EP-24

136 22 2
                                    

"အဆင်ပြေရဲ့လားဆရာ"

"နင့်ကိုအလုပ်လုပ်ခိုင်းမှာ showပွဲသွားခိုင်းမှာမဟုတ်ဘူး နင့်ကို ကိုရီယားဆိုတာမသိရင်ပြီးတာဘဲ"

Seulgiဆိုတာအဲ့လိုဘဲ သေနတ်ကိုနေ့တိုင်းကိုင်ဖို့ဆံုးဖြတ်လိုက်ကတည်းက စကားပြောတိုင်း ဘောက်စက်စက်ဖြစ်သွားတာ။

"အဓိက က စကားပြောတဲ့နေရာမှာ တရုတ်အသံထွက်အောင်ပြောရမယ်"

"စိတ်ချပါဆရာ joyကဒီနေရာမှာအသံုးအကျဆံုးပါ"

Joyရဲ့စကားကိုseulgiဂရုမစိုက်တော့ဘဲ သူ့သေနတ်တေွကိုသာစစ်ဆေးနေသည်။ သူ့အကျင့်အတိုင်း ဖိနပ်ကြားနဲ့ ဦးထုတ်အတွင်းပိုင်းကအိပ်ကပ်ထဲကို ကျည်တစ်ထောင့်ဆီထည့်သည်။ သူပြောတာတော့ အရေးပေါ်သံုးဖို့အတွက်ဆိုဘဲ။

"အဆင်သင့်ဖြစ်ပြီဆို သွားလို့ရပါပြီဆရာ"
***
လူတော်တော်ပြတ်တဲ့ရက်ကွက်တစ်ခုဘဲ။ မြို့တစ်မြို့မှာ ဒီရက်ကွက်လိုဘဲ လူမိုက်တေွကြည့်စုနေတာမျိုးရှိတယ်။ joyတို့ ထိုရက်ကွက်ထဲရောက်နေခြင်းဖြစ်သည်။ ကားကိုခပ်လှမ်းလှမ်းမှာရပ်ထားခဲ့ပြီး joyတစ်ယောက်ဒေါက်ဖိနပ်ကို သေချာထိမ်းစီးကာ လျေှာက်နေရသည်။
Sexy girlပံုစံမျိုးဝတ်ထားရတာကြောင့် နေသားမကျကာ ဟိုဆွဲဒီဆွဲလုပ်ရသေးသည်။

"ဒီဆိုင်ထဲဝင်သွားလိုက် အချိန်လဲရသလောက်သာဆွဲထား ပြန်လာချိန်ရောက်ပြီဆို ငါပြောလိုက်မယ် နားကျပ်တပ်ဖို့လဲမမေ့နဲ့ ဂရုရောစိုက် တစ်ခုခုအဆင်မပြေတာနဲ့ ချောင်းဟန့်သံပေးလိုက်"

"စိတ်ချပါ ငါသွားပြီ နင်ရောသေချာဂရုစိုက်သွားနော်"

"ok"

Seulgiထွက်သွားပြီးနောက် joyနားကျပ်ကို ဆံပင်နဲ့သေချာဖုံးလိုက်သည်။ ဒါတေွကလုပ်နေကျမို့သိပ်တော့မခက်ခဲ။

ဆိုင်က အတော်တိတ်ဆိတ်နေသည်။ လမ်းမပေါ်မှာလဲ ခေွးတစ်ကောင်တောင်မရှိတာမို့ လူမရှိတဲ့အရပ်လိုလိုတောင်ခံစားမိသည်။

ဆိုင်အတွင်းပိုင်းထဲထိရောက်အောင် တော်တော်သွားလိုက်ရသည်။ တေွ့ပါပြီ လူမိုက်ဆိုသူတေွ။တက်တူးဘလပွနဲ့တော့မဟုတ် သူမလိုဘဲ နောက်ဆံုးထွက်brandတေွဝတ်ထားပြီး လူကြီးလူကောင်းဆန်သည်။သိပ်တော့မများပါ ၇ယောက်လောက်သာရှိပြီး တစ်ချက်ထိုးလိုက်တာနဲ့ မေ့သွားနိုင်မဲ့ လူစွမ်းကောင်းကြီးတေွလဲရှိသည်။ ဒီဆိုင်က ဒီအဖွဲ့ဆေွးနေကြဆိုင်ထင်ပါနဲ့။
သူမဝင်လာတော့ ဝိုင်းကြည့်ကြသည်။ အခန့်မသင့်ရင် ဒီနေရာမျိုးဆိုတာ အသက်ပါထွက်သွားနိုင်သည်။

Better PlaceМесто, где живут истории. Откройте их для себя