အထက်တန်းကျောင်းသူနှစ်ယောက်ရှိနေတဲ့အခန်းက မတိုးမကျယ်စာကျက်သံတစ်ချို့ဖုံးလွှမ်းနေတယ်
နောက်ဆုံးဘာသာဖြစ်တဲ့အတွက် အားတင်းထားဖို့ကတစ်ကြောင်းနဲ့ အတူတူရှိနေနိုင်မည့်နောက်ဆုံးညဖြစ်တဲ့အတွက်ကြောင့် ပြိုလဲချင်နေတဲ့စိတ်ကတစ်ကြောင်းမို့ စာဘက်ကို သူမတို့ပိုပြီးအာရုံစိုက်နေရသည်။
တကယ်တော့ဘာမှဟုတ်တာမဟုတ်ပါဘူး ၁၀ရက်လောက်လေးခွဲရမှာ ဖုန်းလဲပြောလို့ရနေတာဘဲ ပြီးတော့ သူငယ်ချင်းတွေ အဲ့လိုလောက်စိတ်ထဲထားစရာမလိုဘူး
Joohyunထိုသို့တွေးပြီး seulgiကိုခဏကြည့်မိသည်။
"စာလုပ်လို့ပြီးပြီလားhyun"
"အင်း ၁၂လဲထိုးပြီ kangရော မပြီးသေးဘူးလား"
"ပြီးတော့မယ် hyunနားနှင့်လိုက် ဒီအပိုဒ်လေးကိုသေချာကြည့်လိုက်ဦးမယ်"
စာအုပ်ထဲက အပုဒ်တစ်ခုကိုလက်ထောက်ပြရင်းပြောလိုက်တာကြောင့် joohyunခေါင်းငြိမ့်ပြကာ ခုတင်ပေါ်လှဲလိုက်သည်။
သူမစာလုပ်နေတာကို ခုတင်ပေါ်လှဲနေတဲ့joohyunကြည့်နေတာseulgiသိပေမဲ့ စာကိုသာအာရုံစိုက်နေသည်။
တစ်ခါတစ်လေဦးနှောက်ကို ဦးစားပေးသင့်တယ်မလား."အိပ်တော့လေhyun"
ကျက်မှတ်ပြီးသားစာအုပ်တို့ကိုပိတ်ရင်း စားပွဲပေါ်နေရာတကျစီကာ seulgiစကားဆိုလိုက်သည်။
သူမရဲ့စကားကိုကြားပေမဲ့လဲ ဘာမှပြန်မပြောတော့hyunကိုseulgiကြည့်လိုက်တော့ ခုတင်ပေါ်က ထကာ သူမအနားကိုရောက်လာသည်။
ခြေလှန်းတွေက သူမနဲ့အနီးဆုံးနေရာထိလာနေလဲနောက်မဆုတ်မိ
အဲ့လိုတွေမလုပ်ပါနဲ့လားလို့သူမပြောမထွက်ခင်hyunကတော့ သူမရင်ခွင်ထဲရောက်နေပြီလေ
"နေမကောင်းဘူးလားhyun…"
စိုးရိမ်မှုနဲ့အတူ ညင်သာစွာထွက်ပေါ်လာတဲ့Seulgiရဲ့စကားတွေက joohyunရဲ့အပြုံးကိုမဖန်ဆင်းပေးနိုင်
ရင်ခွင်ထဲငြိမ်သက်စွာခိုလုံနေတဲ့hyunတစ်ယောက် စကားဆိုလာတော့လဲ…
"Kangကိုချစ်မိနေပြီထင်တယ်"
*******
မနက်ခင်းရဲ့ရာသီဥတုကသာယာတော့ သူမေးပွဲခန်းထဲကကျောင်းသားကျောင်းသူတွေ စိတ်ပေါ့ပါးစွာဖြေဆိုနေနိုင်တာပေါ့
နှလုံးသားနဲ့ပတ်ဝန်းကျင်ကို ခဏဖြုတ်ထားပြီး စားမေးပွဲဖြေနေသူကတော့seulgiပေါ့
အချိန်စေ့လို့ခေါင်းလောင်းသံထွက်ပေါ်လာတော့ အခန်းထဲရုတ်ရုတ်သဲသဲဖြစ်သွားပေမဲ့လဲ သူမကတော့ ဖြေဆိုမှုကိုကျေနပ်တာကြောင့် အပြုံးတို့ပန်ဆင်ထားသည်။
စာမေးပွဲခန်းမချင်းမတူနဲ့hyunရှိရာအခန်းဝမှာ ရှေ့ရက်တွေတုန်းကလို စောင့်နေမြဲ
ကျောင်းသူအတော်များများအခန်းထဲကထွက်လာပေမဲ့လဲ hyunကတော့ထွက်မလာသေး
jennieကသူမကိုမြင်တော့ နှုတ်ဆက်ပြီးkaiနဲ့ထွက်သွားတာကြောင့် သူမရဲ့အာရုံတွေ hyunရှိရာအခန်းဆီကိုသာ ပြန်ထားလိုက်သည်။
YOU ARE READING
Better Place
Fanfictionရရှိခဲ့တဲ့ဒဏ်ရာတစ်ချို့ကြောင့် လူနေမှုဘဝကို ပိုမိုကောင်းမွန်အာင်ကြိုးစားကြသလို ဘဝမှာ အရေးမပါသူတေွလဲဖြစ်သွားတတ်ကြပါတယ်~~~