Just For Fun😽

98 12 1
                                    

ပြတင်းပေါက်မှတိုးဝင်လာတဲ့ နေရောင်ခြည်နွေးနွေးကြောင့် မျက်လုံးနှစ်လုံးဟာအလိုအလျောက်ပွင့်လာမိသည်။ ဘေးခုံမှာတင်ထားတဲ့ ဖုန်းကိုဆွဲယူရင်း နာရီကြည့်မိတော့ နံနက် ၇နာရီအတိ။  ညက အိုတီပီမွှန်နေတာကြောင့် ချောက်နက်နေတဲ့မျက်တွင်းနဲ့ ခေါင်းစုတ်ဖွားပုံစံက ဖုန်း screen ပေါ်တွင်အတိုင်းသားပေါ်လာတာမို့ မျက်နှာသစ်ဖို့ပြင်ရသည်။

"နိုးနေရင်လဲထ ပြီးရင်ပန်းကန်လာဆေး"

မာတာမိခင်ရဲ့ ကျေးဇူးကြွေးများကို ပန်းကန်ဆေးခြင်း အဝတ်လျှော်ခြင်း တံမြက်စည်းလှည်းခြင်း အမှုများဖြင့် စင်ဒရဲလားဆန်စွာ ဆပ်ပြီးသည့်နောက်မှာတော့ ကော်ဖီတစ်ခွက်ဖျော်ရင်း နေ့တစ်နေ့တာကို စတင်လိုက်သည်။

"ငါ့ရဲ့အဖိုးတန်တနင်္ဂနွေနေ့လေး ဟီး..ဟိ"

တစ်ပတ်လုံးကို အလောင်ပေါင်းတစ်သိန်းဖြင့် ဖြတ်သန်းပြီးတဲ့နောက်မှာ ရောက်ရှိလာတဲ့အဖိုးတန်နေ့ကလေးအား တန်ဖိုးရှိစွာ ကုန်ဆုံးဖို့ရန်တွေးတောနေမိသည်။

'ကတောင်'

ဟိုနေ့ကသွားကြူးထားတဲ့ အဆင်လေးဆီက reply များလာလေသလားဟု အတွေးဖြင့် ဝမ်းသာအားရ messenger ထဲဝင်မိလေတော့..

-ဒီနေ့ပိတ်ရက်ကိုမှ update မပေးရင် နောက်နေ့ အသက်နဲ့ခန္တာမြဲမယ်မထင်နဲ့။

-ရှင်အတင်းတုတ်ထားတာတွေ screen shot အကုန်ရှိတယ်။ တစ်ဘဝလုံးစာ ချီးကားမမိချင်ရင် ဒီနေ့အပြီး update ပေး။

seen ပြလိုက်မိပြီးပြီဖြစ်တာကြောင့် တံတွေးတစ်ချက်သာ ခပ်နိုင်နိုင်မြိုချရသည်။ chat ထဲမွ တစ်ဖက်လူရဲ့ typing အစက်ကလေးသုံးစက် မပျောက်ခင်၊ နောက်ထပ်စာရောက်မလာခင်လေး

"ဒီနေ့ up ပေးမယ်နော်။ ချစ်တယ် အာဘွား😁"
ဟု အမြန်ပို့ကာ line out လိုက်သည်။

ကြောက်ဖို့ကောင်းတဲ့ message ကြောင့် ရင်ဘတ်ကို ဖိထားရင်းမှ သက်ပြင်းလေးလေးသာ ချမိသည်။ လွန်ခဲ့တဲ့နှစ်လလောက်က up ပေးထားပြီးပြီကို reader လေးမှာကျေနပ်ပုံမရပေ။ ထို reader လေး update လာတောင်းကာစ အချိန်များကို ပြန်ကာတွေးမိလေတော့...

You've reached the end of published parts.

⏰ Last updated: Nov 03 ⏰

Add this story to your Library to get notified about new parts!

Return !Minsung!Where stories live. Discover now