ရုပ်ရှင်ကြည့်နေရင်း ဗိုက်ဆာလာတာကြောင့် ရေခဲသေတ္တာထဲက မုန့်ထုပ်များယူရန်လာခဲ့ပေမဲ့ ထမင်းစားပွဲပေါ် အရက်ပုလင်းထောင်နေတဲ့ Hyung ကိုတွေ့ရချိန်မှာတော့ Changbin ခေါင်းကုတ်ရတော့သည်။
"Hyung ဘာဖြစ်နေတာလဲ"
Hyung ရဲ့ဘေးခုံမှာဝင်ထိုင်ရင်း စကားစလိုက်တော့..
"အရက်ခွက်ကိုလက်နဲ့ထိဖို့တောင်မကြိုးစားနဲ့ Changbin"
လေးလံနေသော လက်တစ်ဖက်ဖြင့် ရှေ့ကပုလင်းကို သူ့ဘက်ကိုဆွဲယူရင်း Changbin ကို အရက်မသောက်စေရန်အလို့ဌာ ဆူပူသည်။
"မထိပါဘူး Hyung ကလဲ။ Hyung စိတ်ညစ်နေတယ်ထင်လို့ စကားလာပြောပေးတာကို..."
Changbin ရဲ့စကားကိုအဖတ်မလုပ်၊ အရက်ခွက်ကိုသာဆက်တိုက်မော့နေတဲ့ Hyung။
"Jisung ကြောင့်လား"
ပါသွားခဲ့တဲ့ အမည်နာမတစ်ခုရဲ့နောက် ရပ်တန့်သွားတဲ့လက်အစုံ။ မိမိဆီဝေ့ဝဲကာကြည့်လာတဲ့ နာကျင်မှုစွက်တဲ့ အကြည့်တွေက Changbin ရဲ့စကားကိုအပြည့်အဝထောက်ခံနေဟန်။
"ဟင် Hyung။ ဟုတ်လား"
မျက်ခုံးပင့်ကြည့်ကာ အမေးဆတ်လိုက်တော့...
"မင်းမရှည်နဲ့"
ဘောက်ဆတ်ဆတ်ပြန်ဖြေသံနဲ့ လားလားမှမအပ်စပ်တဲ့ မှိုင်းရိပ်သင့်နေတဲ့မျက်ဝန်းတွေ။ အမြဲတမ်း တည်ငြိမ်နေတတ်တဲ့ မျက်ဝန်းတွေက အစရှာမရသလို ကြက်ပျောက်ငှက်ပျောက်။
'မရှည်နဲ့' ဆိုပေမဲ့ စိတ်သာမရှည်တတ်တာ စကားကြောကတော့ရှည်တတ်တဲ့ Changbin အကျင့်ကြောင့်..
"ဘာလို့လမ်းခွဲလိုက်တာလဲ Hyung။ မနေ့ကဒေါသထွက်လို့ Hyung ကိုပြောဆိုမိပေမဲ့ အဲ့ကလေးအပေါ်ထားတဲ့ Hyung ရဲ့စိတ်ကိုကျွန်တော်အသိဆုံးမို့"
Jisung တို့နဲ့စမိတ်ဆက်တဲ့နေ့က Changbin ကိုဖုန်းဆက်လာပြီး သူပါအတူတူဝင်ထိုင်ချင်ကြောင်းပြောလာတော့ အံ့အားသင့်ခဲ့ရပေမဲ့၊ အတူထိုင်နေတဲ့တစ်ချိန်လုံး Hyung ရဲ့မျက်ဝန်းတွေက ထိုကလေးဆီမှာပဲဆိုက်မြိုက်နေတာကိုတွေ့ခဲ့ရတော့ Hyung ရဲ့ရည်ရွယ်ချက်ကိုနားလည်သွားရသည်။
YOU ARE READING
Return !Minsung!
Fanfiction"ကျွန်တော့်ဘက်ကစခဲ့တာမို့လို့ ကျွန်တော်ပဲပြန်အဆုံးသတ်ပေးမယ်" "မင်းကိုနောင်တမရဖို့ပြောခဲ့ပေမယ့် ငါကပဲမင်းရှေ့မှာအပြိုပြိုအလဲလဲ"