EP-13

129 16 6
                                    

မနေ့ကနဲ့မတူတော့ဘူး။ ငှက်ကလေးရဲ့တေးဆိုသံကြားလဲ ကိုယ်ပါသူ့သံဇဥ်ထဲနစ်မျောသွားတယ်။ ပန်းပင်လေးတေွယိမ်းယိုင်သွားတိုင်း ကိုယ့်နှလံုးသားပါယိုင်းယိမ်သွားတယ်။ လေထုရဲ့ထိတေွ့မှုတွေကလဲ သူမကိုကျေနပ်မှုပေးတယ်။ နေမင်းရဲ့ရောင်ခြည်ကလဲ နှလံုးသားနဲ့အသေွးအသားကိုနေွးထေွးစေတယ်။ ဒီမနက်ခင်းကHyunလိုဘဲ သိပ်ကိုလှတယ်။
'Morning'ဆိုတဲ့စာစောင်လေးရောက်လာတယ်။ အိပ်ပုတ်လေးကအခုမှနိုးတာ မဟုတ်မှသူလဲကိုယ့်လိုဘဲ ညကအိပ်မပျေ။်ဘူးထင်တယ်။
'နိုးပြီလားhyun'
'ဟုတ်'
ဒီစာစောင်လေးတေွက အိမ်အပြင်မှာဖြာကျနေတဲ့နေရောင်ခြည်တေွလိုဘဲ နေွးထေွးလွန်းတယ်
'မနက်စာစားဦးလေ'
'ဟုတ်သွားပြီ😘😘အရမ်းချစ်တယ်❤"
ဘယ်လိုမျိုးလဲ အသည်းတစ်ခုလံုးကိုကြိမ်းသွားတယ် kissလဲပေးသွားတယ် ဖုန်းထဲမှာတောင်အသည်းတစ်ခုလံုးကြိမ်းသွားတာ အပြင်မှာသာဆိုဘယ်လိုဖြစ်နေမလဲ။အချစ်အကြောင်းကိုအခုမှသင်ယူခါစမိုလို့လားမသိပါဘူးအရာအားလံုးက တအံတသြဖြစ်စေတယ်။ တစ်ခါမှရည်းစားမထားဖူးလို့လားတော့မသိ စကားလံုးတေွကိူတောင်ရဲရဲတင်းတင်းမထွက်နိုင်တော့ဘူး အပြင်မှာသာတေွ့ရမယ်ဆို ဘယ်လိုလုပ်မျက်နှာချင်းဆိုင်ရပါ့မလဲ။ ဒီအတေွးတေွက သူမကိုစိတ်ရှုပ်အောင်လုပ်ပေမဲ့ အဲ့လိုအတေွးတေွကြားထဲမှာဘဲ သူမက ပျော်နေမိတာ။
******
"ဘာတေွပြံုးနေတာလဲ ပြောပါဦး ညကအကြောင်းလေး"
အကိုက သူမဘေးလာထိုင်ပြီး မေးတယ်
ဒါပေမဲ့သုမရဲ့အပြံုးတေွကို မပရ်တန့်ပစ်နိုင်ဘူး
"ဒီကောင်မလေးဘာဖြစ်နေတာလဲ မေးတာလဲမဖြေဘူး"
အကိုကသူ့ကိုဖက်တော့ ဆူတယ် ဒါပေမဲ့သူမရဲ့အူကြောင်ကြောင်နိူင်မှုလေးက ချစ်စရာကောင်းတယ်။
"ကိုကိုကို့ပြောပြချင်ပေမဲ့ ရှက်ရာကြီး"
ပါးမို့မို့လေးတေွလံုးနေတဲ့ထိရယ်နေတဲ့ကိုကို့ညီမလေးက အမြဲတမ်းကလေးလေး
"အောင်မာ ကလေးမ ညကဘာတေွဆက်ဖြစ်လဲသာပြောပါ"
"သူကseulကိုချစ်တယ်တဲ့"
စကားသံတေွက ပလံုးပထေွးနဲ့ မျက်နှာကိုလက်နဲ့အုပ်ပြီးပြောနေတဲ့seul
"ဟမ် ညကသူ့ကိုဖွင့်ပြောလိုက်တာလား"
"အင်း😁"
"ကြည့်စမ်း ဒီကောင်မလေးဘယ်တုန်းကအဲ့လောက်သတ္တိတေွရှိသွားတာလဲ"
"မသိတော့ဘူး ကိုကိုကရော မိန်းမမယူသေးဘူးလား"
"ဘယ်လိုမေးလိုက်တာလဲ ရည်းစားတောင်မရှိတဲ့သူကို မိန်းမမယူသေးဘူးလားတဲ့😂"
"😂😂"
"ဒီမောင်နှမတေွ ဘာတေွရယ်နေကြတာလဲ"
Jiyeon နဲ့eunjungလာတာကြောင့် သူမတို့ရယ်နေတာကိုရပ်ပြီး သူတို့ကိုနေရာပေးသည်။
"ဒီမှာပျော်ဖို့ကောင်းလားji unnie"
"ဒါပေါ့ ဒီမှာနေရတာ စိတ်အေးလက်အေးနဲ့ ရာသီဥတုကလဲ သာယာတယ်"
"ကိုကိုအဖေ့ကိုသွားလုပ်ကူလိုက်ဦးမယ်"
"ဟုတ်"
သူမအကိုထွက်သွားပြီးနောက်
"Seoulကိုပြန်ရောက်ရင် လုပ်ကိစ္စနဲ့ခရီးထွက်ရမယ်"
Eunjung unnieရဲ့စကားကိုကြားတော့ jiyeonနဲ့အတူ သူမပါစိတ်မကောင်းဖြစ်ရပါသည်။Eunjung unnieရဲ့အလုပ်က မကြာခဏခရီးထွက်ရတယ် SPYတစ်ေယာက်ဆိုတော့ ခရီးထွက်ရတာမဆန်းပေမဲ့ jiyeon unnieမျက်နှာမကောင်းတော့ သူမလဲစိတ်မကောင်းဖြစ်မိသည်။
"ဘယ်လောက်တောင်ကြာမှာလဲ"
"သိပ်မကြာပါဘူး၃ရက်လောက်ကအများဆံုးဘဲ"
"ဟုတ်"
Hyunကိုလွမ်းတယ်။ မိသားစုဘက်ကိုမတရားဘူးဆိုပေမဲ့ hyunဆီကိုအခုချက်ချင်းသွားလိုက်ချင်တယ်။ တေွ့ချင်တယ်သာပြောတာပါ အပြင်မှာသာတကယ်တေွ့မယ်ဆို ဘယ်အချိန်ဘယ်လိုပံုစံနဲ့တေွ့မလဲမသိဘူး မျက်နှာမြင်ချင်ပေမဲ့ မျက်နှာလဲမပြရဲဘူး။ တေွးကြည့်တာနဲ့တင် ရင်ထဲမှာတလှပ်လှပ်နဲ့လှိုက်ဖိုပြန်ပြီ။
ဒူး..ဒူး..
Eunjung unnieရဲ့ဖုန်းကတုန်နေတော့ သူမအတေွးတေွပျက်သွားရသည်။
"Hello...,ဘယ်လိုဖြစ်သွားတာလဲ...,အဲ့ဒါဆိုခရီးမထွက်ရတော့ဘူးပေါ့...,seoulမှာ?!!, ဒီနေ့ဘဲလာခဲ့မယ်"
"ဘာတဲ့လဲ ဘယ်ကိုသွားမှာလဲ"
Eunjungရဲ့အဖြေကို jiyeonရော သူမပါစိတ်ဝင်စားသည်။
"Seoulကို"
*****
အချိန်ကိုကြည့်လိုက်တော့ 02:00PM.
တိမ်ကင်းစင်နေတာကြောင့် အပြာရောင်ကောင်းကင်ကြီးက အထင်းသား။ ဒီလမ်းတေွကိုဒီစက်ဘီးလေးစီးပြီးမဦးတည်ရတာ ရက်ပိုင်းဘဲရှိသေးပေမဲ့ အရမ်ကိုသတိရနေခဲ့တာ။ လေပြေတေွက ဆံသားနုနုကြားတိုးဝေးတော့ တစ်စံုတစ်ေယာက်ကိုပိုပြီးသတိရသွားတာကြောင့် စက်ဘီးကိုပိုပြီးအားစိုက်နင်းမိသည်။
နောက်ဆံုးတော့ဦးတည်ရာ ခြံတခါးဝလေးဆီရောက်ပြီပေါ့။
အချက်ပေးခလုတ်ကိုနှိပ်တော့ ထင်ထားတဲ့အတိုင်း အန်တီဘဲထွက်လာသည်။
"Joohyunရှိလားအန်တီ"
"အေးအေးရှိတယ် လာအိမ်ထဲဝင်ဦး"
အိမ်ရေှ့ကိုခဏခဏရောက်ဖူးပေမဲ့ အိမ်ထဲကိုတော့ ဒတိယအကြိမ်ရောက်ဖူးခြင်းပါ။
"သမီးရေ သမီးသူငယ်ချင်းရောက်နေတယ်"
"အခန်းထဲဝင်ခဲ့ခိုင်းလိုက်အမေ"
အန်တီရဲ့ခွင့်ပြုချက်အရနဲ့ အခန်းတံခါးကို အေးစက်တဲ့လက်တေွနဲ့ဖွင့်လိုက်တော့ ခုတင်ပေါ်မှာ ခြေပသ်လက်ပစ်အိပ်နေတဲ့joohyun
"Niniတို့ကလဲ မပြောချင်ဘူး အခုမှဘဲလာ....."
ခြေပစ်လက်ပစ်အိပ်ရင်းကနေ ချက်ချင်းထထိုင်ပြီး အံသြသလိုလို ရှက်သလိုလိုကြည့်နေတဲ့hyun.
"Ka..Kang...."
"ဟမ်"
"လွမ်းနေတာ....."
မျက်နှာလေးချက်ချင်းမဲ့သွားပြီး အသံသိမ်သွားတဲ့hyun။
"စိတ်မကောင်းမဖြစ်ပါနဲ့hyunရဲ့kangရောက်နေပြီလေ"
ဒီတစ်ခါထေွးပေွ့ခြင်းက ခံယူခဲ့ဖူးသမျှထေွးပေွ့ခြင်းတေွထဲမှာ အနေွးထေွးဆံုးဘဲ။
"Kangလဲအရမ်းလွမ်းနေခဲ့တာ"
Hyunက သုူမရဲ့ခါးတေွကိုတင်းကျပ်စွာပြန်ဖက်တယ် ပြီးတော့အဲ့လိုထိတေွ့မှုမျိုးကို ကျမသဘောကျတယ်။ hyunကိုပိုပြီးတင်းကျပ်ကျပ်ဖက်မိတယ်။
"ဘယ်သွားချင်လဲhyun"
"ဒီမှာဘဲနေမယ်"
ဖက်ထားတာကိုခွါလိုက်ပြီး hyunက ခုတင်ပေါ်မှာထိုင်တယ်
"နေ့ခင်းစာဘာစားထားလဲkang"
"မစားရသေးဘူး ရောက်ရောက်ချင်းhyunဆီတန်းလာတာ"
ဒေါကျ ဒေါကျ
"သမီးရေ မေမေစေျးထဲသွားဦးမယ် အိမ်မှာနေဦးနော်"
"ဟုတ်"
အိမ်ထဲမှာသူမတို့နှစ်ေယာက်ထဲကေန်နေခဲ့တော့ လွတ်လပ်သွားသလိုလဲခံစားရတယ် အနေခက်သလိုလဲခံစားရတယ်။
"ခဏစောင့် hyunသွားပြင်ပေးမယ်"
"ဘာပြင်မှာလဲ"
"Kangအတွက်စားစရာတစ်ခုခုလေ"
"ဟင့်အင်းမပြင်နဲ့kangမဆာဘူး"
"အဲ့ဒါဆိုဘာလုပ်မှာလဲ"
သူငယ်ချင်းဘဝတုန်းက စကားတေွပြောမကုန်သလောက် အခုကြတော့ နှစ်ေယာက်လံုတိတ်ဆိတ်နေပြီပြီ။
"Hyun.."
Seulgiရဲ့တည်ငြိမ်စွာခေါ်တဲ့အသံက joohyunကိူ အသည်းယားစေသလို နေရလဲခက်စေသည်။
"Kangတို့အကြောင်းကိုjennieတို့သိသွားပြီလား"
"မပြောပြရသေးဘူး"
"Hyun...."
"ဟမ်"
"နမ်းလို့ရလား"
ဘယ်လိုမျိုးမေးမိလိုက်ပါလိမ့် ကိုယ့်ခေါင်းကိုယ်သာ မနာအောင်ထုပစ်ချင်တော့တယ်။ hyunကတော့ ပါးပြင်တေွရဲလို့။ ခြေဖျားတေွ လက်ဖျားတေွကအခုထိအေးတုန်း hyunနဲ့ထိတေွ့ဖို့အတွက် သူမမှာခံနိုင်ရည်မရှိသေးဘူး။
"Kangသဘောလေ"
ချစ်သူတေွဖြစ်သွားပေမဲ့ သူငယ်ချင်းတေွက တစ်ေယာက်နဲ့တစ်ေယာက်နမ်းဖို့ခွင့်တောင်းနေသလိုဘဲ။ ဒါတောင်မှ ဒီအခြေအနေကြီးက နေရခက်တုန်း။
Seulgiက joohyunဘက် မျက်နှာမူတော့ နှစ်ေယာက်သားတည်ငြိမ်စွာအကြည့်ချင်းဆံုတယ်။ ပထမဆံုးအနမ်းကိုပံုပေါ်ရမှာမို့ နှစ်ေယာက်လံုးက စိတ်လှုပ်ရှား။ လေထုနဲ့ပတ်ဝန်းကျင်ကငြိမ်သက်နေတယ်။ seulgiကမျက်နှာနှစ်ခုကိုပိုမိုနီးကပ်စေတော့ joohyunက မျက်လွှာတေွပိတ်ပစ်တယ်။ အပြင်မှာရာသီဥတုက သာယာပေမဲ့ အခန်းအပူရှိန်က မြင့်လာသေယာင်ေယာင်။ နံရံပေါ်က ပန်းချီကားတစ်ချို့က ရှက်သေွးဖြာလာပြီး နာရီစဥ်ကနာရီသံလေးက တစ်ချပ်ချပ်နဲ့ သူမရဲ့နှလံုးခုန်သံတေွလိုဘဲ။ နှုတ်ခမ်းနှစ်ခုထိကပ်ပြီးနှုတ်ခမ်းသားတေွမလှုပ်ရှားခင်မှာ သူမတို့နှစ်ေယာက်ရဲ့မျက်လွှာတေွကပိတ်ပြီးသား။
Joohyunရဲ့ခါးပေါ်seulgiရဲ့လက်တေွတွယ်ဖက်လိုက်ချိန်မှာတော့ joohyunလက်တေွကလဲ seulgiပုခံုးပေါ်ရောက်ပြီးသား။ သူမတို့ရဲ့နှုတ်ခမ်းနှစ်လွှာကိုစတင်လှုပ်ရှားတော့ အနည်းငယ်ခြောက်နေတဲ့နှုတ်ခမ်းသားလေးတေွက စိုစွတ်သွား။ နှုတ်ခမ်းသားတို့ထိကပ်ရံုနဲ့ တစ်ကိုယ်လံုးကြက်သီးမေွးညှင်းထသွားတာကတော့ ဘာလို့လဲဆိုတာ အဖြေရှာမရ။
Seulgiရဲ့ကိုယ်က အနည်းငယ်ကိုင်းလာပြီးနောက် hyunရဲ့ ကျောပြင်က မေွ့ယာနဲ့ထိကပ်ပြီးပြီ။
မေွ့ယာထက်ပံုကျနေတဲ့hyunရဲ့ဆံနွယ်တေွ ကျောဘက်ကအင်ကျီစကို တင်းတင်းဆုတ်ထားတဲ့hyunရဲ့လက်တေွ ခပ်သင်းသင်းhyunရဲ့ကိုယ်သင်းနံ့တေွ မေှးစက်ထားတဲ့hyunရဲ့အညိုရောင်မျက်ဝန်းတေွ နီးဆေွးဆေွးအိစက်စက်hyunနဲ့နှုတ်ခမ်းတေွ ဒါတေွကိုပိုပြီးဆွဲမက်သွားတဲ့ ဘယ်တော့မှမေ့နိူင်တော့မှမဟုတ်တဲ့Kangနဲ့ ဦးနေှာက်နဲ့နှလံုးသား....။
*****
အမလေး စိတ်တိုတဲ့နေ့က first kissကိူရေးရတဲ့အခန်းနဲ့တိုးရတယ်လိုဘဲ စိတ်ကိုမနည်းလျော့ထားရတယ်။ လိုအပိချက်လေးတေွရှိရင်🙏🙏😑😔

Better PlaceWhere stories live. Discover now