Minho နေ့လည်ထမင်းစားချိန်ကို တစ်ယောက်သောသူရှိရာဆီသွားဖို့ရှိတာကြောင့် တစ်မနက်လုံးအလုပ်ကိုအသည်းအသန်လုပ်နေခဲ့ရသည်။
"ဆရာ နေ့လည် meeting ရှိပါတယ်"
အချိန်နာရီလက်တံက 11:45AM ကိုညွှန်ပြချိန်မှာတော့အပေါ်ဝတ်ကိုဆွဲယူကာ ရုံးခန်းထဲမှထွက်ရန်ပြင်လိုက်ပေမဲ့ တားဆီးလာတဲ့အတွင်းရေးမှူးရဲ့စကားကြောင့်..
"ကျွန်တော်နေ့လည်ဘက်ကို ဘာအလုပ်မှလက်မခံထားရဘူးလို့မှာထားတယ်လေ"
"ဟုတ်ပါတယ်ဆရာ ဒါပေမဲ့တစ်ဖက်ကနိုင်ငံခြားကရင်းနှီးမြှုပ်နှံသူတွေမို့ သူတို့ချိန်းတဲ့အချိန်ကိုညှိနှိုင်းဖို့မဖြစ်နိုင်လို့ပါ"
"ကျစ်"
စိတ်ပျက်စွာဖြင့်စုတ်သက်လိုက်မိတယ်။ ဒီလိုဆိုဒီနေ့အဖို့ တွေ့ချင်နေမိတဲ့မျက်နှာလေးကိုမြင်တွေ့ဖို့ရာမဖြစ်နိုင်တော့..
"ရပြီ သွားတော့"
Minho ရဲ့စကားနောက် အတွင်းရေးမှူးမလေးဟာ ဦးညွှတ်လို့ထွက်သွားခဲ့သည်။
Minho အလုပ်စားပွဲရှိရာဆီပြန်ထိုင်လိုက်ကာ ခေါင်းကိုခုံရဲ့နောက်မှီပေါ် မှီပြစ်လိုက်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။ စိတ်အစုံကိုအနားယူနေတိုင်းပေါ်လာတဲ့အတွေးထဲကပုံရိပ်လေး....
သူနဲ့လမ်းခွဲပြီးတဲ့နောက် Minho ရဲ့စိတ်အစုံကအရင်လမ်းခွဲခြင်းတွေတုန်းကလိုပေါ့ပါးမနေ။ တစ်ဦးတည်းသော ယောကျာ်းလေးချစ်သူဖြစ်ခဲ့တာမို့ အထွေအထူးဂရုမစိုက်နေမိခဲ့တာ။ 'ထားမသွားဘူး Hyung ကိုအရမ်းချစ်တယ်' ဆိုတဲ့စကားတွေကြောင့် မယုံနိုင်လောက်အောင် Minho ပြုံးနေခဲ့ဖူးတယ်။ ဝမ်းနည်းနေတဲ့အခါတိုင်း စိတ်ဆိုးပြေတဲ့အထိချော့ချင်ပေမဲ့ မကျွမ်းကျင်တဲ့အပိုင်းမို့ သူကြိုက်တဲ့မုန့်လေးနဲ့ပဲချော့ခဲ့မိခြင်းဟာ သူ့ကိုအလေးမထားရာရောက်ခဲ့ပါသည်တဲ့။
သူမေးခဲ့တယ်။ Anni day မှာတောင်အခြားမိန်းမတစ်ဦးနဲ့အိပ်နေနိုင်သလားတဲ့။ ဘယ်အိပ်နေနိုင်ပါ့မလဲ။ Minho ဆေးခတ်ခြင်းခံခဲ့ရတာ။ ပိုင်ဆိုင်မှုတွေကိုငမ်းငမ်းတက်လိုချင်နေတဲ့ထိုမိန်းမဟာ Minho အပေါ်မကောင်းကြံစည်ခဲ့တာ။ ဒါတွေသူသိအောင်ရှင်းပြဖို့ကြိုးစားပေမဲ့ 'လမ်းခွဲရအောင်' ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့ ရင်ကိုဆီးလို့စောင့်ကန်ပြစ်ခဲ့တယ်။ ထားမသွားဘူးဆိုတဲ့ ကတိစကားအထပ်ထပ်ကိုကြားယောင်လာချိန်မှာတော့ အဲ့ကလေးကို Minho အော်ပြစ်ခဲ့တယ် 'နောင်တမရနဲ့' လို့။
YOU ARE READING
Return !Minsung!
Fanfiction"ကျွန်တော့်ဘက်ကစခဲ့တာမို့လို့ ကျွန်တော်ပဲပြန်အဆုံးသတ်ပေးမယ်" "မင်းကိုနောင်တမရဖို့ပြောခဲ့ပေမယ့် ငါကပဲမင်းရှေ့မှာအပြိုပြိုအလဲလဲ"