ဒီနေ့နှင်းကျမယ်လို့သတင်းကကျေညာထားတယ်။ ညနေ၆နာရီတောင်ထိုးပြီ အေးလည်းအေးလွန်းလှသည်။ နှင်းတေွကျတော့မယ်ထင်ပါရဲ့။
Joyတစ်ယောက် ဆိုင်လာပြီးsojuထိုင်သောက်နေတာ တစ်နာရီနီးပါးရှိနေပြီဖြစ်သည်။
နှင်းမကျခင်အိမ်အရောက်ပြန်ဖို့ဆံုးဖြတ်နေတုန်းမှာဘဲ နှင်းပွင့်တေွဟာ ဝမ်းနည်းစရာကောင်းလောက်အောင် လှလှပပကျလာပြီဖြစ်သည်။
စိတ်ပျက်စွာဘဲ ရေှ့ကလက်ကျန်ojuကိုမော့လိုက်သည်။မှန်နံရံကတစ်ဆင့်နှင်းတေွကုိငေးတော့ မိန်းကလေးတစ်ဦးဟာ နှင်းတေွကြားထဲဖြေးညင်းစွာလမ်းလျေှာက်ရင်း ဆိုင်ထဲဦးတည်နေသည်။ လက်ထဲမှာထီးလဲမပါသလို အနေွးထည်ထူထူလဲမပါ။
လက်ရှည်အပါးလေးသာဝတ်ဆင်ထားပြီး နှင်းတေွကျနေသည်ကိုလဲ သူဂရုမစိုက်။ joy ထိုမိန်းကလေးကိုစိတ်ဝင်စားစွာကြည့်မိသည်။ ထိုမိန်းကလေးဆိုင်ထဲရောက်လာတော့ သူမရဲ့ဘေးဝိုင်းကိုလာထိုင်သည်။ sojuနှစ်ပုလင်းကိုသူ့ရဲ့အေးစက်စက်အသံတေွနဲ့မှာတဲ့အထိ joyဟာထိုမိန်းကလေးကို အကြည့်မလွဲသေး။"ကျမမှာဘာတေွစိတ်ဝင်စားစရာရှိလို့လဲ"
ဘေးဝိုင်းကမိန်းကလေးက သူမကိုတည့်တည့်ကြည့်လာကာ မေးသည်။ joyတစ်ယောက်ရုတ်တရက်စကားပျောက်သွားပေမဲ့ joyဟာ အူကြောင်ကြောင်တေွမလုပ်တတ်ပါ။
"အတူတူသောက်ပေးရမလား"
အခုမှစတေွ့တဲ့မိန်းကလေးကိုအတူသောက်ဖို့ကမ်းလှမ်းတယ်ဆိုတာ joyရဲ့ဝါသနာလား အကျကျင့်လားတောင်သေချာမသိတော့။
ဘေးဝိုင်းကမိန်းကလေးက အကြည့်လွှဲသွားတာ ထေ့သလိုပြံုးသည်။ သူ့ပံုစံဟာချစ်ဖို့ကောင်းပြီးဆိုးသွမ်းနေတော့ ကိုယ်သူ့ကို ဇိုးပေါက်လေးလို့ခေါ်ရမလား။"အင်းပေါ့ လူတိုင်းကအဲ့လိုဘဲ အတူတူလို့ပြောပြီး သိပ်မကြာခင်ကျောခိုင်းသွားကြမှာပါဘဲ"
Joyဟာ လူကဲခက်မတော်ပေမဲ့ လူကဲခက်ညံ့တဲ့သူမဟုတ်။ ဒါကြောင့်တေွဝေမနေတော့ဘဲ ဘေးဝိုင်းဆီပြောက်းထိုင်လိုက်သည်။ ရေှ့ကမိန်းကလေးဟာ သူမကိုတည့်တည့်ကြည့်လာပြီး စက္ကန့်အနည်းငယ်အတွင်းမှာဘဲ sojuလာချသည်။

YOU ARE READING
Better Place
Fanfictionရရှိခဲ့တဲ့ဒဏ်ရာတစ်ချို့ကြောင့် လူနေမှုဘဝကို ပိုမိုကောင်းမွန်အာင်ကြိုးစားကြသလို ဘဝမှာ အရေးမပါသူတေွလဲဖြစ်သွားတတ်ကြပါတယ်~~~