-Final- Horizon

2.8K 146 86
                                    

Friendly Reminder To All Minors >>>

This chapter contains Mature Content.

Exclaimer >> Either of my characters are adults and have already known what is safe sex.

နှဖူးချင်းကပ်ထားသည်ကို ပြန်ခွာလိုက်ပြီးနောက် လက်သူကြွယ်မှလက်စွပ်ကလေးကို သူမတစ်ချက်ငုံ့ကြည့်လိုက်သည်။ ဘာမှရှုပ်ရှုပ်ထွေးထွေး ပုံဖော်ထားခြင်းမရှိပဲ အလယ်တည့်တည့်၌ စိန်တစ်ပွင့်သာ ရိုးရှင်းစွာစီချယ်ထားတဲ့ ဒီလက်စွပ်ကလေးကို သူမသဘောကျလို့ မဆုံးနိုင်ပါ။

" ကိုယ်လေ လက်စွပ်ဒီဇိုင်းတွေအများကြီးဆွဲခဲ့ပေမဲ့ စိတ်တိုင်းမကျတာမို့ ဆွဲလိုက်ပြန်ဖျက်လိုက်နဲ့ပဲ အချိန်ပုပ်သွားတာ၊ အဲ့တာနဲ့ ဟျောင်းတို့ကိုအကြံတောင်းတော့ ဟျောင်းတို့ကဘာပြောတယ် ထင်လဲ"

" ဘာတဲ့လဲ"

" မင်းဆွဲပေးတဲ့ လက်စွပ်ဒီဇိုင်းကိုစောင့်နေရရင်တော့ အဲ့မိန်းကလေးကို ဒီတစ်သက်proposeလုပ်လို့ ရမှာကိုမဟုတ်တော့ဘူးတဲ့"

သူမတို့ ပြိုင်တူရယ်ချလိုက်မိသည်။ အဲ့အစ်ကိုတွေ ပြောတာ မမှားဘူးမလား။

" ထပ်ပြောသေးတယ်၊ အပြင်ပန်းက ရုပ်၀တ္ထုထက် ကိုယ့်နှလုံးသားက စစ်မှန်နေဖို့ ပိုအရေးကြီးတယ်တဲ့"

ဂျီအာ ကို့ရင်ဘတ်ဆီသို့ တိုး၀င်လိုက်သည်။ ဒီရင်ဘတ်ကြီးရဲ့အတွင်းထဲ အသက်၀င်လှုပ်ရှားနေတဲ့ သူ့နှလုံးသားက ဘယ်လောက်စစ်မှန်သလဲ သူမသိပါသည်။

" လာမဲ့ပိတ်ရက်ကျရင် ကိုယ့်မိဘတွေကို သွားတွေ့ကြရအောင်"

" ဟင်? နောက်- နောက်အပတ်လား"

" အင်း"

ပွင့်ပွင့်လင်းလင်း ၀န်ခံရလျှင် သူမရင်ထဲ ကြောက်စိတ်တို့ တအုံ့နွေးနွေးဖြစ်နေဆဲ။ ဂျုံးဂုမိဘတွေများ သူမတို့ကို သဘောမတူရင် ဘာတွေဆက်လုပ်ရမလဲ။ ဖြစ်နိုင်ချေဘယ်လောက်ပဲရှိရှိ အခုချိန်မှာ ကိုနဲ့ကွဲကွာနိုင်မဲ့ အခြေအနေမှန်သမျှကို သူမစိုးထိတ်မိပါသည်။

အတွေးလွန်နေမိတဲ့ သူမကို လှုပ်နှိုးလိုက်တာက မျက်နှာပြင်ပေါ်သို့ လာအုပ်မိုးလာတဲ့ သူရဲ့လက်ဖဝါးပြင်ကျယ်။

-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉWhere stories live. Discover now