Part 12(uni)

426 60 22
                                    

Seungmin နှင့် Jisung တို့နှစ်ယောက်သား ကျောင်းသို့သွားရန်တိုက်ခန်းမှ အတူတူထွက်လာခဲ့ကြသည်။ ဒီတစ်ပတ်ပိတ်ရက်ကို Seungmin ကမိဘအိမ်ပြန်မည်ဟု ပြောထားတာကြောင့် လက်ဆောင်အချို့ထည့်ပေးရန်အတွက်လည်း Jisung စဥ်းစားနေမိသည်။

"Jisungie မင်းအရင်သွားနှင့်လိုက်တော့"

"ဟင်ဘာလို့လဲ Seungmin"

Jisung မေးလိုက်တော့ လက်ထဲမှဖုန်းကို အိတ်ကပ်ထဲပြန်ထည့်ရင်း Seungmin ကရှင်းပြလာသည်။

"Lix ကငါ့ဆီ message ပို့လာတယ်။ သူ့ဆီကိုလာကြိုပေးပါတဲ့။ အတန်းအတွက်လိုအပ်တဲ့ စာအုပ်အချို့ဝယ်ချင်လို့တဲ့။"

"အာ...ဟုတ်လား။ အဲ့တာဆိုလဲသွားလေ ငါအတန်းချိန်တက်ထားနှင့်လိုက်မယ်နော်။"

"အင်း Jisung။ ပြီးမှမင်းဆီကစာပြန်ကူးတော့မယ်။ ငါသွားပြီ"

Seungminnie နဲ့ နှုတ်ဆက်ပြီးတဲ့နောက်မှာ Jisung ကျောင်းကိုတစ်ယောက်ထဲထွက်လာခဲ့လိုက်သည်။

မကြုံချင်ပါဘူးဆိုကာမှပင် ရေစက်ကပို၍တိုးလာသလို ခဏတိုင်းတွေ့နေရတဲ့ထိုလူ။ Minjeong ရဲ့စကားသံအချို့ကြောင့် အလုပ်ကိစ္စနဲ့ နယ်ဘက်ဆီခရီးထွက်သွားခြင်းဖြစ်ကြောင်း နားစွန်နဖျားကြားသိရပေမဲ့ Jisung နဲ့သက်ဆိုင်သည့်ကိစ္စမဟုတ်။ တစ်ပတ်လောက်စုံးစုံးမြုပ်သလို ပျောက်သွားပြီးနောက်မှာတော့ အခုကျောင်းရှေ့မှာထပ်တွေ့ရပြန်ပြီ။ သူ့ချစ်သူမိန်းကလေးဆီလာတွေ့တယ်ထင်ပါရဲ့ ...တည်တံ့နေပေမဲ့ နွမ်းလျနေတဲ့မျက်နှာက ခရီးပန်းနေခြင်းကိုပေါ်လွင်စေလျှက်။ Kim Minjeong ကိုအဲ့ဒီလောက်တောင်ပဲ သဘောကျရတယ်တဲ့လား။

Jisung သတိမထားလိုက်မိပဲ ငေးကြည့်နေခြင်းမှသည် ထိုလူရဲ့မျက်ဝန်းနဲ့ ဆုံလိုက်ချိန်မှာတော့ ချက်ချင်းအကြည့်လွှဲကာ ကျောင်းထဲသို့ဝင်ဖို့ပြင်ရသည်။

"Han Jisung"

Jisung နားကြားမှားသည်ထင်သည်။ သူ့ချစ်သူဆီလာတွေ့တဲ့သူတစ်​ယောက်က Jisung အမည်ကိုခေါ်စရာအကြောင်းအရင်းမရှိ။

"​ဟေ့ မင်းကိုခေါ်နေတယ်လေ"

ဆွဲကိုင်ခြင်းခံလိုက်ရပြန်တဲ့ Jisung ရဲ့ လက်တစ်ဖက်။ အကြိမ်ကြိမ်အခါခါ ဆုပ်ကိုင်ခံရဖူးတာကြောင့် ထိုလူရဲ့အငွေ့အသက်တချို့တောင် စွဲကျန်နေလောက်ပြီထင်ရဲ့။

Return !Minsung!Where stories live. Discover now