The whole chapter will be from Jia's POV.
" တီလေး, ဒီဖက်မှာ "
express carပေါ်မှ ဆင်းလာတဲ့ ခရီးသည်လူအုပ်ကြီးထဲက အဒေါ် မီယောင်းဆီသို့ ဂျီအာ လက်မြင့်မြင့်မြှောက်ယမ်းပြလိုက်သည်။ ဆိုင်းမဆင့်ဗုံမဆင့်နဲ့ "ဝယ်စရာရှိလို့" ဆိုကာ ဖုန်းတစ်ချက်ဆက်ပြီး ဆိုးလ်တက်လာတဲ့ ဒေါ်လေးမီယောင်းကို ဂျင်းဂျူနဲ့အတူ ကားဂိတ်မှာ လာစောင့်နေခြင်းပင်။
အဝေးက လှမ်းကြည့်လိုက်တော့ လက်ထဲမှာလည်း အထုတ်အထည်တွေနဲ့။ သေချာပေါက် အဲ့အထဲမှာ ဂျီအာတို့ တစ်လလောက် ဒူးနှန့်စားလို့ ရနိုင်တဲ့ ဂင်မ်ချီဖြစ်ဖြစ်၊ အရန်ဟင်းတွေဖြစ်ဖြစ် ပါနေမှာ ကျိန်းသေပင်။ တီလေးဆီ သူမတို့နှစ်ယောက်အပြေးကလေးသွားလိုက်ပြီး အိတ်တွေကူသယ်ပေးလိုက်တယ်။
" ဪ.... ဂျင်းဂျူကော လာကြိုတာပေါ့ "
" လာကြိုရမှာပေါ့၊ ဒို့အမကြီးမီယောင်းကို၊ ဂျီအာယား၊ နင့်အဒေါ်ကိုကြည့်လိုက်ပါအုံး၊ တခါဆိုးလ်တက်လာတိုင်း ပိုပိုချောလာသလိုဘဲ "
ပလီပလာဂျင်းဂျူမက ဘူဆန်ဆာထူရီသံနဲ့ ချွဲနွဲ့နေတော့သည်။အမှန်တော့ ဒီနေ့က တနင်္ဂနွေနေ့၊ ကျောင်းပိတ်ရက်ဖြစ်တာမို့ အဆောင်မှာအားယားနေမဲ့အတူ နင့်အဒေါ်ကို ငါလဲလိုက်ကြိုမယ်ဆိုပြီး လိုက်လာခဲ့တာပင်။
" အဟားဟား ဂျင်းဂျူလေးကိုတော့ ဘယ်သူမှ မနိုင်ပါဖူး "
ဂျင်းဂျူကို ဖက်လိုက်ယက်လိုက်၊ တဟားဟားနဲ့ ရီလိုက်လုပ်နေတဲ့ တီလေး။ အရင်နေ့ရက်တွေများက နက်မှောင်ထူထဲလှပါတယ်ဆိုတဲ့ တီလေးရဲ့ဆံပင်ရှည်ရှည်တွေကလည်းအခုတော့ ပါးပါးကောက်ကောက်ဆံသားတိုလေးတွေအဖြစ် ဂုတ်ထက်ပေါ်တွင် အစားထိုးနေရာယူလို့။ သိုးမွေးအနွေးထည်အပေါ်ဝတ်နဲ့ လည်ပင်းမှာပတ်ထားတဲ့ ပန်းပွင့်အကွက်ရိုက် ပုဝါပါးတစ်ထည်ကြောင့် တီလေးမှာ အဘွားလေးပေါက်စလိုဖြစ်နေသည်။
ဂျီအာTaxiငှားပြီးသည်အထိ သူတို့နှစ်ယောက်က စကားပြောမရပ်ကြသေး။
" ဂျင်းဂျူ စေ့စပ်ပြီးပြီဆို "
" အဟီး၊ ဟုတ်တယ် ဒေါ်လေး "
YOU ARE READING
-Above The Horizon- ᵂᵃˢᵗᵉᶦᵗᴼⁿᴹᵉ
Fanficကိုဟာ သူမအတွက်တော့ ချစ်ခြင်းမေတ္တာရဲ့တည်ရှိမှုကို အကောင်အထည်ပြခဲ့တဲ့သူ။ လူကို နူးညံ့နွေးထွေးစေခြင်း၊ ပူလောင်နွမ်းလျစေခြင်း၊ နာကျင်ထိခိုက်စေခြင်း စတဲ့ အချစ်ရဲ့အရသာမှန်သမျှကိုလည်း သူမခံစားမိအောင် သင်ကြားပေးနိုင်ခဲ့သူ။ သူမရဲ့အရာအားလုံးနဲ့ သူမရဲ့အနာဂတ်ဖ...