ဆူညံစွာမြည်လာသောဘဲလ်တီးသံဟာ ကျောင်းသားကျောင်းသူတွေအတွက်စိတ်အနှောက်အယှက်နည်းနည်းလေးမှမပေး။ နားဝင်ချိုတဲ့တေးသံသာတစ်ခုကိုကြားလိုက်ရသလို ပြုံးရွှင်သွားရခြင်းက နေ့ခင်း ၁၂မှာတီးတဲ့ဘဲလ်သံဖြစ်သောကြောင့်ပင်။ စာသင်နေတဲ့ဆရာမကလဲနားလည်စွာ သင်လက်စမပြီးပျက်သေးသော်လည်း နောက်ရက်မှဆက်သင်မည်ဖြစ်ကြောင်းပြောကာ အတန်းထဲမှထွက်ခွာသွားသည်။
"ဗိုက်ဆာနေတာသေတော့မလိုပဲ"
"ဘာသွားစားကြမလဲ"
"ဘောလုံးအရင်သွားကန်ကြရအောင်ကွာ"
ကျွတ်စီကျွတ်စီဖြင့်ဆူညံနေတဲ့အတန်းထဲ Jisung တို့အဖွဲ့လဲအပါအဝင်။
"ထမင်းသွားစားကြမယ်လေကွာ ဗိုက်ဆာနေပြီ"
Hyunjin က စာဆက်ရေးနေဆဲ Seungmin ကိုရည်ရွယ်ကာပြောသည်။ မျက်နှာကလဲရှုံ့မဲ့စွာဖြင့် သူဗိုက်ဆာနေသည်ကို Seungmin ကစာရေးမပျက်သဖြင့်မကျေနပ်နေဟန်။
"Jisungie သွားကြရအောင်ကွာ"
Seungmin ဟာအဖက်မလုပ်လေတော့ ခုံမှထကာ Jisung လက်ကိုဆွဲပြီးသွားရန်ပြင်နေသည်မို့..
"Seungmin သွားကြမယ်ကွာ အချိန်ကုန်သွားရင်အကုန်လုံးငတ်နေမယ်ဟ"
"ဟုတ်တယ် Canteen မှာလဲလူပြည့်သွားအုံးမယ်"
Felix ကပါ ဝင်၍ထောက်လေတော့မှ
"အေးပါကွာ"
Seungmin ရေးလက်စစာအုပ်ကိုပိတ်ကာ ပစ္စည်းတွေသိမ်းနေသည်။ ထို့နောက်လေးယောက်သား အတန်းထဲမှထွက်လာခဲ့လိုက်ကြသည်။
Canteen ဘက်ထွက်ခဲ့ကြလေတော့ Jisung တို့ထိုင်နေကြဝိုင်းလေးမှာလူမရှိသေး။ ဝင်၍ထိုင်လိုက်ကာ Menu ကဒ်ကိုဆွဲလိုက်ပေမဲ့ သစ္စာမရှိသည့်မျက်ဝန်းတွေက Jisung ရဲ့မျက်စောင်းထိုးမှစားပွဲဝိုင်းကိုလှမ်းကာကြည့်မိသည်။
ထုံးစံပါပဲ ထိုလူ။ ကျောင်းဖွင့်ရက်တိုင်းနေ့စဥ်ရက်ဆက်ရောက်လာခဲ့ပါသော်လည်း မူပိုင်ညို့မျက်ဝန်းတွေက Jisung ဆီတစ်ချက်မှဝေ့ဝဲမလာခဲ့တဲ့သူ။ လမ်းခွဲပြီးတဲ့နောက်ပိုင်း ကျောင်းမှာတွေ့ဆုံရခြင်းက ရက်သတပတ် ၄ပတ်ခန့်ကြာမြင့်ပြီမို့ ကျောင်းရဲ့ Queen နဲ့တွဲနေခြင်းမှာလည်း ၁လခန့်မှရှိလေရောပေါ့။ ဘယ်မိန်းကလေးနဲ့မဆိုကြာရှည်စွာမတွဲတဲ့သူက Queen ဖြစ်သူ Minjeong နဲ့တော့ မြဲမြံနေတာမို့ အံသြတာထက်ပိုကာ နာကျင်ရသည်။ ဝဠ်လည်စေဖို့တော့မဆုတောင်းပေမဲ့ ထိုလူကတစ်ကယ်ချစ်တဲ့သူနဲ့တွေ့ဆုံရတော့လဲ Jisung ခံစားခဲ့ရခြင်းရဲ့ ဝဠ်တွေက ထိုလူ့ဆီသက်ရောက်မှုနဲနဲလေးမှမရှိ။
YOU ARE READING
Return !Minsung!
Fanfiction"ကျွန်တော့်ဘက်ကစခဲ့တာမို့လို့ ကျွန်တော်ပဲပြန်အဆုံးသတ်ပေးမယ်" "မင်းကိုနောင်တမရဖို့ပြောခဲ့ပေမယ့် ငါကပဲမင်းရှေ့မှာအပြိုပြိုအလဲလဲ"