Edited Ver:UNICODE :
တစ်ပေါက်နှစ်ပေါက်ကျလာတဲ့ မိုးစက်တွေကြောင့် လွယ်ထားတဲ့ ဘေးသိုင်းအိတ်ကို ခေါင်းပေါ်တင်လိုက်ပြီး Pc ဆိုင်ကိုပြေး၀င်လိုက်တယ်။ မှောင်နေတဲ့မိုးကြောင့် ဆိုင်အပေါက်၀က လျှပ်စစ်ဆိုင်းဘုတ်လေးက အရင်နေ့တွေထက် ပိုစောလို့လင်းနေရဲ့။
သူ့ခြေလှမ်းတို့က ခါတိုင်းရက်များကဲ့သို့ Pcဆိုင်၏မုန့်ဆိုင်တန်းရှိရာကို တစ်ချိုးတည်း....
" ဂျုန်းကုကီး တို့ကတော့ ကလေးမုန့်ပေးကြိုက်နေတယ်ထင်တယ်"
မုန့်ရွေးရင်း စကားစလာတဲ့ ယူဂွမ်းကို သူတစ်ချက်ကြည့်လိုက်သည်. ပြောင်းဖူးဆော့ဆေ့ဂ်ျ(၃)ချောင်း၊ ခေါက်ဆွဲဗူး (၂)ဗူးကို ကောက်ယူလိုက်ပြီး_
"ဘယ်ကလာ အိမ်နီးနားချင်းညီမတစ်ယောက်ပါကွာ "
"အဟက်.... ကလေးမလေးက ချစ်စရာလေး, ဖွက်ထားတော့မှာလား သူငယ်ချင်းအချင်းချင်းကို"
"ကျစ်......"
အအေးသွားရွေးတဲ့ နေရာအထိတောင် အနောက်ကနေ တောက်လျှောက်လိုက်လာပြီး ပေါက်ကရတွေ လာပြောနေတဲ့ ဂျယ်ဟျွန်း မကြားနိုင်အောင် စိတ်ထိန်းပြီး ဂျုန်းဂု စုတ်တချက်သက်လိုက်မိတယ်။ နွားနို့ဗူးထားတဲ့ အကန့်မှာ သူလိုက်ရှာနေတဲ့ banana milkကို တဗူးတလေမှတောင် မတွေ့ရ။ အလိုမကျလာသလို၊ စိတ်တိုလာသလိုနဲ့။ တစ်ရက်တလေလေး plain milkသောက်လိုက်လို့ အသားပဲ့ပါမသွားပေမဲ့ အခုဘာလို့ဒီလောက် စိတ်ဆက်မိသွားလဲမသိ။
" ဖွက်ထားတာလဲမဟုတ်ဖူး၊ ဥထားတာလဲမဟုတ်ဖူး၊ ဒီအတိုင်း ငါစွံတယ်လို့သာ လက်ခံလိုက်ကြစမ်းပါကွာ "
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Fanficကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...