EP-15

132 16 6
                                    

"ဂရုစိုက်သွားနော် သမီး"
"ဟုတ်"
ကျမတို့စတွဲတဲ့နေ့ကတည်းက နေ့တိုင်းတေွ့ဖြစ်ကြတယ်။ ဒီနေ့လဲ သူငယ်ချင်းတေွက တေွ့ဖို့ပြောတော့ ကျမတို့နှစ်ယောက်ထပ်ပြီးဆံုရတာပေါ့။ ထံုးစံအတိုင်းhyunကိုလာခေါ်တော့ hyunရဲ့အမေက ဂရုစိုက်သွားဖို့ပြောတာပေါ့။
"Jennieနဲ့kaiနဲ့ပြတ်သွားပြီဆိုhyun"
"ဟုတ်...ဟိုဘက်နေ့ကပြတ်သွားတာဆိုလားမသိဘူး"
"ဘယ်လိုဖြစ်လို့ပြတ်သွားတာလဲ"
"သဘောထားမတိုက်ဆိုင်တာတေွပေါ့"
"အင်း..အဲ့ဒါဆို ဒီနေ့တေွ့တဲ့ထဲမှာkaiပါပါ့မလား"
"Gpထဲမှာပြောထားတာတော့ kaiရောjennieရောက လာမယ်ပြောတာဘဲ"
"အင်း ဘယ်လိုတေွမျက်နှာချင်းဆိုင်မလဲမသိဘူး"
"သူတို့အကြောင်းမပြောနဲ့တော့"
စက်ဘီးနောက်ကနေ ကျမကျောကိုခေါင်းမှီရင်း ကျမခါးကိုဖက်သွယ်ရင်း ပြောတဲ့ hyunရဲ့စကားသံက ချွဲတာလား တောင်းဆိုတာလား မသဲကွဲ။
ဘာဘဲဖြစ်ဖြစ်ရင်ခုန်တယ်။ hyun,ရဲ့အပြုအမူတိုင်းက ကျမကိုရင်ခုန်အောင်လုပ်နေတာ။
******
Kaiနဲ့jennieက မျက်နှာချင်းဆိုင်ထိုင်နေပြီး yerimနဲ့Bogumကမျက်နှာချင်းဆိုင်ထိုင်နေတယ်။ ကျမတို့နှစ်ယောက် သူတို့ဝိုင်းနဲ့ မလှန်းမကမ်းနားရောက်တော့ သူတို့၄ယောက်လံုးက ကျမတို့ကိုပြံုးပြီးကြည့်တယ်။ ညကတည်းကပြောပြီးသားဘဲ ငါတို့တွဲနေပြီဆိုတဲ့အကြောင်းကို။
"Con..gra..tu..la..tion!!"
လက်ခုပ်သံတေွကြားထဲက မတိုးမကျယ်တစ်လံုးချင်းပီသစွာထွက်လာတဲ့အသံတေွကို မယံုနိုင်ဘူး။
"ဟဲ့..ဒီနေ့ဝိုင်းကို နင်တို့ရှင်းရမယ်နော်"
"ဘာလို့ရှင်းရမှာလဲ"
စနေတဲ့kaiနဲ့ရန်ပြန်တေွ့နေတဲ့ hyunနဲ့လဲရယ်ရပြန်တယ်။ Kaiနဲ့jennieနဲ့က ပြတ်တာရောဟုတ်ရဲ့လားလို့တောင်တေွးမိတယ်။ သူတို့နှစ်ယောက်ကပံုမှန်ဘဲ။ တစ်ယောက်နဲ့တစ်ယောက် စကားလဲပံုမှန်ပြောနိုင်တယ်။ ကျမနဲ့hyunသာ ပြတ်သွားခဲ့ရင် ကျမကတော့ ဒီလိုရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ ကျမတို့ကပြတ်မှာမဟုတ်ဘူး။
"Joohyunတို့လဲမပြောချင်ဘူး မချစ်ဘူးမဟုတ်ဘူးနဲ့ အခုတော့.."
"Yeah..yerimတော်တော့ ဆက်ပြီးစနေရင် ဒီနေ့ဝိုင်းကိုမရှင်းပေးတော့ဘူး"
ကျမရဲ့သူငယ်ချင်းတေွက LGBTကို လက်မခံနိုင်ရင်တောင် ကျမတို့ကိုလက်ခံနိုင်မှာတော့သိတယ်။ သူတို့ကနားလည်မှုရှိတဲ့သူတေွပါ အဲ့ဒါကြောင့် သူတို့ကြားမှာကျမအနေမခက်ခဲ့ရဘူး။အဲ့အတွက်လဲကျေးဇူးတင်မိတယ်။ တစ်ချို့သာဆိုကိုယ့်ကိုသဘောမကျတာနဲ့ရေှာင်နေရမှာ။
အားလံုးရဲ့အပြံုးကတောက်ပနေပေမဲ့ ကျမနဲ့Bogumကြားမှာတော့ အနေခက်သလိုခံစားရတယ်။ BogumကHyunကိုချစ်နေသေးတယ်ဆိုတာ ဘယ်သူမှမသိပေမဲ့ ကျမသိတယ်လေ။
သူကရော ကျမတို့တွဲတာကို နားလည်ပေးမှာလား ဒါမှမဟုတ် ကျမအပေါ်ကိုအမြင်မကြည်မှာလား။ အမြင်မကြည်တာတော့မဖြစ်နိုင်ဘူး Bogumက နားလည်တတ်နေပြီ။
"ပါးစပ်ဟ.."
Hyunက ပါးစပ်ကိုဟခိုင်းတယ်။ ဘေးကလူတေွကိုကြည့်လိုက်တော့ ချောင်းတဟန့်ဟန့်နဲ့
ကိုယ့်ဘာသာပြံုးစိစိသာလုပ်ပြီးhyunကျေွးတာကိုစားတော့လဲ ချောင်းဟန့်သံတေွက မပျောက်သေး။
ဒီနေ့ကျမသိလိုက်တာက ရည်းစားနဲ့Dateရင် သူငယ်ချင်းတေွနဲ့ဝေးတဲ့နေရာမှာDateဖို့ပါဘဲ။
********
"Eunjung unnieပြန်မလာသေးဘူးလား"
Jiyeonက သတင်းကြည့်နေရင်း သူမဘက်လှည့်ပြီးခေါင်းရမ်းပြတယ်။
"ကလေးမယူဘူးလား"
ကျမမေးတာကို မျက်လံုးပြူးပြီးကြည့်နေတဲ့jiyeon unnie..
"ဘယ်လိုမေးလိုက်တာလဲKang Seulgi"
"နည်းပညာတေွနဲ့ကလေးယူလို့ရတယ်ဆိုတဲ့အကြောင်းက ညကvideoတစ်ခုကြည့်ရင်းသိခဲ့ပြီးပြီ unnieလဲသိတယ်မဟုတ်ဘူးလား"
Jiyeon unnieရှက်တာကို ခဏခဏမြင်ဖူးပေမဲ့ ဒီတစ်ခါကတော်တော်ရှက်သွားပံု။
"ငါ့အသက်က အခုမှ၂၉ဘဲရှိသေးတာလေ"
"အဲ့ဒါဆိုနောက်ကြရင်ယူမှာပေါ့"
အလိုက်ကမ်းဆိုးမသိအားတက်တရောမေးနေတဲ့seulgiနဲ့ မေးလေရှက်လေဖြစ်နေတဲ့jiyeon.။
"ညက Eunjungကပြောတယ်...ကလေးယူရအောင်တဲ့"
"ယူလေunnieရဲ့ seulလဲ တူမလေးကိုထိမ်းချင်တာပေါ့"
Jiyeon unnieကို တကယ်ကလေးယူစေချင်တာ jiyeon unnieနဲ့သေွးသားအရတေ။်စပ်မှုမရှိပေမဲ့ ကျမတို့ကသေွးသားအရင်းထက်ချစ်ကြတာမိုလို့ ji unnieမေွးမဲ့ကလေးက ကျမရဲ့တူမလေး။
"နည်းပညာတေွနဲ့ ကလေးတစ်ယောက်ကိုလွယ်လွယ်ကူကူယူလို့ရပေမဲ့ ကလေးအတွက် အများကြီးပြင်ဆင်ရတယ်seulရဲ့ Eunကမိန်းကလေးတစ်ယောက်ပေနဲ့သေနတ်တေွကြားထဲကနေunnieကို ရှာကေျွးနေရတာ ကလေးတစ်ယောက်ထပ်တိုးရင် သူပိုပြီးပင်ပန်းမှာပေါ့ ဘယ်မိဘမဆို ကိုယ့်သားသမီးကို ကျောင်းကောင်းကောင်းမှာထားချင်မှာဘဲလေ ကျောင်းကောင်းကောင်းထားဖို့အတွက် စရိတ်ကိုပါ သူတစ်ယောက်ထဲရှာရမှာ အဲ့ဒါတေွကို အကြိမ်ကြိမ်ပြန်စဥ်းစားပြီး မယူဖြစ်သေးတာပေါ့ ပြီးတော့အဲ့ကလေးရဲ့မိဘတေွက အဖေနဲ့အမေမှမဟုတ်တာ LGBTဖြစ်နေတဲ့အတွက် သူသိမ်ငယ်မှာပေါ့"
Jiyeon unnieက သူ့တပည့်တေွကိုကောင်းကောင်းဆံုးမခဲ့သလို သူကိုယ်တိုင်လဲ ကောင်းကောင်းသံုးသပ်တတ်တာဘဲ။ သူပြောလိုက်မှ အဖေတစ်ယောက်ရဲ့မေတ္တာကိုပိုပြီးနားလည်လာသလို ကိုယ်ချင်းစာတတ်လာတယ်။ ကိုယ်တိုင်လဲလိင်တူချစ်တတ်တဲ့သူတစ်ယောက်မို့ သူနဲ့ထပ်တူထပ်မျှခံစားရတယ်။ ဒါတောင်ကျမတို့လိုLGBTကို ရွံသလိုလို နှိမ်ချင်သလိုလိုလူတေွကရှိသေးတာလား။ ကျမလဲကြောက်ခဲ့တာပေါ့ လိင်တူတွဲရင်ပတ်ဝန်းကျင်ကလေှာင်ရယ်မှာကိုကြောက်ခဲ့တာ ဒါပေမဲ့ hyunကိုချစ်တဲ့အချစ်တေွနဲ့ယှဥ်လိုက်တော့ အရာအားလံုးက အသေးအမွှးဘဲ။ ခောတ်အခါအရ လိင်တူidolချင်းကိုshipကြတဲ့ခောတ်မို့ jiyeon unnieတို့တုန်းကလို အခက်အခဲအများကြီးမကြံုရဘူးလို့တော့ထင်တယ်။ ကြံုခဲ့ရင်တောင် hyunနဲ့မခွဲဘူး။
ဒူးးးဒူးးးး
စားပွဲပေါ်ကတုန်ခါနေတဲ့ဖုန်းကြောင့် သူမအတေွးကို့ရပ်ကာ ဖုန်းကိုင်လိုက်တဲ့jiyeonဆီရောက်သွားသည်။
"Hello...ဟုတ်jiyeonပါ....ရှင်!!!ဘယ်ဆေးရံုလဲ....ဟု ဟုတ်ကျေးဇူးပါ"
Jiyeonရဲ့အသံတေွက တုန်ယင်နေတာကြောင့် စိတ်ပူစရာတေွဖြစ်မှာစိုးသည်။
"Eunကိုသေနတ်ထိသွားလို့တဲ့ အခုလျုက်သွားမှာဖြစ်မယ် seulအိမ်မှာတစ်ယောက်ထဲဖြစ်တယ်မလား"
Jiyeonရဲ့စကားတေွရေ။ အမူအယာတေွကရော ပြာယာနေပြီး မျက်ရည်တေွက ကျလုဆဲဆဲ။
"Seulပါလိုက်ခဲ့မယ်"
ကျမကိုတုန်တုန်ယင်ယင်နဲ့ ခေါင်းသာငြိမ့်ပြပြီး ပိုက်ဆံအိတ်ကိုင်ကာ မြန်မြန်ထွက်သွားတော့jiyeon unnie.။ သေနတိမှန်တယ်ဘဲပြောထားတာကြောင့် အခြေအနေကဘယ်လိုမှန်းမသိတော့ ကိုစိတ်ပူရတာပေါ့။
ကားမောင်းနေတဲ့jiyeon unnieကို အဆင်ပြေမှာပါလို့ အားပေးစကားတသ်ချို့နဲ့နှစ်သိမ့်ရက်း ဆေးရံုးဆီအရောက်သွားရတော့တာပေါ့။
********
ဆေးရံုရဲ့ကြမ်းပြင်ပေါ် ခပ်သုတ်သုတ်ပြေးနေတဲ့ဒီခြေလှန်းတေွရဲ့နောက်ကွယ်မှာ အကြောင်းရင်းတေွ အများကြီးရှိတယ်။ ဘေးနားကသူ့လက်မောင်းကိုကျစ်ကျစ်ဆုတ်ရင်း ခွဲစိတ်ခန်းရေှ့ရောက်တဲ့ထိပြေးနေရတာ အချိန်တေွက ကြာသလိုဘဲ။ ခွဲစိတ်ခန်းထဲက တစ်ယောက်ယောက်က သတင်းအခြေအနေလာမပြောမခင်လေး ဒီတစ်ခဏက ကျမတို့အတွက်တော့ တကယ့်ကို ကမ္ဘာပျက်ချိန်ပါ။
"လူနာရှင်လားမသိဘူး"
ဖိုင်တစ်ခုနဲ့ ဘောပင်တစ်ချောင်းကိုင်ရင်း သက်လတ်ပိုင်းအမျိုးသမီးက ကျမတို့နားလာပြောတယ်။
"ဟုတ်ကဲ့ ဒီအခန်းထဲကလူနာကိုငေနတိမှန်တာ ဘယ်နေရာလဲသိလို့ရမလား"
"ဒီနားလေးလက်မှတ်ထိုးပေးပါ ဝမ်းဗိုက်ကိုလို့ပြောပါတယ်"
လံုးလံုးကြီးမဟုတ်ပေမဲ့ နည်းနည်းတော့စိုးရိမ်တာလေးတေွလျော့သွားတာမို့ သက်ပြင်းရှည်ကြီးတစ်ချက်ကိုချရတာပေါ့။ jiyeonကတော့ တုန်တုန်ယင်ယင်အသံတေွနဲ့ ကေျးဇူးတင်ကြောင်းပြောရင်း လက်မှတ်ထိုးပေးလိုက်တာပေါ့။ အမြဲတမ်းလှနေတဲ့လက်မှတ်လေးက ဒီတစ်ခါတော့ တုန်ယင်ပြီးအေးစက်နေတဲ့လက်တေွကြောင့် အတွန့်လေးတစ်ချို့နဲ့..။
********
"အဆင်ပြေရဲ့လားEun.."
Ji unnieရဲ့အသံတေွက ငြင်ငြင်သာသာလေး ပြီးတော့eun unnieက ခေါင်းငြိမ့်ပြတယ်။
"ငိုထားတာလား"
တိုးတိုးလေမေးတဲ့ eun unnieကို ji unnieက ခေါင်းတဆက်ဆက်ငြိမ့်ပြတယ်။
ဟုတ်တယ် ji unnieက ကျမရေှ့မှာတင်ငိုခဲ့တာ အဲ့ဒါကြောင့်လဲ သူ့လက်ခေျာင်းအေးစက်စက်တေွကို ဆုတ်ကိုင်ရင်း အားပေးခဲ့ရသေးတယ်။ အခြားသူကိုအား ပေးတယ်ပြောလို့ ကျမမှာအားရှိတယ်မထင်ပါနဲ့။ ကျမလဲ အားပျက်ခဲ့ရတဲ့အချိန်တေွမှာ။
"Seulအိမ်ပြန်နားတော့လေ jiက ဒီညဆေးရံုစောင့်ပေးရမှာ တံခါးတေွကိုသေချာပိတ်ထား မမေှာင်ခင် အိမ်ကိုရောက်အောင်ပြန်"
"ဟုတ်"
***
အိမ်ထဲရောက်ရောက်ချင်းဆီးကြိုနေတာက တုန်နေတဲ့ဖုန်း။
သူငယ်ချင်းတေွနဲ့တေွ့ပြီးပြန်လာကတည်းက hyunကို စာတစ်စောင်တောင်မပို့ရသေးတာ အခုမှစိတ်ချလက်ချလွမ်းနိုင်တော့တယ်။
"Hello"
"ဘယ်တေွသွားနေတာလဲ hyun ဖုန်းခေါ်နေတာ ကြာလှနေပြီ"
"ဆေးရံုသွားနေတာ"
"ဆေးရံု!?..ဘယ်သူဘာဖြစ်လို့လဲ"
"Eunjung unnieကိုသေနတ်မှန်လို့ အစာအိမ်နဲ့ကပ်လွဲသွားတယ်တဲ့"
"အခုရော အခုပြေရဲ့လား"
"အင်း သတိရနေပြီ"
"အန္တရယ်များလိုက်တာ ဘာလို့များသူကဒီအလုပ်ကိုရေွးခဲ့တာလဲမသိဘူး"
"ဝါသနာပါလို့နေမှာပေါ့"
"ဝါသနာကြီးကလဲ မိသားစုတေွကရင်တမမနဲ့ Kangအလှည့်ကြရင် အဲ့လိုအလုပ်တေွမလုပ်ရဘူးနော် hyunကတော့ ရင်တမမနဲ့ မနေနိုင်ဘူး"
Hyunကိုပြန်မဖြေရသေးခင် ရှိသမျှသွားအကုန်ပေါ်အောင် ဖြီးနေတာတော့ ကျမကိုယ်ကို ကျမသိပါတယ်။
"အင်းပါhyunရဲ့ SPYအလုပ်က အဲ့လောက်ကြီးလဲအန္တရယ်မရှိပါဘူးhyunရဲ့ စံုစမ်းပေးရံုလောက်ပါဘဲ ဒါက မတော်တဆမိုလို့ပါ"
"ဘာဘဲဖြစ်ဖြစ် လုပ်ဖို့စိတ်မကူးနဲ့"
"ဟုတ်ကဲ့"
ချစ်ရသူရဲ့ဆံုးမစကားတေွကို အမေဆံုးမခဲ့တုန်းကလိုဝေဝေဝါးဝါးမဟုတ်ဘဲ ထင်ထင်ရှားရှားကို နာထောင်ခဲ့တာပါ။ ဒီလိုကြပြန်တော့လဲ အချစ်ဆိုတာ ပုရွက်ဆိတ်တက်မှာတောင်ကြောက်ရပါရောလား။
*******
ပြီးပါပြီ.....
အပိုင်း၁၆ကိုပြောတာ😑😑

Better PlaceWhere stories live. Discover now