နစ်မွန်းတယ်....
ဒါပေမဲ့ ဒီခံစားချက်ကို မကြိုက်တာတော့မဟုတ်။ သူမရဲ့အလိုမပါပဲ နမ်းနေတာမဟုတ်ပေမဲ့ ဂျုံးဂုအနမ်းတွေက တစ်ဖက်လူ မတုံ့ပြန်နိုင်အောင်ကို ပြင်းထန်လွန်းလှတယ်။ စိုစိုစွတ်စွတ် နှုတ်ခမ်းပါးများက သူမနားရွက်ဖျားဆီ ဆင်းသွားချိန်၊ ကို့ရဲ့ အနမ်းခရီးစဉ်တို့ကို အလွတ်မှတ်မိနေပြီဖြစ်သောသူမ ခေါင်းအသာစောင်းပေးလိုက်မိသည်။ ဒါပြီးရင် သူမရဲ့လည်တိုင်တွေဆီ လာတော့မယ်လေ။
အခုဆိုရင် ဌာနမှူးယန်းနဲ့ ပြဿနာတွေဖြစ်ပြီးတာ တစ်လကျော်ကျော်လောက် ရှိတော့မည်။ ဒီကာလကြားထဲ ဘာမှထွေထွေထူးမရှိဘူးဟု ဆိုလျှင် သူမလိမ်ရာကျသွားလိမ့်မည်။ ဌာနမှူးယန်း ဆိုးလ်ရုံးချုပ်ကုမ္ပဏီကနေ နယ်ဘက်မှ စက်ရုံသေးတစ်ခုဆီသို့ ရွှေ့ပြောင်းခံရသည်။ ကုမ္ပဏီတစ်ခုလုံးလည်း ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တယ်။ ကိုကတော့ ထိုအကြောင်းကို သူမရှေ့မှာ ယောင်လို့တောင် မပြောမိပါ။ သူမကလည်း အထူးတလည်သွားပြီး မေးမနေတော့။ ကို့ရဲ့ ပရောဂမကင်းတာမှန်း မသိရလောက်အောင် သူမဉာဏ်မတုံးသေး။
" Hahh! "
ရင်ညှပ်ရိုးအောက်ထိ ရောက်ချလာပါသော နှုတ်ခမ်းတစ်စုံကြောင့် ဂျုံးဂုဆံပင်ရှည်တို့ဆီ ထိုးသွင်းထားတဲ့ သူမလက်ချောင်းတို့ကို ချက်ချင်းရုတ်သိမ်းပြီး သူ့ပခုံးပြင်ကျယ်ကို တွန်း၍တားလိုက်မိတယ်။ ဒါတောင် သွားနဲ့ခဲလက်စဖြစ်တဲ့ အသားနုစိုင်ကို တော်တော်နဲ့မလွှတ်ပေးသေးပဲ ခပ်ပြင်းပြင်းစုပ်ကိုက်သွားသည်။
ကိုဟာ ဒီလိုအချိန်မှာဆိုရင် လောဘကြီးတဲ့ ကလေးငယ်တစ်ယောက်...
သူမကိုယ်ပေါ် ခွတက်ထားတဲ့ ဂျုံးဂုရဲ့ခန္တာကိုယ်လေးလေးလံလံက ဆိုဖာခုံရှည်ရဲ့ လွတ်ရာဘက်ကို ဖယ်ပေးသည်။ ပြီးနောက် ဂျီအာ့ကို ပခုံးကနေ အသာထူမပြီး ပြန်ထိုင်စေတယ်။
သူမအသက်ပြင်းပြင်း ရှူနေရဆဲပါ။ ဂျုံးဂုကတော့ သူမကို စိတ်ကျေနပ်တဲ့ အပြုံးတစ်ခု ပြုံးပြနေတယ်။
" စကားနားထောင်တဲ့ ကလေးလေးမို့ ကိုယ်ကဆုချတာ "
ဆုချတာတဲ့လား၊ စကားကို တစ်ဖက်လှည့်ပြောတတ်တဲ့ ဂျုံးဂုကြောင့် သူမ စိတ်လည်းတို၊ ရယ်လည်းရယ်ချင်မိသွားတယ်၊ ကို့ရဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပူဆာမှုတွေကြောင့် ဘူဆန်မပြန်ဖြစ်ပဲ သူ့တိုက်ခန်းဆီရောက်နေတဲ့ အလုပ်နားရက်တို့က ပိုစိပ်သထက်စိပ်လာခဲ့တယ်မလား။
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Fanfictionကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...