေးဘူး၊ ကို့ကျတော့ အချိန်မပေးဘဲနဲ့ "
ထ,ထိုင်မယ်လုပ်တော့ ဂျုံးဂုက သူမရဲ့ခန္တာကိုယ်ကို ဆွဲဖက်လိုက်ပြီး တားတယ်။ သူမတို့နှစ်ယောက်ဟာ ဂျုံးဂုတိုက်ခန်းရဲ့ ဧည့်ခန်းက ဆိုဖာရှည်ပေါ်မှာ ဖက်တွယ်အိပ်နေကြတာ။
" အခုက အချိန်ပေးတာ မဟုတ်လို့ဘာလဲ၊ အလုပ်ဆင်းပြီးတဲ့ အချိန်တိုင်း ကို့ဆီနေ့တိုင်းလာပြီး ညစာအတူစားပေးတာပဲကို "
" ညနေခင်းလေးပဲ တွေ့ရတာက အချိန်ပေးတာလား၊ ပြီးတော့လည်း ညကျ တိုက်ခန်းပြန်လိုက်ပို့ပေးရတာများ "
" အဲ့တာဆို ၂၄နာရီအတူရှိနေ ပေးရမှာလား! "
" အင်း... ၂၄နာရီ "
စိတ်ပေါက်ပေါက်နဲ့ အရွဲ့တိုက်မေးလိုက်မိတော့ သူ့ရဲ့ ခပ်တင်းတင်းမျက်နှာက ပြေလျော့သွားကာ ပြုံးဖြီးနေရင်း ပြန်ဖြေတယ်။ နောက်တော့-
" ခုနက မေးတဲ့မေးခွန်းကို ဖြေပေးပါအုံး၊ ကလေးဘယ်နှယောက် လိုချင်တာလဲလို့ "
" မသိဘူး၊ တစ်ခါမှ မစဉ်းစားဖူးဘူး "
တဲ့တိုးကျလွန်းတဲ့ မေးခွန်းမို့ ရှက်ရှက်နဲ့ ပြီးပြီးရော ဖြေလိုက်ပေမဲ့ ကိုကသူမမျက်နှာကို သကြားလုံးပူဆာနေတဲ့ ကလေးတစ်ယောက်လိုမျိုး တစိုက်မတ်မတ် ဆက်ကြည့်နေကာ သူမပေးလာမဲ့ အဖြေကိုစောင့်ဆိုင်းနေတယ်။
" နှစ်ယောက်.. နှစ်ယောက်ဆိုရင် မဆိုးဘူးလားလို့ "
" အဟင်း... ကိုယ်ရောပဲ၊ အမြွှာလေးတွေဆိုရင် ပိုချစ်ဖို့ကောင်းမယ်ထင်တယ်၊ ဒေါ်လေးမီဆိုနဲ့မီယောင်းလို ရုပ်ချင်းမဆင်တဲ့ အမြွှာလေးတွေ၊ တစ်ယောက်က မိန်းကလေး၊ တစ်ယောက်က ယောက်ျားလေး "
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Fiksi Penggemarကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...