" Leaderဆောင်~ လာမဲ့ ခရစ်စမတ်စ်မှာ ဘာလုပ်မှာလဲ "
" သေချာမသိသေးပါဘူး၊ ဘာဖြစ်လို့လဲ "
ဂျီအာ နေ့လည်စာစားနေရာကနေ ခနရပ်လိုက်ကာ ရေခွက်ထဲက ရေတစ်ငုံသောက်လိုက်ပြီး ပြန်ဖြေလိုက်တယ်။ သူမဟာ ကိုယ့်အချိန်ဇယားနဲ့ကိုယ် လည်ပတ်နေရတာမဟုတ်။ ကိုသာ အလုပ်ခရီးကနေ ဆိုးလ်ကို ခရစ်စမတ်စ်အမှီ ပြန်ရောက်မလာဖြစ်ဘူးဆိုရင် သူမဘူဆန် ပြန်မည်ဖြစ်သည်။
" ခရစ်စမတ်စ်ကျ လက်ထောက်အဖွဲ့ခေါင်းဆောင်ရဲ့အိမ်မှာ စုပြီးမုန့်စားကြမလားလို့ @$@$#$@*# "
ခေါင်းထဲ အတွေးတစ်ခုက ဖြတ်ခနဲလက်သွားတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဆက်ပြောနေကြတဲ့ စကားဝိုင်းထဲ သူမအာရုံမစိုက်နိုင်တော့။ ခရစ်စမတ်စ်က နောက်တစ်ပတ်ထက် မဝေးတော့တဲ့အချိန်တွင် ရောက်တော့မည်ဖြစ်သည်။
သူမ လက်သီးကို တင်းတင်းဆုပ်လိုက်တယ်။ အခွင့်အရေးဆိုတာ နှစ်ခါမလာဘူးမလား။ အကြောင်းကြောင်းကြောင့် ကိုနဲ့သူမကြား လပ်သွားခဲ့တဲ့ ကွက်လပ်တွေကို ခရစ်စမတ်စ်မှာ အကုန်ပြန်ဖြည့်ရမယ်။
• ⛄•
" ဂျီအာအွန်နီး~ "
" သမီး ရောက်လာပြီလား၊ လာ... ထိုင်လေ "
ဂျီအာ ရှီအာ့ဘေးက လွတ်နေတဲ့ခုံဆီ ၀င်ထိုင်လိုက်တယ်။ မျက်စောင်းထိုး ထိုင်ခုံမှ ရှီအာ့အမေကတော့ သူမရောက်လာသည်ကို အသိမှတ်ပြုရုံသာ အပြုံးနဲ့ အသံတိတ်နှုတ်ဆက်သည်။
စားသောက်ဆိုင်ထဲက တခြားသူတွေအမြင်မှာတော့ သူမတို့ဟာ နေ့လည်စာလာစားကြတဲ့ ပုံမှန်မိသားစုတစ်စုနဲ့ တူနေလိမ့်မည်။ သာမန်ရက်တွေသာဆို ဒီလိုမိသားစုပွဲကို သူမငြင်းမိမယ်ဆိုပေမဲ့ ဒီနေ့က ခရစ်စမတ်မရောက်ခင် နှစ်ရက်အလိုဖြစ်နေတာမို့ သူမအလုပ်ကနေ တကူးတက နေ့တစ်၀က်ခွင့်ယူခဲ့ကာ ဒီကို အတူထမင်းစားဖို့ လာခဲ့ရခြင်းဖြစ်သည်။
" တအား နောက်ကျသွားလား "
" မကျဘူးရယ်၊ ဒို့တွေလည်း ခုနကမှရောက်တာ၊ မင်း ဘာစားချင်လဲ၊ မှာလိုက်လေ "
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Fanfictionကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...