The whole chapter will be from Jia's POV.
UNICODE :
" နောက်ဆုံးအနေနဲ့ မင်းတို့လဲ စီနီယာအတန်းရောက်ပြီဖြစ်တဲ့အတွက် စာသင်နှစ်အစကတည်းက စာကိုပိုင်ပိုင်နိုင်နိုင်လုပ်ဖို့ ဆဲမ်း (တီချာ) မှာချင်တယ်၊ ဝေလေလေလုပ်တတ်တဲ့ အကျင့်ဆိုးတွေဖျောက်နိုင်အောင် ကြိုးစားကြပါ။ ကဲ.... အတန်းဖြုတ်လို့ရပြီ "
အတန်းပိုင်ဆရာရဲ့ အတောမသတ်နိုင်သော ဆိုဆုံးမစကားပြီးမှ သူမတို့အတန်းဆင်းရတော့သည်။
သူငယ်ချင်းဖြစ်သူတွေကို လက်ပြနှုတ်ဆက်ကာ မိမိအိမ်ဆီသို့ ဟိုငေးဒီငေးနဲ့ ခပ်သွက်သွက်ခြေလှမ်းများဖြင့် .....
ဒီနေ့က သူမအထက်တန်းစီနီယာအတန်းကို စ' တက်ရသည့် ပထမဆုံးနေ့။ နွေဦးလဖြစ်သည့် March လသို့ရောက်နေသဖြင့် လမ်းပေါ်တွင်လည်း ချယ်ရီပွင့်အကြွေများ ဟိုတကွက် ဒီတကွက်နှင့်...... 🌼🌼
မြင်ကွင်းထဲ ဝင်လာသည့် ကလေးကစားကွင်းလေး။
သူမခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားသည်။ အတွေးတို့ကလည်း တစ်ယောက်သောသူဆီ။
( လွမ်းလိုက်တာ ...... )
ဂျုန်းကုကီးအိုပါးတို့ ဒီမြို့ကနေပြောင်းသွားတာ ၃နှစ်လောက်ရှိလိမ့်မည်။ ဒီ(၃)နှစ်အတောအတွင်း ပြည်တွင်းသာမက ပြည်ပခရီးသွားအေဂျင်စီတွေကပါ သူမတို့မြို့လေးကို မျက်စပြုမိနေ၍ စီးပွားရေးစျေးကွက်ခြေလှမ်းများ စတင်လာတော့သည်။
သိသိသာသာတိုးလာသည့် မြို့၏လူဦးရေ၊ နေရာတိုင်းမြင်တွေ့နေရသော အထပ်မြင့်အဆောက်အအုံတွေမှာ မြို့၏စည်ကားလာမှုကို မီးမောင်းထိုးပြနေသလို။
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Hayran Kurguကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...