အခန်းတံခါးကိုဖွင့်ဝင်လိုက်ကာကြမ်းပြင်ပေါ်မှာထိုင်ကာတက်မတက်ချက်မတက်ငိုနေတဲ့သူငယ်ချင်းကိုတင်းတင်းကြပ်ကြပ်ဖက်ထားမိသည်။ဘယ်လိုအကြောင်းတွေဖြစ်ခဲ့လို့လမ်းခွဲလိုက်ရတာလဲ။ပုံမှန်ဆိုဒီhyungကိုသူသဘောမတွေ့တာမို့လမ်းခွဲစေချင်ခဲ့ပေမဲ့သေလောက်အောင်သဘောကျနေတဲ့ဒီသူငယ်ချင်းကြောင့်ဘာမှမပြောသာပဲမျက်စိမှိတ်နေခဲ့တာ။သူငယ်ချင်းနာကျင်နေတာတွေမြင်ပေမဲ့မမြင်ချင်ယောင်ဆောင်ပေးခဲ့တာ။
ဒီနေ့သူတို့အတွဲanni dayဖြစ်တာကြောင့်
ကျွန်တော်တို့ရဲ့တိုက်ခန်းမှာပဲanniလုပ်မယ်ဆိုကာ
ဒီတစ်ညတော့Felixရဲ့အိမ်မှာခဏသွားနေပေးဖို့ကိုအားနာပြုံးလေးနဲ့တောင်းဆိုနေခဲ့သည်။
ထမင်းဟင်းတောင်မချက်တတ်တဲ့သူကanni cake ကိုကိုယ်တိုင်ဖုတ်မယ်ဆိုကာ online က cake လုပ်နည်း video တွေကိုကြိုးကြိုးစားစားကြည့်နေ
ခဲ့ပြီးတပြုံးပြုံးတပျော်ပျော်ဖြစ်နေခဲ့တာမို့သူရှောင်နေပေးခဲ့သည်လေ။"ဒီနေ့တော့ hyung ကသေချာပေါက်လာမယ်လို့
ကတိပေးထားတယ်ကွ"အူးမြူးနေတဲ့သူငယ်ချင်းရဲ့ခပ်ရွှင်ရွှင်စကားကိုနားထဲပြန်ကြားမိတော့ဒီတစ်ကြိမ်ကတော့minho hyungရောက်မလာ၍ငိုခြင်းမဖြစ်နိုင်။ပြီးတော့လမ်းခွဲခဲ့သည်တဲ့။minho hyungကဘယ်လောက်ပဲ
သူ့ကိုဂရုမစိုက်ပါစေခဏသာဝမ်းနည်းတတ်ပြီး၊
အချိန်တန်ရင်ဟိုကတောင်ကြီးကြီးမားမားမချော့ရပါပဲအမှတ်မရှိစွာအဲ့hyungရှေ့ပဲပြန်ရောက်တတ်သည်ပဲလေ။"သူဘယ်လိုများငါတို့ Anni day မှာမိန်းမတစ်ယောက်နဲ့အိပ်နေနိုင်ရတာလဲ"
". .."
"ငါ ငါသူ့ကိုသေမတတ်မျှော်နေမှာကိုသူသိရက်နဲ့"
ရှိုက်ကာရှိုက်ကာငိုရင်းကျွန်တော့်အင်္ကျီစကိုဆွဲကာအားပြုရင်းဆိုလာသည်။
"မေ့လိုက် jisungie မင်းဘေးမှာငါတစ်ယောက်လုံးရှိနေတယ်"
ရှိသမျှအားကုန်သုံးကာပိုတိုးလို့ဖက်ထားရင်းအထပ်ထပ်ပြောမိသည်။နာသွားမလားစိုးရိမ်မိပေမဲ့သူ့ဘေးမှာကျွန်တော်ရှိနေတာကိုသိစေချင်သည်။
သူတို့နှစ်ယောက်လမ်းခွဲခြင်းကိုတားဖို့်တော့မလုပ်ချင်ပါ။သူငယ်ချင်းကိုဒီထပ်ပိုလို့မနာကျင်စေချင်တော့တာမို့။
YOU ARE READING
Return !Minsung!
Fanfiction"ကျွန်တော့်ဘက်ကစခဲ့တာမို့လို့ ကျွန်တော်ပဲပြန်အဆုံးသတ်ပေးမယ်" "မင်းကိုနောင်တမရဖို့ပြောခဲ့ပေမယ့် ငါကပဲမင်းရှေ့မှာအပြိုပြိုအလဲလဲ"