5 (uni)

394 66 6
                                    

ဖုန်းထဲ noti ဝင်တာကြောင့်ဖွင့်ကာကြည့်မိရင်း လက်က gallery ကိုမှားနှိပ်မိသည်။ 'Hyung' ဆိုပြီးသီးသန့်လုပ်ထားတဲ့ Album က Jisung ဘက်ကတစ်ဖက်သက်ခိုးရိုက်ထားတဲ့ပုံတွေချည်း။ ဖျက်ပြစ်ဖို့တွေးထားပေမဲ့ လက်များကသစ္စာဖောက်စွာ 'ဖျက်ရန်' ဆိုတဲ့ keyword ဆီသို့မရောက်နိုင်အောင်ပင်လေးပင်နေခဲ့သည်။

လမ်းမခွဲခင်နဲ့လမ်းခွဲပြီးနောက်ပိုင်းထူးထူးခြားခြားပြောင်းလဲသွားတာမျိုးတော့မရှိ။ ချစ်သူရည်းစားဆိုတဲ့သဘောမျိုးသက်ရောက်တဲ့ အနေအထားနဲ့အမှတ်တရတွေက တမ်းတမ်းတတတွေးကြည့်ရင်တောင် မြူမှုန်စာလောက်ရေးရေးသာရှိခဲ့တာမို့ လွမ်းလွမ်းဆွတ်ဆွတ်ဖြစ်စရာတော့မရှိ။ ရင်ဘတ်ထဲကဒဏ်ရာခပ်စိပ်စိပ်တွေကတော့ သူထားသွားထဲကပင် ခုထိတဆစ်ဆစ်နှင့်အနာရှိန်မသေနိုင်သေး။ သူထားသွားတာ.... ဟင့်အင်း Jisung ကိုယ်တိုင်ထွက်ပြေးလာခဲ့တာ။ သူ့မာယာတွေကြားမှာရုန်းလေနစ်လေဖြစ်နေခဲ့တာကြောင့် အသိစိတ်များများကပ်ပြီး ထွက်ပြေးဖို့ကြိုးစားကြည့်ခဲ့တာအခါခါ။ အောင်မြင်စွာထွက်ပြေးနိုင်ခဲ့တော့လဲ နှလုံးသားကမနာခံစွာ အဲ့ဒီလူနားကပ်ကျန်နေခဲ့သေးရဲ့။ အမြင်ကတ်စရာကောင်းလောက်အောင် Jisung အပိုင်ကိုယ်ခန္ဓာဖြစ်ပါလျှက် Jisung ရဲ့ခိုင်းစေချက်တွေကိုမလိုက်နာကြတာ။

"ထမင်းကိုစားမှာဖြင့်လည်းစား အလကားနေထိုးဆွမနေနဲ့"

ကြက်ဥလိပ်ပန်းကန်ကို Jisung ရှေ့ချပေးလာရင်း Seungmin ကဘေးမှာဝင်ထိုင်သည်။ ဖုန်း screen ကိုအမြန်ပိတ်ချလိုက်ရင်း စားပွဲပေါ်မှောက်ထားလိုက်တော့ ဆွန်းမင်ရဲ့သက်ပြင်းချသံတိုးတိုးကြောင့် Jisung မှာမလုံမလဲ။

"သတိရနေပြန်ပြီလား"

"Seungmin!"

"ငါနားလည်ပါတယ် မင်းချက်ချင်းတော့ဘယ်မေ့နိုင်ပါ့မလဲ.....ဒါပေမဲ့ Jisung အရင်တုန်းကသွက်သွက်လက်လက်နဲ့ happy virus လေးကိုငါမြန်မြန်ပြန်မြင်ချင်တယ်။ မင်းကိုယ်မင်းပျောက်ဆုံးနေတာ ၂နှစ်ကြာ​ပြီနော်"

"ငါနားလည်ပါတယ် ငါ ငါကြိုးစားနေပါတယ်"

မေ့ပြစ်ဖို့ကြိုးစားနေတယ်ဆိုတဲ့သူက gallery ထဲကပုံတွေကိုတောင်မဖျက်ပြစ်နေနိုင်တာ။ သူ့နှလုံးသားထဲအမြစ်တွယ်နေတာကိုဘယ်လိုနည်းနဲ့များဆွဲနှုတ်မှာလဲ။

Return !Minsung!Where stories live. Discover now