Bonus

1.4K 74 2
                                    

AN

(かならず…  သေချာပေါက် အဆုံးသတ်က ANလေးကိုဖတ်ပေးကြပါနော်၊ ကျေးဇူးတင်ပါတယ်)



----- The Guest -----



“ ကိုယ့်လက်ကို တွဲထားတဲ့အချိန်မှာ ကိုယ့်အကြောင်းကို စဥ်းစားရမယ်၊ ကိုယ့်ရင်ခွင်ထဲ ရောက်နေတဲ့အချိန်မှာလည်း ကိုယ့်အကြောင်းကို စဥ်းစားရမယ်"

"ကိုယ်နဲ့အနမ်းတွေ ဖလှယ်နေတဲ့အချိန်…
ကိုယ့်အချစ်တွေကို ခံယူတော့မဲ့အချိန်တွေ…"

"ကိုယ့်အချစ်တွေကို ခံယူနေတဲ့အချိန်တွေမှာ ကိုယ့်အကြောင်းကိုပဲ စဥ်းစားရမယ်၊ အခု ကိုယ့်အကြောင်းကို စဥ်းစားဖို့ အဆင်သင့်ဖြစ်ပြီလား”


“ အဆင်သင့်…. ဖြစ်ပြီ”



မနေ့ညကထက် အနည်းငယ်ပိုရဲတင်းလာတဲ့ သူ့လှုပ်ရှားမှုတွေကြောင့် ဂျီအာရဲ့မနက်ခင်းလေးဟာ နွေးထွေးလွန်းနေတယ်။ ဘယ်အ၀တ်မှကပ်မနေတဲ့ ကျောပြင်ကျယ်ကို ဖက်တွယ်လိုက်တော့ သူမရဲ့ပခုံးပြင်နှင့် လည်ပင်းတစ်ဝိုက်ဟာ ထပ်ခါထပ်ခါ သိမ်းပိုက်ခံရလိုက်ပြန်တယ်။ လွတ်လွတ်လပ်လပ်အသက်ရှုလို့ ရပါသေးလျက်နဲ့ ရင်ခုန်ခြင်းများကြောင့် သူမမှာ ခေါင်းတွေပါမူးဝေလာရချိန်…


အဲ့အချိန်….


ဆဌမ အာရုံရဲ့ လှုံ့ဆော်မှုကြောင့် အမှတ်မထင် လှမ်းကြည့်လိုက်မိတာက အတန်ငယ်ဟလို့နေတဲ့ အိပ်ခန်းတံခါး….



အနီးကပ်ဆုံးရှိနေတဲ့ လူသားဆီမှ အသက်ရှုသံဖျော့ဖျော့‌လေးအပြင် ခပ်ဝေးဝေးမှ ပဲ့တင့်လာတဲ့ လျှိုဝှက်နံပါတ်နှိပ်သံ၊ တိုက်ခန်းတံခါးဖွင့်လိုက်သံ၊ ဖိနပ်လဲနေသံ စသည့်အသံသဲ့သဲ့တို့ကိုလည်း သူမအကြားအာရုံမှ အမိအရဖမ်းယူမိလိုက်သည်။ မဟုတ်မှလွဲရော…

“ ကို! ခန”


သူမမျက်နှာနဲ့ အနီးဆုံးဖြစ်နေတဲ့ သူ့ရဲ့ပခုံးစွန်းနှစ်ဖက်ကို အားနဲ့တွန်းဖယ်လိုက်တော့ အပြည့်အ၀နိုးနေပြီပေမဲ့ အိပ်မက်တစ်ခုထဲ ရစ်မူးနေသလို ခပ်ထွေထွေဖြစ်နေတဲ့ ထိုမျက်၀န်း၀ိုင်းတို့နဲ့ စိုက်ကြည့်ခံလိုက်တာမို့ ရဲလက်စသူမရဲ့ပါးနှစ်ဖက်က ပိုပြီးရဲတက်လာတယ်။



-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉWhere stories live. Discover now