Flash Back
Jisung ကျောင်းရှေ့ကပန်းတွေလှိုင်လှိုင်ပွင့်နေတဲ့အပင်ကြီးအောက်ရပ်နေမိသည်မှာအတော်ပင်ကြာနေလေပြီ။ Hyung နဲ့မနက်ကဖုန်းပြောဖြစ်ကြရာတွင် ညနေကျောင်းလာကြိုကာ ထမင်းလိုက်ကျွေးမယ်ဆိုသည့် Hyung ရဲ့ချိန်းဆိုမှုကြောင့် တစ်နေ့လုံး စာသင်ခန်းတွင်အာရုံမစိုက်နိုင်ပဲအူမြူးခဲ့ရသည်။ ဆရာမတွေသင်ကြားသမျှစာတွေကိုနားမထောင်ဘဲ အတန်းချိန်တွေအမြန်ပြီးပါစေရယ်လို့သာ တိတ်တဆိတ်ဆုတောင်းနေမိတော့ Seungmin ရဲ့ ခပ်နာနာမျက်စောင်းလေးကိုလက်ခံလိုက်ရသေး။
"Ya Han Jisung"
"အွန် Seungminnie! မင်းတောင်ကျောင်းဆင်းလာပြီလား"
Seungmin က Jisung ရဲ့အမေးကိုချက်ချင်းပြန်မဖြေဘဲအနားကိုဝေ့ဝဲကြည့်ကာ
"အင်း Minho hyung မလာသေးဘူးလား"
"အင်း...... ဒါမဲ့ငါဖုန်းဆက်တော့သူခဏနေရောက်တော့မယ်ပြောတယ်"
အကြာကြီးစောင့်နေတာမို့ Seungmin ဆီကအဆူမခံရခင် ဖြေရှင်းချက်မြန်မြန်ပေးမိတော့ မျက်မှောင်ကြုံ့သွားရုံကလွဲဘာမှမပြော။
"ငါပါအတူစောင့်ပေးမယ်"
သက်ပြင်းတစ်ချက်ချကာပြောလာရင်း Seungmin က Jisung ဘေးလာရပ်သည်။
"ရပါတယ် Seungmin ရာ။ မင်း club အတွက်ပြင်ဆင်ရင်းပင်ပန်းနေမှာပဲကို သွား မြန်မြန်ပြန်နားတော့"
"ရပါတယ် ငါ.."
"သွားပါ Seungmin ရာ။ Hyung လဲခဏနေလာတော့မှာ။ ပြီးတော့ငါ့ကိုထမင်းစားမစောင့်နဲ့နော် ငါ Hyung နဲ့စားလာမှာ"
အဓွန့်တက်ချင်နေတဲ့ Seungmin ကို Jisung အတင်းတွန်းထုတ်နေတာကြောင့် Seungmin စိတ်မချပေမဲ့ ထပ်မငြင်းတော့ပဲ ပြန်ဖို့သာလုပ်ရသည်။ Club အတွက်လေ့ကျင့်စရာတချို့လဲရှိသေးတာမို့ အိမ်ပြန်နောက်ကျလို့မဖြစ်။
"အင်းပါ အဲ့တာဆိုငါစိတ်ချမယ်နော်။ သွားပြီ"
"အင်း bye bye"
လက်ပြရင်းလှည့်ပြန်သွားတဲ့ Seungmin ကိုပြုံးကာနှုတ်ဆက်ရင်း Hyung ကိုဆက်စောင့်နေလိုက်သည်။ နာရီကိုကြည့်လိုက်တော့ စောင့်နေတာတစ်နာရီနီးပါးလောက်ရှိပြီမို့ Hyung ရောက်တော့မည်ထင်သည်။
YOU ARE READING
Return !Minsung!
Fanfiction"ကျွန်တော့်ဘက်ကစခဲ့တာမို့လို့ ကျွန်တော်ပဲပြန်အဆုံးသတ်ပေးမယ်" "မင်းကိုနောင်တမရဖို့ပြောခဲ့ပေမယ့် ငါကပဲမင်းရှေ့မှာအပြိုပြိုအလဲလဲ"