EP-21

124 23 2
                                    

အိမ်မက်မလား တကယ်မဟုတ်ဘူးမလား။ သူမအခုအိမ်မက်မက်နေတာ အဲ့ဒါကြောင့်တစ်ေယာက်ယောက်လာပြီးလှုပ်နိုးပေးပါ။

"လမ်းခွဲရအောင်kang"တဲ့

ဘယ်အရာတေွကများ သူမတို့ကိုဒီအခြေအနေပို့လိုပ်တာလဲ။ သူမရဲ့အပစ်တစ်ခုခုကလား hyunရဲ့ ဟင့်အင်း joohyunရဲ့နှလံုးသားကလား။

"အကြောင်းပြချက်ကဘာလဲbae joohyun"

ဝမ်းနည်းစိတ်ကို ဒေါသစိတ်နဲ့ထိမ်းချုပ်ထားတာမို့ မျက်ရည်စတေွက အခုထိမျက်ဝန်းအိမ်ထဲမှာသာရှိသေးသည်။
ကိုယ့်အစားသူကအရင်အရုပ်ကြိုးပြတ်ဖြစ်နေတာက ဘာအထာလဲ။ လူမြင်ကောင်းအောင်လား။
တစ်စက် နှစ်စက် သူ့မျက်ဝန်းထဲကမျက်ရည်တေွကျတာကို သူမကောင်းကောင်းမြင်ရသည်။ မျက်နှာချင်းအနေအထားမှ ဘေးချင်းကပ်အနေအထားကို joohyunကပြောင်းစေသည်။

"ဘာသဘောလဲjoohyun"

ဘာသဘောနဲ့ ရင်ခွင်ထဲထိပိုက်စိုးပိုင်နယ်လာဝင်နေရတာလဲ။ နှလံုးသားတစ်ခုလံုးကို လက်နဲ့တင်းတင်းဆုတ်ကိုင်ထားပြီး တက်မနင်းခင် နှစ်သိမ့်မှုပေးတဲ့သဘောလား။

"စိတ်ကစားမိတဲ့အတွက်တောင်းပန်ပါတယ်"

ဒါဆိုမနေ့ကအထိလိမ်ညာနေသေးတာပေါ့။ ဘယ်ကတည်းကများလဲjoohyunရယ်။ ပါးပြင်တစ်လျေှာက်စီးကျနေတဲ့မျက်ရည်တေွက ဘယ်ကလား ညာကလား။
စိတ်မှအစ ခန္ဓာအဆံုး နှလံုးသားတစ်ခုလံုးပါပံုအပ်ပေးခဲ့တယ်လေ ဦးနေှာက်တေွလဲဘေးဖယ်ထားတယ်လေ ဘာာလို့...ဘာလို့များ ပစ်ပစ်ကာကာ..

"တကယ်သဘောကျတဲ့သူတေွ့ပြီမိုလို့"

'ဝုန်း!'

အားကစားလုပ်နေကျသူမအတွက် joohyunကို ရင်ခွင်ထဲကနေ ကြမ်းပြင်ထိရောက်အောင်ထုန်းထုတ်နိုင်တာသိပ်တော့မဆန်း။ ဆန်းနေတာသူမတို့အခြေအနေ။
ညကတစ်ရက်လေးသူမ ဖုန်းမဆက်တာနဲ့ဘဲ စာမပို့တာနဲ့ဘဲ သဝန်တိုမိတာနဲ့ဘဲ နှလံုးသားကိုတစ်ဟုန်းထိုး ထိုးကျအောင်လုပ်ပစ်တော့တာဘဲ။ ဘေးဝိုင်းတေွကလှည့်ကြည့်ပေမဲ့သူမဂရုမစိုက်နိုင်။ သူမတို့ရဲ့ပက်သက်မှုက ဒီစကားတစ်ခွန်းမှာအဆံုးသတ်တာဘဲ။

Better PlaceWhere stories live. Discover now