"Oppa"
"အင်း"
"နောက်တစ်ခါကျောင်းမှာမဟုတ်ပဲ အပြင်မှာ date ရအောင်"
Minho စိတ်ရှုပ်နေသဖြင့် ထမင်းတောင်စားလို့အဆင်မပြေဖြစ်နေသည်ကို ရှေ့မှသူမကစကားစသည်။
"Minjeong မင်းဘာဖြစ်နေတာလဲ။ ကိုယ်အပြင်တွေလျှောက်သွားရလောက်အောင်ထိအချိန်တွေမပေါဘူး။ ခုလိုတွေ့ရတာလဲအဆင်ပြေနေတာပဲမဟုတ်လား"
သူမဟာစားလက်စဇွန်းကိုဆောင့်ချလျှက်..
"ဘာကိုအဆင်ပြေတာလဲ Oppa။ မမေ့နိုင်သေးတဲ့ရည်းစားဟောင်းကိုနေ့တိုင်းမြင်တွေ့ရလို့ Oppa အတွက်အဆင်ပြေတာလား"
"ဘာ...မင်းမဆိုင်တာတွေမပြောနဲ့"
"မဆိုင်ဘူးဟုတ်လား။ ငါနဲ့ထိုင်နေတဲ့တစ်လျှောက်လုံး မျက်လုံးတွေကအဲ့ဘက်စားပွဲဆီပဲရောက်နေတာကို Oppa ကဘာတွေငြင်းချင်နေသေးတာလဲ"
Minho ရောက်ကထဲကတစ်လျှောက်လုံးကြည့်နေမိတဲ့ လွတ်နေတဲ့စားပွဲဝိုင်းလေးဆီ တစ်ဖန်အကြည့်ပြန်ပို့လိုက်သည်။
'ကျစ် စိတ်ရှုပ်စရာကောင်းအောင် ဒီနေ့ဘာလို့ကျောင်းမလာတာလဲ'
"ဘာလဲ Oppa။ သူဒီနေ့ကျောင်းမလာလို့ထမင်းစားလို့တောင်အဆင်မပြေဖြစ်နေရတာလား"
အဓွန့်တက်စကားနာထိုးချင်လာတဲ့သူမကို Minho စိုက်ကြည့်လိုက်ရင်း..
"ငါစကားမများချင်လို့သည်းခံနေတာကို မင်းကအကောင်းမှတ်နေသလား Minjeong။ မင်းဆက်ပြောနေမယ်ဆို ငါအခုချက်ချင်းထပြန်ရလိမ့်မယ်"
သူမမျက်နှာပျက်သွားသည်။ နှုတ်ခမ်းသားများကိုခပ်တင်းတင်းဖိကိုက်ထားတဲ့သူမဟာ တစ်ခုခုကိုအသည်းအသန်စဉ်းစားနေဟန်။
စားပွဲပေါ်တင်ထားတဲ့ Minho ရဲ့လက်တစ်ဖက်ဟာဆုပ်ကိုင်ခြင်းခံရသည်။ ဆိုးဆေးတွေဆိုးထားတဲ့လက်သည်းချွန်ချွန်တွေနဲ့သူမလက်တွေက လက်သည်းအတိညှပ်ထားကာခပ်ရဲရဲလက်သည်းခွံလေးနဲ့ တစ်ယောက်သောသူရဲ့လက်တွေလိုရင်ခုန်စရာမကောင်း။
"Sorry Oppa ငါလွန်သွားတယ်။ ကျောင်းမှာဆိုအများအမြင်လဲရှိလို့မို့ ငါအဆင်မပြေဘူး Oppa။ အဲ့တာကြောင့်မို့ ဖြစ်နိုင်ရင် ကျောင်းပြင်မှာပဲ date ကြရအောင်"
YOU ARE READING
Return !Minsung!
Fanfiction"ကျွန်တော့်ဘက်ကစခဲ့တာမို့လို့ ကျွန်တော်ပဲပြန်အဆုံးသတ်ပေးမယ်" "မင်းကိုနောင်တမရဖို့ပြောခဲ့ပေမယ့် ငါကပဲမင်းရှေ့မှာအပြိုပြိုအလဲလဲ"