တစ်နှစ်ခန့်အကြာ >>>
In Busan, Korea
" ဂျီအာ အွန်နီး "
ငိုသံသဲ့သဲ့နဲ့ ကလေးအသံတစ်သံက ဂျီအာတို့ဆိုင်တံခါးရှေ့ကနေ ထွက်လာတယ်။
" အို!! ဘုရားသခင်! "
လက်ထဲက ဗန်းမှောက်မကျအောင် ထိန်းကိုင်လိုက်ရသည်။ သူမညာဘက်ခြေထောက်ကို လာဖက်တွယ်တဲ့ ကလေးလက်နှစ်ဖက်က တင်းတင်းကျပ်ကျပ်။ ဗန်းထဲက ဟင်းရည်ပန်းကန်ပူပူတွေသာ ပြုတ်ကျမိလိုက်ရင်တော့ မတွေးရဲစရာ။
" အွန်နီးကို အရမ်းသတိရနေတာကို.... "
ကလေးငယ်က ထိုစကားသံကို ရှိုက်သံတငင်ငင်နဲ့ ပြောပြီးနောက် တဟီးဟီးငိုချသည်။ ဆိုင်လာစားကြတဲ့ ဧည့်သည်တွေအကုန်လုံးရဲ့ အကြည့်က သူမတို့နှစ်ယောက်ဆီ။ ခပ်သွက်သွက်ဆိုင်အကူ ညီမလေးတစ်ယောက် ဗန်းလာကူသယ်ပေးမှ ကလေးမျက်နှာကိုမြင်လိုက်ရတယ်။
ရှီအာ..... ဒီအရှုပ်အထုပ်မလေးတောင် အရပ်ရှည်လာသားပဲ။ သူမရဲ့ ပေါင်လယ်အထိတောင် မီလို့နေပြီ။ ဂျီအာ ဆိုင်ဧည့်သည်တွေဘက်ကို တစ်ချက်ကိုယ်ညွတ်ပြလိုက်ပြီး ရှီအာ့ကို ကောက်ချီလိုက်တယ်။ ခန္တာကိုယ်ထွားလာတဲ့ ရှီအာက သူမပဲရစ်မသွားခင်တုန်းကထက် ပိုပြီးလေးလံလာတယ်။
" မငိုနဲ့တော့...နဂိုကတည်းက မလှပါဖူးဆို၊ ငိုယိုနေတာ ပိုတောင်အရုပ်ဆိုးသွားသေးတယ် "
မျက်ရည်တွေကို လက်နဲ့တမင်သက်သက် ဆူဆူအောင့်အောင့်သုတ်ပေးလိုက်တော့ ရှီအာက နှုတ်ခမ်းဆူပြီး သူမလည်ပင်းကို ဖက်တွယ်လေသည်။ သူမတစ်ချက်ပြုံးပြီး ရှီအာ့ကျောပြင်ငယ်ကို ပွတ်သပ်ပေးလိုက်တယ်။ အမှန်တိုင်းပြောရရင် သူမလည်း ဒီကလေးမကို လွမ်းနေခဲ့ရတာ။
ဆိုင်အ၀င်ပေါက်ကို လှမ်းကြည့်မိလိုက်သည်။ ရှီအာ ဘယ်သူ့ကိုနားပူနားဆာလုပ်ပြီး ဒီကိုရောက်အောင်လာခဲ့သလဲ။ Appaနဲ့ အင်ဂျယ်အာဂျူးမားသာဆိုရင် သူမထ,သောင်းကျန်းပစ်မှာပင်။ ဒီနေရာကို ဘာမှတ်လို့...
သူမ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ရှီအာနဲ့အတူလာတဲ့ပုဂ္ဂိုလ်က သူမလုံး၀ထင်မှတ်မထားတဲ့သူ။
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
أدب الهواةကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...