ကျောင်းခေါင်းလောင်းသံကြားမိသော်ငြား Jisung ထိုင်နေရာမှထရန် စိတ်ကူးမရှိ။ ထမင်းလဲ စားချင်စိတ်မရှိတာကြောင့် စာအုပ်များပင် သိမ်းမနေတော့ပဲ စားပွဲပေါ်တွင် ခေါင်းမှောက်ကာ အိပ်နေလိုက်သည်။
"Jisung ထမင်းမစားတော့ဘူးလား"
ပုခုံးတစ်ဖက်ကိုလာပုတ်ကာ Felix က ကန်တင်းသွားဖို့လာခေါ်နေတာမို့...
"အာ..အင်း ငါစားချင်စိတ်မရှိလို့ Lix"
"ဟင် နေမကောင်းဘူးလား"
Jisung ရဲ့နှဖူးပေါ် သူ့ရဲ့လက်ကို မှောက်လိုက်လှန်လိုက်ဖြင့် အပူချိန်စမ်းကြည့်ပြီးနောက်
"အဖျားတော့မရှိပါဘူး"
"မဟုတ်ပါဘူး ငါမနက်စာစားတာ များသွားလို့ ဗိုက်မဆာသေးလို့ပါ"
ခေါ်မရသည့် Jisung အားလက်လျှော့ကာ Seungmin ဘက်လှည့်သွားပြန်သည်။
"Seungmin မင်း ကရော ဘာဖြစ်နေတာလဲ"
ဘေးက Seungmin အား လှည့်ကြည့်မိတော့ သူလဲ Jisung နည်းတူ ငိုင်နေခြင်းအား သတိထားမိသည်။
"ဘာမှမဖြစ်ပါဘူး Lix"
ဘာမှမဖြစ်ပါဘူးသာဆိုတာ မျက်လုံးက Lix ဆီမှာ မရှိ။ ကျောင်းပြတင်းပေါက်ကိုသာ မှိုင်တွေတွေဖြင့် ငေးနေတာကြောင့် Felix ဟာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်
"နေပါအုံး Hwang Hyunjin ကရော ဘာလို့ကျောင်းမလာတာလဲ။ ဒီနေ့နဲ့ဆို သုံးရက်တောင်ရှိနေပြီလေ"
Felix ပြောကာမှ Jisung သတိရမိသည်မှာ Hyunjin သူ့အား Seungminnie နဲ့ပတ်သတ်သမျှဝန်ခံပြီးတဲ့နောက်၊ Seungmin ကလဲ Jisung အားဝန်ခံပြီးတဲ့ နောက်ရက်ပိုင်းတွင်တော့ ကာယကံရှင်နှစ်ယောက်လုံး ကျောင်းလာတက်ကြသည်။
သို့သော်ငြား Music Club ကိစ္စများနှင့် ရှုပ်နေခဲ့သော Seungmin မှာ ယခုအချိန်ထိ Hyunjin နှင့်မျက်နှာချင်းမဆိုင်ရသေး။ Seungmin အတန်းလာတက်တဲ့အချိန်တွင် တိုက်ဆိုင်စွာ Hyunjin ဟာ ကျောင်းမလာတော့ပေ။ ဒီနေ့နဲ့ဆိုလျှင် သုံးရက်မြောက်ဖြစ်နေလေပြီ။
"အဲ့တာထက် ဗလကြီးနဲ့ Changbin hyung ကရော ဘယ်ရောက်နေတာလဲလို့ ငါငိုချင်လာပြီ။"
YOU ARE READING
Return !Minsung!
Fanfiction"ကျွန်တော့်ဘက်ကစခဲ့တာမို့လို့ ကျွန်တော်ပဲပြန်အဆုံးသတ်ပေးမယ်" "မင်းကိုနောင်တမရဖို့ပြောခဲ့ပေမယ့် ငါကပဲမင်းရှေ့မှာအပြိုပြိုအလဲလဲ"