သိပ်ကိုရင်းနီးရတဲ့ တစ်စံုတစ်ယောက်နဲ့ဝေးပြီးနောက်ပိုင်း တစ်စံုတစ်ခုတော့ပြောင်းလဲသွားတတ်ကြတယ်တဲ့။
သူမနဲ့ဝေးပြီးနောက်ပိုင်းပြောင်းလဲမှုတေွကိုရေတွက်မယ်ဆို တစ်စံုတစ်ခုမကရှိနေပြန်တယ်။ရုတ်တရက်ကြီးပြောင်းလဲသွားခဲ့တဲ့ကိုယ်တို့အခြေအနေကို ဘယ်လိုရင်ဆိုင်ခဲ့ရသလဲဆိုတာမင်းကိုပိတ်ကားပေါ်မှာ ဖွင့်ပြလိုက်ချင်သေးတယ်။
မခေါ်ဖြစ်တာကြာတဲ့ မင်းနမယ်လေးကိုခေါ်ပြီး hyunရယ်ကြည့်ပါဦး အဲ့ဒါမင်းမရှိဘဲ ကိုယ်နေခဲ့တဲ့နေ့ရက်တေွလေ။ အဲ့လိုတေွဖော်ပြခွင့်ရမယ်ဆိုရင်တောင် ကိုယ့်အပေါ်မင်းအရင်လိုစိတ်ပူပေးပါဦးမလားလို့စိုးရိမ်မိတယ်။
ဒါပေမဲ့ကိုယ်ဝမ်းမနည်းတော့ပါဘူး။ အဆင်ပြေနေတာတော့မဟုတ်ပေမဲ့ နေသားကျနေပြီမို့ မင်းကိုလဲမတမ်းတတော့ပါဘူး။
ကိုယ်ဆုတ်ကိုင်ခဲ့ဖူးတဲ့ မင်းရဲ့လက်တစ်စုံကို ကိုယ်မဟုတ်တဲ့တခြားသူက ဆုတ်ကိုင်နေတယ်ဆိုရင်တောင် အဲ့လက်တေွမြဲဖို့ဘဲ ကိုယ်ဆုတောင်းပေးလိုက်တော့မယ်။
ကိုယ်အရင်လို မင်းကုိတေွ့မလားဆိုတဲ့စိတ်နဲ့ အတူသွားခဲ့ဖူးတဲ့နေရာတေွကိုလဲလျေှာက်မသွားတော့ပါဘူး။
မင်းကိုစွန့်လွှတ်လိုက်တော့မှာမို့ မင်းရဲ့လက်ရှိဘဝသစ်လေးမှာ ပျော်နေဖို့မျေှာ်လင့်ပါတယ်။ကိုယ်တို့ရဲ့ဇာတ်လမ်းအဆံုးက ကိုယ့်ရေးတဲ့ဒိုင်ယာရီရဲ့အစဆိုရင် ကိုယ်မင်းကိုမေ့ပစ်ချင်တဲ့နေ့က ကိုယ့်ရဲ့ဒိုင်ယာရီအဆံုးဘဲhyun။
ဒါက ကိုယ့်ဒိုင်ယာရီရဲ့့အဆံုးဘဲhyun။"ဆရာ...ဒိုင်ယာရီရေးနေပြန်တာလား"
စားပွဲရေှ့မျက်နှာချင်းဆိုင်လာထိုင်တဲ့ joyကို seulgiပြံုးပြီး ခေါင်းငြိမ့်ပြတယ်
"ဟုတ်တယ် ဒါနောက်ဆံုးဘဲ"
ရေှ့တည့်တည့်ရှိ joy ရဲ့မဖက်နှာက နားမလည်မှုအပြည့်ဖြင့်
"နားကြာများမှားတာလား"
"မမှားဘူး ဒါနောက်ဆံုးဘဲလို့"
"ငါနဲ့စတေွ့တဲ့နေ့ကတည်းက အားတိုင်းဒိုင်ယာရီရေးနေတဲ့သူက ဒါနောက်ဆံုးဘဲဟုတ်လား"
YOU ARE READING
Better Place
Fanfictionရရှိခဲ့တဲ့ဒဏ်ရာတစ်ချို့ကြောင့် လူနေမှုဘဝကို ပိုမိုကောင်းမွန်အာင်ကြိုးစားကြသလို ဘဝမှာ အရေးမပါသူတေွလဲဖြစ်သွားတတ်ကြပါတယ်~~~