Ep-12

148 19 12
                                    

ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းတယ်။ မျက်လံုးထဲမြင်နေရတာတေွက ဝေဝေဝါးဝါး။ အသိစိတ်အနည်းငယ်ကပ်လာတဲ့အချိန်မှာ သူမရဲ့ ဇာတိကိုရောက်နေပါလားလို့ဦးစွာတေွးမိတယ်။ မီးပိတ်ထားတဲ့မို့ အမေှာင်က အနည်းငယ်သန်းနေတယ်။ ခရီးပန်းပြီးဘယ်နနာရီတေွတောင် အိပ်ပစ်လဲတော့မသိ မျက်လံုးကိုပွတ်ကာ အိပ်မှံုစုတ်ဖွားဖြစ်နေတဲ့သူမ။ ဘေးကဖုန်းကိုဖွင့်ကြ့ည့်လိုက်တော့ 06:10PM, ဖုန်းScreenပေါ်နေတာတဲ့အရာတစ်ခုက သူမစိတ်ကို ကတိကအောက်ဖြစ်စေပြီး ဝမ်းနည်းသလိုလို အမှားလုပ်မိသလိုလို သနားသလိုလိုဖြစ်မိသည်။ Hyunကဖုန်းခေါ်ထားတယ်လေ။၄၆ခါ.......
ဖုန်းကိုကြည့်နေချိန်မှာဘဲ ဖုန်းထပ်လာတာကြောင့် လျှင်လျှင်မြန်ဘဲကိုင်သည်။
"Hello..hyun..."
"Kang..ဘာလို့ဖုန်းမကိုင်တာလဲ ရောက်နေပြီလို့messageပို့ထားပြီးတော့"
"ပင်ပန်းပြီး အိပ်ပျော်သွားတာ"
"အင်း..ဘယ်တူန်းကနိုးတာလဲ"
"အခုဘဲနိုးတာ ညရောက်မှ ဖုန်းပြန်ဆက်လိုက်မယ်လေ "
"ဟုတ်"
ဇာတိပြန်ရောက်လို့လဲ လာလည်မဲ့သူငယ်ချင်းမရှိပါဘူး ဇာတိပြန်လာလို့ ဖုန်းဆက်မဲ့သူငယ်ချင်းတော့ရှိတယ်။
*****
အစားအစာတစ်ချို့က သူ့မှာရှိပြီးသားအရသာထက် ပိုစားကောင်းသလိုခံစားရတယ်။ အခုseulgiစားနေသလို မိခင်ချက်ပေးတဲ့ အစားအစာမျိုးပေါ့။ အဲ့အရသာတေွက ဟင်းချက်ကောင်းတဲ့အမေ့ကြောင့်လား စေတနာပါလွန်းတဲ့အမေ့ မေတ္တာကြောင့်လား အမေ့ကိုချစ်လွန်းတဲ့သူမကြောင့်လားတောင် သေချာမသိဘူး။
"Seulgiစားပြီးရင်အိမ်ရေှ့လာခဲ့"
"ဟုတ်"
အကိုက လူကောင်ကြီးပေမဲ့ သိပ်မစားဘူး။အခုလဲ နည်းနည်းဘဲစားပြီး အိပ်ရေှ့ထွက်သွားပြီ။ hyunကမေးတယ် မေွးချင်းဘယ်နယောက်ရှိလဲတဲ့ ဟုတ်တယ် ကျမမှာ တစ်ေယာက်ထဲရှိခဲ့တာ။
******
"နင်သူငယ်ချင်းတေွရနေပြီလား"
ခြံထဲကပန်းရနံ့တေွရတယ် အပြင်မှာမေှာင်နေပေမဲ့ လမင်းရဲ့အကူအညီနဲ့ ပတ်ဝန်းကျင်ကိုြမင်နေရတယ်။
"ရနေပြီ ဘာလုပ်မလို့လဲ"
အကိုက သူမထက်၁၀နှစ်ကြီးတယ် ပြီးတော့သူမကို ညီမအရင်းလိုဂရုစိုက်တယ် ချစ်တယ်။
"မသိပါဘူး ဒီမှာတုန်းကလို ဘယ်သူနဲ့မှစကားမပြောဘဲနေတာလားလို့"
"ကိုကို့ကိုပြောပြစရာရှိတယ် seulကို ဝေဖန်ပေးပါ"
ခပ်ကျယ်ကျယ်ပန်းခြံထဲ မျက်စိတဆံုးလမ်းမပေါ်ဘေးက တဲထဲထိုင်ရင်း သူမတို့မောင်နှမနှစ်ေယာက်က စကားပြောလေ့ရှိတယ်။ ဒီမှာနေတုန်းကလဲ seulgiမပျင်းခဲ့ပါဘူး အကိုတစ်ေယာက်လံုးက အဖော်ပြုပေးတယ်လေ။
အကိုကတိတ်ဆိတ်နေတယ် ဒါကြောင့်သူမဘဲစကားဆက်တယ်။
"Seulချစ်တဲ့သူရှိနေပြီ"
နည်းနည်းတော့ထူးဆန်းတယ် အကိုတစ်ေယာက်ကို ချစ်တဲ့သူရှိကြောင်းဖွင့်ပြောတာလေ။
ဟုတ်တယ် အကိုကသူမရဲ့ ရင်ဖွင့်ရမဲ့တစ်ဦးတည်းသောသူငယ်ချင်းဘဲ။ အကိုကနားလည်ပေးတယ် ဆံုးဖြတ်ပေးတယ် အကိုကမှားတယ်မလုပ်နဲ့ဆို သူမခြေလှန်းတေွကို ရပ်တန့်ပစ်တယ်။ အကယ်၍သူအခုပြောလိုက်တဲ့စကားကို အကိုကမှားတယ်ပြောရင်ရော သူမခြေလှန်းတေွရပ်တန့်နိုင်ပါ့မလား။
"ဘယ်သူလဲ သူငယ်ချင်းလား"
"Seulလမ်းမှားလေျှာက်မိနေပြီထင်တယ် seulရဲ့သူငယ်ချင်းကမိန်းကလေး"
အကိုကရယ်တယ်။ အကိုအခြားအချိန်တေွ အူကြောင်ကြောင်နဲ့စတတ်ပေမဲ့ အခုလိုအချိန်ဆို လေးနက်တယ်။
"Seulက မိန်းကလေးတစ်ေယာက်ကိုချစ်မိတာမမှားမပါဘူး seulကိူမချစ်တဲ့သူကိုချစ်မိမှ မှားတာ အကယ်၍အဲ့ကောင်မလေးက seulကိုချစ်တဲ့အရိပ်အေယာင်တေွမပြဘူးဆိုရင် seulခြေလှန်းတေွရပ်လိုက်တော့"
ဟုတ်တယ် အဲ့အချက်ကိုအမြဲလိုလိုစဥ်းစားနေခဲ့တာ အဖြေရှာနေပေမဲ့လဲ အဖြေမရခဲ့ဘူး။ အကယ်၍အကိုပြောသလို hyunက မချစ်ဘူးဆိုရင်ရော။ စဥ်းစားတာနဲ့တောင် နှလံုးသားတစ်ခုလံုး နာကျင်ရပါတယ်။
အကိုက သူမကိုဆက်ပြီးအဖြေရှာကူတယ်။
"မိန်းကလေးချင်းချစ်တာ မလွယ်ဘူးseulရဲ့ ကိုကို့ညီမလေး စိတ်မကောင်းဖြစ်မှာကို ကိုကိုမလိုလားဘူး အရမ်းကြီးခြေလှန်းတေွမလှန်းရသေးရင် နောက်ပြန်ဆုတ်လိုက်ပါလား"
စဥ်းစားခဲ့ပါတယ် အကိုပြောသလိုအကြိမ်ကြိမ်စဥ်းစားခဲ့ပြီးပြီ အနောက်ဘက်ကိုဦးတည်တဲ့ခြေလှန်းတိုင်းက အရေှ့ဘက်ကုိရောက်သွားတာတော့ seulမတတ်နိုင်ဘူးအကို။
"စိတ်မကောင်းမဖြစ်ပါနဲ့ အဲ့ကောင်မလေးက seulကိုပြန်ကြိုက်မှာပါ ကိုကို့ညီမလေးက ဒီလောက်ချောတာကို"
ခေါင်းငိုက်ပြီး ညိုးသွားတဲ့ကျမမျက်နှာကိုြမင်သွားလို့လားမသိပါဘူး အကိုကခေါင်းလေးပုတ်ြပီးအားပေးတယ်။
"ဒါပေါ့ ကိုကို့ညီမဘဲဟာ"
ပြံုးခဲ့တယ် ဒီအပြံုးတေွက လုပ်ယူထားတာတစ်ခုမှမပါဘူး ကျမကိုနှစ်သိမ့်နေတဲ့အကိုအတွက် နှစ်နှစ်ခြိုက်ခြိုက်ြပံုးခဲ့တဲ့အပြံုးတေွ
*******
"ဟုတ်လား..အဲ့ြကတော့ဘာလုပ်ခဲ့လဲ"
"ဘာလုပ်ရမလဲhyunလဲ မျက်စောင်းတေွချည်းထိုးခဲ့တာပေါ့ ရုပ်ကိုကမျက်နှာရူးနဲ"
ဒီမျက်နှာလေးကို မမြင်ရလဲ ကျမကောင်းကောင်းဖတ်နိုင်ပါတယ်။ ဒီနေ့သူ့ကိုလိုက်ငမ်းတဲ့ကောင်တေွအကြောင်းပြောပြနေတာလေ hyunကဒီလိုခဏခဏပြောြပလေ့ရှိတယိ ဒီလိုအကြောင်းတေွကို jennieတို့ကိုပြောပြနေကြလားတော့ သူမလဲသေချာမသိပါ။ ဒီလိုတေွပြောချိန်ဆို hyunက သိပ်ချစ်ဖို့ကောင်းလွန်းတယ်ဆိုတာတော့ သူမသိတယ်။ အဝေးရောက်နေချိန်တောင် လေလိှုင်းကတစ်ဆင့် သူမကိုပြံုးအောင်လုပ်နိုင်တဲ့hyunပါ။
"စားပြီးပြီလားhyun"
"ဟုတ် Kangရော"
"စောစောကဘဲပြီးတာ အကိုနဲ့လဲစကားတေွအများကြီးပြောခဲ့တယ်"
"အကိုလား ဘယ်ကအကိုလဲ ဘာတေွပြောခဲ့တာလဲ"
ဒီလိုဘာမဟုတ်တဲ့မေးခွန်းလေးက သူမနှလံုးသားတစ်ခုလံုးကို တုန်ခါအောင်လုပ်ပစ်နိုင်တာလား
"Kangရဲ့အကိုဝမ်းကွဲလေ kangရဲ့သူငယ်ချင်းလေးက စိတ်ထားကောင်းတာရော ချစ်စရာကောင်းတာရော ရုပ်ချောတာရောပြောခဲ့တာ"
"ဘယ်ကသူငယ်ချင်းလဲ jennieလား yerimလား"
"Hyunလေ"
"Hyunနဲ့က သူငယ်ချင်းဘဲလား"
အဆက်မပြတ်မေးလာတဲ့မေးခွန်းတေွကို အဆက်မပြတ်ဖြေလာခဲ့ပေမဲ့ ဒီမေးခွန်းက သူမနဲ့မဆိုိင်သလိုခံစားရတယ် သူမကိုမေးတဲ့မေးခွန်းမဟုတ်သလိုခံစားရတယ် ဒါကြောင့် ချက်ချင်းမဖြေနိုင်ခဲ့ဘူး ပြီးတော့ဒီမေးခွန်းက သူမတို့ကြားမှာမေးရမဲ့မေးခွန်းမဟုတ်ဘူးလို့လဲထင်တယ်။ ဒါဆို အဲ့နေ့ညက သူပြောခဲ့တဲ့စကားတေွက တကယ်လား။'ချစ်တယ်kang'
"အင်းလေ hyunက kangရဲ့ သူငယ်...."
"တော်တော့kang....ဆက်မပြောနဲ့တော့ hyunအိပ်တော့မယ်"
"ခဏ..နေဦး....hyu..hyun....!!"
သူမစကားကိုတောင်အဆံုးထိနားမထောင်ဘဲဖုန်းချသွားတဲ့hyun။
ဒီခံစားချက်ကဘယ်လိုမျိုးလဲ ရည်ရွယ်ထားတဲ့လမ်းကိုလျေှာက်ရတော့မှာလား။ သူ့ဘက်ကချစ်တယ်ဆိုတဲ့စကားကိုအတည်ပြောခဲ့တာဆို ကိုယ့်ဘက်ကချစ်တယ်ပြောဖို့ဘဲကျန်တော့တာလား။ အခုချက်ချင်းဘဲဖုန်းပြန်ဆက်သင့်တာလား။ ဒါပေမဲ့သူဆိုလိုတာက ညီမတေွလိုများလား။ ဖုန်းဆက်ရမှာလား မဆက်ရဘူးလား။
"Seulgi..ဖုန်းပြန်မဆက်သေးဘူးလား..ဟိုဘက်ကစိတ်ဆိုးသွားတာမလား"
အခန်းတံခါးခေါက်ပြီး လာပြောသောအကို
"ကိုကိုဘယ်လိုလုပ်သိတာလဲ"
"မသိဘဲနေမလား ဖုန်းပြောတာကို အကျယ်ကြီးပြောနေပြီးတော့ အမေတို့ကြားသွားမယ် တိုးတိုးပြော"
"ဟုတ်"
ကိုယ့်အသံအဲ့လောက်တောင်ကျယ်သွားလားဆိုပြီး ပြန်ရယ်မိရင်း လက်က နံပါတ်တစ်ဂဏန်းလေးကိုဖိလိုက်တော့ hyunဆီဖုန်းကခေါ်ပြီးသား။
ဖုန်းကတော့ဝင်နေပြီ..ဘာပြောရမလဲတော့ အခုထိမသိ။ ခြေဖျားတေွရောလက်ဖျားတေွရောကအေးစက်လာပြီး လည်ပင်းတေွကပူလာတယ်။ ဖုန်းကိုင်လိုက်ပြီ။
သူ့ဘက်ကဘာမှမပြောခင် ကိုယ့်ဘက်ကဘာမှမပြောရသေးခင် လည်ချောင်းတေွက အက်ကွဲလာသလိုလိုနဲ့ ချောက်ကပ်လာတယ်။ နှလံုးခုန်နှုန်းက ၂ဆ မကမြန်လာပြီး ဖုန်းကိုင်ထားတဲ့လက်ကြားထဲကချေွးတေွစက်လာတယ်။
"He..hello"
"ဘာလဲ"
"စိတ်ဆိုးသွားတာလား"
"မဆိုးဘူး",
မဆိုးဘူးသာပြောတာ အသံက သံနှစ်ထပ်ကွမ်းထားသလိုဘဲ။
"တကယ်အိပ်မလို့လား"
"ဘာလုပ်မလို့ဖုန်းဆက်တာလဲ ဒါတေွပြောဖို့လား"
"ဟင့်အင်း"
သူမမြင်နိုင်ပေမဲ့ ခေါင်းခါပြမိတယ်
"အဲ့ဒါဆို ဘာပြောမလို့လဲ"
"သတိရလို့"
"ဘာလို့သတိရတာလ"
Hyunမေးလိုက်တဲ့မေးခွန်းက သူမကိုကြောင်တောင်တောင်ဖြစ်စေပေမဲ့ နီးစပ်ရာအဖြေသာဖြေမိသည်။
"မတေွ့ရလို့ သတိရတာ"
"မတေွ့ရလို့ သတိရ ရေအာင်hyunတို့က သူငယ်ချင်းတေွလေ ချစ်သူတေွမှမဟုတ်တာ"
"အဲ့..အဲ့ဒါဆို ချစ်သူတေွဘဲ မတေွ့မှလွမ်းကြတာပေါ့"
"ဘာလဲ ချစ်သူတေွလုပ်ချင်လို့လား"
ဖုန်းကပ်ထားတဲ့ညာဘက်နားကတစ်ဆင့်hyunရဲ့အသံက  ရင်ထဲ အသည်းထဲ အသေွးထဲ အသားထဲကနေ နှလံုးသားထိပါစိမ့်ဝင်သွားတယ်။
"ဘာလဲမလုပ်ချင်ဘူးလား"
"မဟုတ်ဘူး လုပ်ချင်တယ်"
ဟင် လုပ်ချင်တယ်ငါပြောလိုက်တာလား ကိုယ့်ပါးစပ်ကို မရေတွက်နိုင်အောက်ရိုက်ပြီး မျက်လံုးကိုတင်းတင်းမှိတိပစ်သည်။
"ဘယ်လို လုပ်ချင်တာလား.."
ဒုတိယအကြိမ်ထပ်မေးတယ်။ ဒီအခြေအနေဖိရောက်ပြီးမှ နောက်ပြန်ဆုတ်ရမှာလား ရေှ့ဆက်သွားရမှာလား။ ရေှ့ဆက်ရမယ်ဆိုရင်တော့ မမြင်နိုင်တဲ့ အမေှာင်ထုလမ်းမို့ ပန်းတိုင်ဆီတည့်တည့်မက်မက်ဘဲရောက်သွားမလား ချောက်တေွဘဲရှိနေမလားတော့မသိ။
"ချစ်တယ်hyun မိသားစုဝင်လိုမဟုတ်ဘဲ သူငယိချင်းလျုမဟုတ်ဘဲ အသိလိုမဟုတ်ဘဲ ချစ်တယ်"
အကိုပြောသလို မိန်းကလေးတစ်ေယာက်ကိုချစ်ရတာမလွယ်ပါဘူး ပြီးတော့ကိုယ့်အပေါ် သူငယ်ချင်းထက်ပိုလား မပိုလားဆိုတာကိုလဲ ဝေခွဲရခက်တယ်။ ချစ်မိသွားပြီဆိုရင်တော့ မစဥ်းစားချင်တော့ဘူး ဖြစ်လာမဲ့ပြသနာတေွကို ခါးဆီခံရံုကလွဲပြီး ချစ်တဲ့သူကိုအနားမှာရှိစေချင်ရံုကလွဲပြီး ကျန်တာကို ပျက်ရယ်ြပုပစ်တော့မယ်။
ဒါကအထက်တန်းကျောင်းသူတစ်ေယာက်ရဲ့ ငယ်ရွယ်သူတစ်ေယာက်ရဲ့ မှားယွင်းတဲ့ဆံုးဖြတ်ချက်ဆိုရင်တောင် နောက်မဆုတ်နိုင်တော့ဘူး။
"စိတ်ဆိုးသွားလားhyun...kangကိူသူငယ်ချင်းမလုပ်တော့ဘူးဆိုလဲရပါတယ်"
"စိတ်လဲဆိုးတယ် သူငယ်ချင်းလဲ ဆက်မလုပ်နိုင်တော့ဘူး"
*****

Better PlaceWhere stories live. Discover now