The whole chapter will be from Jungkook's Pov.
" ရော့ 🍸 "
ဂျုန်းကုဘက်သို့ တိုးပေးခံလိုက်ရသည့် ကော့တေးခွက်လေးက အခန်းမီးအလင်းရောင််အောက်မှာ သူ့ကို သောက်ဖို့လက်လှမ်းပြနေသလို......
" Start againလို့ခေါ်တယ်၊ ဒါက နဲနဲပြင်းတယ် " လို့တစ်ချက်ဆိုပြီး သူတို့ဝိုင်းမှ လွတ်နေသောခုံမှာ ဝင်ထိုင်လိုက်တဲ့ ယွန်းဂီဟျွန်း။
barတစ်ခုမှာ bartender အဖြစ် part-time လုပ်နေတဲ့သူပီပီ ဘယ်သောက်စရာကို ဘယ်အချိန်မှာသောက်ရတယ်၊
ဘယ်လိုသောက်ရတယ်ဆိုပြီး အရက်အကြောင်း အားရင်အားသလို ဂျုန်းကုကို လက်ချာပေးတတ်သူ။ဘေးနားမှာထိုင်နေရင်် ကျောက်တုံးတစ်တုံးလာချထားသလားလို့ပင် အောက်မေ့ရလောက်အောင် အေးအေးဆေးဆေးနေတတ်သူ ။ စကားနည်းပေမဲ့ တခွန်းဟ'လိုက်တာနဲ့ ထိခနဲ မိခနဲ။
" ဟျွန်းကလဲ ငယ်လေးကို ပြင်းတာတွေမပေးပါနဲ့ "
ထွက်လာတာ ထယ်ယောင်းရဲ့စကားသံဆိုပေမဲ့ လက်တွေ့လုပ်လိုက်တာက ဂျီမင်း။
ဂျီမင်းကဂျုန်းကုရှေ့က ခွက်ကိုကုန်အောင်ကောက်မော့လိုက်ပြီး ခပ်ထေ့ထေ့လေသံနှင့် -
" ဂျုန်းကုကာ.... အဲ့ဟျွန်းနဲ့မင်းကြပ်ကြပ်ပေါင်းရင်တော့ မင်းလဲ အရက်ဂျိုးဖြစ်လိမ့်မယ် " ဟုဆိုလိုက်သည်။
ပြီးတော့ ခြေထောက်တစ်ချောင်းကို ထိုင်နေသည့်ခုံပေါ် တင်ကာ ဒူးတစ်ဖက်ထောင်'ထိုင်လိုက်ပြီး ယွန်းဂီနဲ့ အကြည့်ချင်းစစ်ထိုးနေသေးတာ။
ထယ်ယောင်းကတော့ "တော်တယ်"ဆိုတဲ့သဘောနဲ့ သူငယ်ချင်းဖြစ်သူ"ဂျီမင်း" ဆီသို့ လက်မတထောင်'ထောင် လုပ်ပြလိုက်သေးသည်။
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Fiksi Penggemarကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...