"Changbin အောက်ဆင်းခဲ့ ထမင်းစားမယ်"
အခန်းထဲစာလုပ်နေတုန်းအစ်ကိုဖြစ်သူ Minho ဝင်လာကာ ထမင်းစားရန်လာခေါ်သည်။ ကျောင်းတက်နောက်ကျတာကြောင့် လွတ်သွားခဲ့ရတဲ့ စာများကို Changbin အသည်းအသန်ပြန်လုပ်နေရခြင်း။
"သူများအခန်းထဲဝင်မယ်ဆို တံခါးတော့ခေါက်လေ"
"ခေါက်တော့ရော ငါမှန်းသိတာနဲ့မင်းကဖွင့်ပေးမှာမို့လို့လား"
မကျေမနပ်ဖြင့် Changbin ပြန်ပြောမိတော့ Hyung ဟာပက်ခနဲပြန်ဖြေသည်။
"အဲ့တော့ငါ့ကိုမကျေမနပ်ဖြစ်နေရတဲ့ အကြောင်းပြချက်ကဘာလဲ"
"...."
"Changbin ငါမေးနေတယ်"
"ဘာမှမရှိဘူး"
ပြသနာမတက်ချင်၍ ပြန်မဖြေပဲ စာကိုသာကုန်းရေးနေပေမဲ့ ထပ်မေးလာသည်မို့ တစ်ချက်သာလှည့်ကြည့်ကာ ပြီးစလွယ်ဖြေပေးလိုက်သည်။
"မင်းကိုငါဘာလုပ်မိလို့ ငါ့ကိုမကြည်ကြည့် ကြည့်နေရတာလဲ။ မင်းနိုင်ငံခြားက ပြန်ရောက်လာပြီးကထဲက မူမမှန်ဘူး"
အတတ်နိုင်ဆုံး စိတ်ကိုထိန်းထားနေပေမဲ့ မပြီးဆုံးနိုင်သေးဘဲ လေသံမာကာထပ်မေးလာသည်မို့ သက်ပြင်းတစ်ချက် ပြင်းပြင်းချလိုက်ရင်း..
"ဟုတ်ပြီလေ။ မေးမှတော့လဲပြောရတာပေါ့"
လုပ်လက်စစာအုပ်တချို့ကို ဆောင့်ပိတ်ချလိုက်ရင်း တံခါးဝမှာမှီရပ်နေတဲ့ Hyung ကိုမျက်နှာချင်းဆိုင်လိုက်သည်။
"ကျွန်တော့်ကို Yongbok ရှောင်နေတယ်။ ပြီးတော့ ကျွန်တော့်စိတ်ကိုငြင်းလိုက်တယ်"
Changbin ဖြည်းဖြည်းချင်း ပြောလိုက်ခြင်းမှာ Minho Hyung သူ့ပြသနာကိုနားလည်စေရန်ရည်ရွယ်သည်။
"Felix ကမင်းကိုငြင်းတယ်"
"ဟုတ်တယ်"
Changbin, Felix ကိုသဘောကျနေမှန်း Minho သိသည်။ Minho သာမက အိမ်တစ်အိမ်လုံးသိပြီးသားအကြောင်းအရာပေမို့ ပြသနာအထွေအထူးတော့မရှိ။ ဒါပေမဲ့ Felix ဆိုတဲ့ကောင်ငယ်လေးဘက်မှ Changbin ကိုငြင်းလိုက်သည်ဆိုသော အကြောင်းအရာတွင် Minho နှင့်ဘယ်လိုများပတ်သက်နေသည်လဲ။
YOU ARE READING
Return !Minsung!
Fanfiction"ကျွန်တော့်ဘက်ကစခဲ့တာမို့လို့ ကျွန်တော်ပဲပြန်အဆုံးသတ်ပေးမယ်" "မင်းကိုနောင်တမရဖို့ပြောခဲ့ပေမယ့် ငါကပဲမင်းရှေ့မှာအပြိုပြိုအလဲလဲ"