အရှေ့က whiteboard ပေါ်မှ စာများအား Jisung အာရုံစူးစိုက်နေပေမဲ့ စုစည်းမရတဲ့အတွေးတွေက တစ်စုံတစ်ခုရဲ့ ပယောဂကြောင့်ပင် ။ ဖြေရှင်းချက်တစ်စုံတစ်ရာ ရမလားဟု မျှော်လင့်နေပေမဲ့ ပကတိငြိမ်သက်နေတဲ့ ဘေးကလူကြောင့် Jisung ပို၍စိတ်အနှောင့်အယှက်ဖြစ်ရသည်။
သူ့ဘက်ကစကားစပြောလာဖို့ကို အချိန်တစ်ခုထိစောင့်နေခဲ့ပေမယ့် ပါးစပ်ကိုကော်ကပ်ထားသလားပင်ထင်ရအောင် တင်းတင်းစေ့ထားကာ မျက်လုံးများက Jisung ဘက်ကိုတစ်ချက်မှပင် ဝေ့ဝဲမလာခဲ့။
"လေ့ကျင့်ခန်းတွေကို မနက်ဖြန်အပြီးလုပ်ခဲ့ဖို့ ပြောချင်တယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ။"
အတန်းချိန်ပြီးသဖြင့် ဆရာမအခန်းထဲမှထွက်ခွာသွားပြီးတဲ့နောက်မှာတော့ Jisung ရဲ့စိတ်တွေဟာဘယ်လိုမှအစိုးမရတော့ပေ။
"Kim Seungmin"
ရေးလက်စဘောပင်ကို ဆောင့်ချကာ လေသံမာမာဖြင့် ခေါ်လိုက်ပေမဲ့ တကောင့်သားကလှည့်ပင်မကြည့်။ စာအုပ်ကိုပဲ အသည်းအသန်ငုံ့ဖတ်နေပုံက Jisung ရဲ့ ရှိရင်းစွဲ ဒေါသတွေကိုပိုလို့ပင်တိုးစေသည်။
"ငါ့ကိုစိတ်တိုအောင်မလုပ်နဲ့နော်"
ဖတ်နေတဲ့စာအုပ်ကို ဆွဲယူကာပိတ်ချပစ်လိုက်တော့မှ မျက်နှာချင်းဆိုင်လာသည်။
"ဘာလဲ ငါမင်းကိုဘာလုပ်လို့လဲ Jisung"
မျက်နှာသေနဲ့ပြန်မေးနေပုံက သူပဲအပြစ်တွေကင်းစင်နေသယောင်။
"မနေ့ညက မင်းမိဘအိမ်ကပြန်လာတာကို အိမ်ပြန်မလာပဲ ဘာလို့ Lix အိမ်မှာ သွားအိပ်ရတာလဲ။ ငါ မင်းပြန်မလာလို့ ဘယ်လောက်တောင်စိတ်ပူနေခဲ့ရလဲသိလား။"
"..."
"မင်းငါ့ကိုတစ်ခုခုစိတ်ခုနေတယ်ဆိုလဲ ပွင့်ပွင့်လင်းလင်းပြောလေ Seungmin ရာ"
တစ်ကယ်ကိုစိတ်ညစ်ညူးလာတာမို့ လက်မှိုင်ချကာ ပြောလိုက်ပေမဲ့ ဘာမှထူးခြားသွားခြင်းမရှိပဲ Seungmin ဟာ နဂိုပုံစံအတိုင်း စာအုပ်ကိုဖွင့်ကာပြန်ဖတ်နေသည်။ Lix ကလဲ ဘေးကထိုင်ခုံမှာ ကုပ်ကုပ်ကလေးငြိမ်နေကာ Hyunjin ကေတာ့ စိတ်မကြည်သလို မျက်မှောင်ကြုံ့လျှက်ထိုင်နေသည်။
YOU ARE READING
Return !Minsung!
Fanfiction"ကျွန်တော့်ဘက်ကစခဲ့တာမို့လို့ ကျွန်တော်ပဲပြန်အဆုံးသတ်ပေးမယ်" "မင်းကိုနောင်တမရဖို့ပြောခဲ့ပေမယ့် ငါကပဲမင်းရှေ့မှာအပြိုပြိုအလဲလဲ"