EP-19

185 22 6
                                    

ချယ်ရီတေွပွင့်တဲ့ရက်တုန်းကသူမသိပ်ကိုပျော်ခဲ့တာ။ အဲ့တုန်းကသူမဘေးမှာhyunလဲရှိနေခဲ့တယ် အနမ်းတေွလဲရှိနေခဲ့တယ် နေွးထေွးတဲ့အကြည့်တေွနဲ့ ချယ်ရီရောင်နှုတ်ခမ်းလေးတေွကြောင့်သူမသိပ်ကိုပျော်ခဲ့တာ။ ဒီနေ့လိုစိတ်မကောင်းစရာချယ်ရီတေွကြေွတဲ့နေ့မှာကြတော့သူမသိပ်ကိုဝမ်းနည်းရပါတယ်။ ဘယ်သူ့ဘက်ကဘဲမှားမှားအားလံုးကသူမအပစ်လို့သတ်မှတ်ပြီးတောင်းပန်ချင်ခဲ့တာ သူမထင်သလိုဟုတ်ခဲ့ရင်တောင် သူမထင်တာမဟုတ်ပါဘူးလို့ဘဲသတ်မှတ်ခဲ့သင့်တာ။ သူမအပစ်မလုပ်လဲ hyunနာကျင်ရတဲ့အတွက်သူမမှာအပစ်ရှိတယ်လို့ခံယူပြီးတောင်းပန်ရင်တောင်hyunကစိတ်ဆိုးပြေပါ့မလား။ လွန်ခဲ့တဲ့၂နာရီလောက်က ကိုယ့်ဘက်ကစမခေါ်ဘူးလို့ဆံုးဖြတ်ချက်ချထားခဲ့သမျှ အခုတော့ပြိုလဲနေရပြီ။ hyunကရောသူမလိုဘဲလား ဒါမှမဟုတ်သူမလောက်မပျော့ညံတဲ့သူလား။
"Kang Seulgi!!"
ရင့်သီးပေမဲ့လဲနူးညံ့တဲ့joohyunရဲ့ခေါ်သံကြောင့် သူမချက်ချင်းမော့ကြည့်မိသည်။
ပန်းတေွစပွင့်ခဲ့တဲ့နေ့ကhyunနဲ့အတူရှိခဲ့တဲ့နေရာမှာသူမရောက်နေခြင်းဖြစ်သည်။ ထို့အတူhyunကလဲသူမဘေး၌ရှိသည်။ ဒါပေမဲ့စိမ်းသက်သက်ကြီး။
"hyun.....ဘာ..ဘာဖြစ်လာတာလဲ"
သူမကအပစ်ရှိတဲ့သူလား ဟုတ်တယ်သူမကအပစ်ရှိတဲ့သူဒါကြောင့်သူမစကားတေွထစ်နေတာ။
"ဘာဖြစ်လာတယ်ထင်လို့လဲ"
"မသိလို့လေ kangကဒီမှာရှိနေတာဘယ်လိုလုပ်သိမှာလဲ"
သူမရဲ့ခြေမကိုင်မိလက်မကိုင်မိခေါင်းကုတ်ဖင်ကုတ်အမူအယာကြောင့်joohyunတစ်ယောက်ပို၍မျက်မေှာင့်ကျံု့သွားသည်။
"သိမနေနဲ့ နင့်ကိုစိတ်မရှည်တော့လို့ဒီအထိလိုက်လာတာ"
"Kangက..."
"တော်တော့ ဘာဖြေရှင်းချက်မှမပေးနဲ ငါစိတ်ဆိုးလဲဆိုးပေါ့ဆိုပြီးပစ်ထားတာမလား ပျော်တယ်မလား"
"Kangတောင်းပန်ပါတယ် kangသဝန်တိုပြီးအထင်လွဲသွားတာမိုလို့ခွင့်လွှတ်ပေးပါ နောက်မဖြစ်စေရပါဘူး"
"ဟွန့် ငါလာမှတောင်းပန်နေ စောစောကကြတော့လွတ်လပ်နေပြီးတော့ ပြီးတော့ဘာမှကြီးကြီးမားမားအပစ်မဟုတ်ဘဲနဲ့ တောင်းပန်တယ်တောင်းပန်တယ်ကြည့်မပြောနဲ့"
"အဲ့ဒါဆိုhyunကဘာလို့စိတ်ဆိုးတာလဲအပစ်မကြီးဘူးဆိုဘာလို့စိတ်ဆိုးတာလဲ"
သူမရဲ့စကားကjoohyunကိုအကြပ်ရိုက်သွားပံုရသည် စိတ်ဆိုးနေရင်းမှအကြပ်ရိုက်သွားသောမျက်နှာဖြင့်joohyunသူမကိုချက်ချင်းကျောပေးလိုက်သည်။
"Hyun...."
"ဟမ်.."
"ချစ်တယ်"
သူမ joohyunရဲ့ရေှ့ကိုသွားကာ တည်ငြိမ်စွာစကားဆိုသည်။ ဆံနွယ်တေွကြားပုန်းခိုနေတဲ့hyunက သူမကိုမခို့တရို့ကြည့်တယ်။
"Kangကိုချစ်လားဟင်"
"အင်း"
တံုးတိကြီးဆိုပေမဲ့ သူမနှစ်နှစ်ခြိုက်ခြိုက်ပြံုးမိသည်။
"အင်းဘဲလား"
"မသိဘူးဟာ ချစ်တယ်ချစ်တယ်"
သည်နောက်မှသူမတို့အကြည့်ချင်းဆံုကာထပ်ရယ်ရင်း
"ဒါနဲ့အဲ့ကောင်နမယ်ကဘယ်သူလဲ"
"Sehyun"
"ချောသားနော်"
"စိတ်ဆိုးပြေသေးတာမဟုတ်ဘူးနော် ထပ်ပြီးဆိုးလိုက်မှာနော်"
"စတာစတာ မဆိုးပါနဲ့😁"
"😏😏"
Hyunအိမ်ကိုလာတဲ့ဧည့်သည်ကောင်လေးနဲ့လမ်းမှာအတူသွားတာကိုမြင်ပြီးပြသနာရှာမိခဲ့တာ ကျမကဘယ်တုန်းကဒီလောက်စိတ်ဆက်သွားလဲမသိပါဘူး။ ပြီးတော့ကိုယ့်ကိုယ်ကိုနားလည်မှုမရှိတဲ့သူလို့တောင်ခံစားရတယ်။ hyunနဲ့ပက်သက်ပြီးကျမလဲတစ်မျိုးရူးနေပြီ😅။
******
အိုက်စပ်စပ်ရာသီဥတုနဲ့hyunမရှိတဲ့မှတ်တိုင်မှာသူမရောက်နေတာနာရီဝက်လောက်ရှိပြီ။ မကြာခင်သူမစီးမဲ့လိုင်းကားလဲရောက်တော့မှာမို့ joohyunတစ်ယောက်ဘာဖြစ်နေလည်းသူမစိတ်ပူမိသည်။ စိတ်ဆိုးမပြေသေးတာလား နေများမကောင်းလို့လား Bogumနဲ့အတူသွားတာလား သို့သောမေးခွန်းများသူမခေါင်းထဲနေရာယူနေတုန်း သူမရေှ့လိုင်းကားရောက်လာတော့သည်။ လိုင်းကားပေါ်မတက်မီ joohyunလာရာလမ်းကိုတစ်ချက်ကြည့်ကာ သက်ပြင်းရှည်ရှည်ချမိသည်။ ထို့နောက်တံု့ဆိုင်းမနေတော့ဘဲလိုင်းကားပေါ်တက်ကာ သူမတို့ထိုင်နေကြနေရာမှာဝင်ထိုင်မိသည်။ သူမရဲ့ဘေးကတော့ ကွက်လပ်လေးပေါ့။

Better PlaceWhere stories live. Discover now