ထိုနေ့ဟာ နွေရာသီရဲ့အစောပိုင်းရက်တစ်ရက်ဆိုပေမဲ့ မကုန်သေးတဲ့ ဆောင်းအငွေ့အသက်တို့နဲ့ တိမ်ထူနေခဲ့တယ်။ ကိုက ထသွားထလာ Flannel shirt အဖြူအနက်ကွက်တစ်ထည်နဲ့ ဂျင်းဘောင်းဘီနက်တစ်ထည်ကို ၀တ်လာခဲ့သည်။ နဂိုကတည်းက ချောနေပါတယ်ဆိုတဲ့ ရုပ်ကလေးက ဒီနေ့တော့ တမျိုးတဖုံသန့်လို့နေရဲ့။ လက်ထဲမှာလည်း ဝိုင်ပုလင်းတစ်လုံးကို ကိုင်ထားရင်း အထဲ မ၀င်သေးပဲ တံခါး၀မှာရပ်ပြောသည့်စကားက-
" အိမ်အသစ်အတွက် ဂုဏ်ပြုပါတယ် " တဲ့....
အမှန်တော့ အိမ်လို့လည်းပြောမရပါ။ သူမ အခုနေတဲ့ အဆောက်အအုံက 5ထပ်တိုက်တစ်လုံးကိုမှ အဲ့ထဲက အထပ်တစ်ထပ်ကိုသာ နှစ်ချုပ်နဲ့ဌားရမ်းထားခြင်းပင်။ လူသူအ၀င်အထွက်ရှုပ်တဲ့ အထပ်မြင့်တိုက်ခန်းတွေအစား ဒီနေရာကို ပိုသဘောကျမိသည်။ ကျန်တဲ့အထပ်တွေမှာလည်း လူလာနေတာက ရှားလှသည်လေ။
ကိုက အခန်းပတ်ပတ်လည်ကို ဝေ့ဝိုက်ကြည်သည်။ သူမရဲ့ အခန်းအပြင်အဆင်တွေက ကို့အခန်းနဲ့တော့ အတော်ကြီးကွာခြားလို့နေမှာ။
" အောက်ထပ်တွေမှာ လူမနေဖူးလား၊ ဒီရပ်ကွက်က နည်းနည်းလူပြတ်သလိုပဲ "
ပြတင်းပေါက်ဘောင်တန်းပေါ်ရှိ အလှပန်းအိုးထဲမှ အဆုပ်ဆုပ်ပွင့်နေတဲ့ အနီရောင်မိုးမခပွင့်တို့ကို ကို့လက်ဖျားတို့က မထိတထိတို့ကစားသွားသည်။ ပြီးတော့ ခရမ်းနုရောင်ခန်းစည်းစတွေကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ရင်းနဲ့ ဘေးဘီက အဆောက်အအုံတွေကို ကြည့်နေသည်။
" နေပါတယ်၊ တစ်ခါတလေတော့ ပြန်လာအိပ်ကြတယ် "
" အရင်နေ့က ဂျီအာ့ဖေဖေနဲ့ စကားပြောလိုက်ရသေးတယ်၊ ဒီနေရာကို ဦးလေးက သိပ်တော့သဘောမကျဖူးတဲ့ "
မဆိုသလောက် စိတ်တိုမိသွားတယ်။ အိမ်ခြံမြေပွဲစားတွေနဲ့ တိုက်ခန်းကို စာချုပ်ချုပ်ဌားတာကအစ အခန်းအပြင်အဆင်၊ ပရိဘောဂတွေ ၀ယ်တာအဆုံး သူမလက်၊ သူမခြေတွေနဲ့ပဲ ပြီးစေခဲ့ရတာမလား။ ပြီးတော့ နောက်တစ်ချက်က သူမက ကလေးသာသာအရွယ်မှ မဟုတ်တော့တာ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့် ရှိနေပြီလေ။
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Fanfictionကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...