ကျောင်းခေါင်းလောင်းထိုးသံနဲ့အတူ အတန်းထဲကိုဝင်လာတဲ့ Felix ဟာမှုန်ကုပ်ကုပ်လေးဖြင့်။ အမြဲတမ်းပြာယာခတ်နေတတ်တဲ့သူဟာ ခုတော့အတွေးလွင့်နေပုံဖြင့် ထိုင်ခုံမှာငြိမ်သက်စွာဝင်ထိုင်သည်။ ဆွန်းမင်ဆီကမနက်စာကိုလဲယူစားဖို့သတိရဟန်မတူ။
"Lix"
"ya Felix"
"ဟမ် ဟမ်"
Jisung ခေါ်သံကိုချက်ချင်းမကြားတာကြောင့် ပခုံးတစ်ဖက်ကိုကိုင်လှုပ်လိုက်တော့မှ ပြူးပြူးပြာပြာဖြင့်လှည့်ကြည့်လာသည်။
"ဘာဖြစ်နေတာလဲ"
"ဟင် ဘယ်သူလဲ"
"မင်းကိုပြောနေတာ Lix။ မင်းနေမကောင်းဘူးလား"
Jisung မေးတာကိုနားမလည်သလိုအူကြောင်ကြောင်လေးဖြစ်နေတာမို့ Seungmin ကစကားဝင်ထောက်မေးသည်။
"မဟုတ်ပါဘူး ငါ...မနေ့ညကဂိမ်းဆော့ရင်းအိပ်တာနောက်ကျသွားလို့"
Felix ရဲ့အဖြေကို Jisung တို့နှစ်ယောက်မကျေနပ်နိုင်။ အမြဲတမ်းဂိမ်းဆော့ရင်းအိပ်ရေးပျက်နေကြသူက ခုမှထူးထူးဆန်းဆန်းတွေငြိမ်နေတာမို့ ထပ်မေးရန်ပြင်လိုက်ပေမဲ့ ဆရာမဝင်လာတာကြောင့် ရှေ့သို့သာပြန်အာရုံစိုက်ရသည်။
"ဒီနေ့အတန်းထဲကိုကျောင်းသားသစ်တစ်ယောက်ပြောင်းလာတာမို့ မိတ်ဆက်ပေးမယ်နော်"
ဆရာမရဲ့စကားအဆုံး အခန်းထဲဝင်လာတဲ့ကျောင်းသားဟာ ဘေးလွယ်အိတ်အနက်ရောင်လေးလွယ်ကာ ခပ်ပြုံးပြုံးလေးဖြင့်။ ခန့်ညားတဲ့ရုပ်ရည်သွင်ပြင်ကိုပိုင်ဆိုင်ထားမှုကြောင့် အတန်းထဲရှိမိန်းကလေးတွေရဲ့ အာမေဋိတ်သံတွေကခပ်ဆဆထွက်ပေါ်လာသည်။ဆံပင်ခပ်ရှည်ရှည်တွေကိုစည်းနှောင်ထားတဲ့ထိုကျောင်းသားဟာ ဆွဲဆောင်မှုအပိုင်းမှာသူများထက်သာလွန်သည်။ အတန်းသားအားလုံးကိုဝေ့ဝဲကြည့်ကာဦးညွှတ်နေပုံက လိမ္မာယဥ်ကျေးဟန်အပြည့်ဖြင့်။ ဒီပုံအတိုင်းသာဆိုနောက်နှစ်ရဲ့ King ဘယ်သူဆိုတာတောင်မှန်းလို့ရနေပြီမို့ ထိုကျောင်းသားရဲ့ရုပ်ဆင်းသွင်ပြင်ကို Jisung ချီးကျူးမိသည်။
"မဂ်လာပါ Hwang Hyunjin လို့ခေါ်ပါတယ်။ ကျွန်တော့်ကိုဂရုစိုက်ပေးကြပါအုံး"
YOU ARE READING
Return !Minsung!
Fanfiction"ကျွန်တော့်ဘက်ကစခဲ့တာမို့လို့ ကျွန်တော်ပဲပြန်အဆုံးသတ်ပေးမယ်" "မင်းကိုနောင်တမရဖို့ပြောခဲ့ပေမယ့် ငါကပဲမင်းရှေ့မှာအပြိုပြိုအလဲလဲ"