အနာဂတ်မသေချာတဲ့အိမ်တစ်လံုးကို သူမနဲ့အတူအခြေချခဲ့ပြီးပြီ။ ခိုက်မြဲတည်တံတဲ့အိမ်တစ်လံုးရဖို့ဆိုရင်တော့ ကျမရော သူမမှာပါတာဝန်ရှိတာပေါ့။ lgbtတစ်ေယာက်အနေနဲ့ ကိုယ့်ဘက်ကအသိုင်းအဝိုင်း ဘယ်လောက်ဘဲသဘောတူတူ အခက်အခဲကတော့ ရှိစမြဲလေ။ hyunက သူ့မိဘတေွကိုသိပ်ချစ်တာ။ မိဘစကား ဆရာ ဆရာမစကားဆို သိပ်အလေးအနက်ထားတာ။ အနေအထိုင်သပ်ရပ်ပြီး စည်းကမ်းရှိတဲ့hyunကိုလဲ မိဘတေွ ဆရာ ဆရာမတေွက ချစ်ကြတယ်။ ဒါတောင်မှ သူ့မိဘတေွ ဘယ်လိုမှသဘောတူမှာမဟုတ်တဲ့ ကျမဘဝထဲကို ဝင်လာခဲ့တာ။ ဒါကလဲ hyunက ကျမကိုဘယ်လောက်ထိချစ်ကြောင်း တစ်နည်းနည်းနဲ့ ပြောပြခဲ့တာဘဲပေါ့။ အခုလိုhyunပြံုးနေတဲ့အပြံုးလေးတေွ ပျောက်ပျက်သွားမှာ ကျမသိပ်ကြောက်တာဘဲ။ ဒါကြောင့် hyunရဲ့အပြံုးတေွ ပျောက်ပျက်မသွားဖို့ဆိုရင် ကျမမှာတာဝန်တေွအများကြီးရှိတယ်။
"Kang...."
"ဟမ်"
"Hyunကို ဘယ်လောက်ထိချစ်လဲ"
သမီးရည်းစားမှန်ရင် ဒီစကားတေွဆိုဖူးမှာဘဲလေ။ ပြီးတော့ကိုယ့်ဘက်က ဘယ်လိုအဖြေမျိုးဘဲဖြေပါစေ သူကသဘောကျမှာ။ ကိုယ်သူ့ကိုဘယ်လောက်ထိချစ်ပါတယ်လို့ ဖွယ်ဖွယ်ယာယာမဖြေတတ်ရင်တောင်ပေါ့။
"ကိုယ့်ကိုယ်ကိုhyunနဲ့မတန်ဘူးလို့ခံစားရလောက်တဲ့ထိကိုချစ်တယ်"
တကယ်အဲ့လိုထင်ခဲ့တာ အဲ့ဒါကြောင့်လဲ ဖွင့်ပြောဖို့အကြိမ်ကြိမ်တံု့ဆိုင်းနေခဲ့တာပေါ့။ ကျမလိုမိဘမရှိတဲ့သူနဲ့ ကျမလိုအပေါင်းအသင်းမရှိတဲ့သူနဲ့ ကျမလိုမပြည့်စံုတဲ့သူနဲ့ ကျမလို အညတရနဲ့ hyunနဲ့က ဘယ်လိုလုပ်များတန်မှာလဲ။
"Kangရဲ့အချစ်တေွနဲ့ hyunနဲ့ မတန်ဘူးဆိုတာဖြစ်နိုင်ပါ့မလား နောက်တစ်ခါ အဲ့လိုမဖြေနဲ့ hyunမကြိုက်ဘူး"
ကိုယ်ကဘဲ အတေွးသိမ်ခဲ့တာလား ကိုယ်ဘာဖြေဖြေသူသဘောကျမယ်ထင်ခဲ့တာ😅 ကိုယ်နဲ့သူနဲ့မတန်ဘူးထင်ခဲ့တာ😅။ကျမရဲ့အတေွးက ရူးမိုက်တဲ့ငယ်ရွယ်သူရဲ့ ခပ်သိမ်သိမ်အတေွးတေွပါ။
"Kangက hyunကိုချစ်လွန်းလိုဖြေလိုက်တာပါ အခုဘယ်သွားမှာလဲပြော"
"ရုပ်ရှင်ရံုလေ အဲ့နေရာကအကောင်းဆံုးဘဲ😁"
"😁😁"
ဇာတိမှာ၃ရက်ဘဲနေခဲ့တော့ ဒီမှာhyunနဲ့ ၇က် လောက်အေးအေးဆေးဆေးနေလို့ရသေးတာပေါ့။ မနေ့ကeunjung unnieက အလုပ်ကိစ္စနဲ့ချက်ချင်းပြန်လာရတော့ ကျမပါပြန်လာရတာပေါ့။ အမေတို့ကနေခဲ့ဖို့ပြောပေမဲ့ စာအကြောင်းပြပြီး ပြန်လာခဲ့ရတာ။ အမှန်တိုင်းပြောချင်ပေမဲ့ တစ်ချို့အမှန်တရားတေွက ပြောတိုင်းမကောင်းဘူးလေ။ ကျမအကြောင်းသိတဲ့ကိုကိုကတော့ စာသေချာလုပ်ဖို့မှာလိုက်တာပေါ့။ ကျမလဲစာတေွကိုပစ်မထားရက်ပါဘူး ကျမအမှတ်တေွနည်းရင် အိမ်ကရော hyunကရော သဘောကျမှာမဟုတ်ဘူး။ သူတို့က ကိုယ့်ကိုချစ်တယ်ဆိုရင် ကိုယ်ကသူတို့သဘောကျအောင်တော့နေပေးသင့်တယ်မလား။
မနေ့ကလဲရောက်ရောက်ချင်းhyunရဲ့အိမ်ကိုသွားခဲ့တာ။ ဒီနေ့လဲ hyunနဲ့ရုပ်ရှင်ကြည့်ဖို့စီစဥ်ထားတယ်။ သူ့အိမ်ရေှ့ကိုသွားသွားေခါ်ရတာ သူအမေကိုကြောက်ပေမဲ့လဲ ဘယ်တတ်နိုင်မလဲ။
ရှင်းလင်းနေတဲ့ကောင်းကင်နဲ့ ငြိမ့်ငြိမ့်လေးတိုက်နေတဲ့လေထုက ကျမတို့လည်ပတ်ဖို့ကို တစ်နည်းနည်းနဲ့အထောက်အကူပြုနေတာပေါ့။
အမေှာင်ချထားတဲ့ရုပ်ရှင်ရံုထဲက သူမတို့ဝယ်ထားတဲ့ စံုတွဲခံုလက်မှတ်ကိုလိုက်ရှာတော့ ထောင့်ကျတဲ့တစ်နေရာ။ Hallweenကားတေွမကြိုက်ပေမဲ့ hyunကကြည့်ချင်တယ်ဆိုတော့ ဒါဘဲရေွးလိုက်ရတာပေါ့။ ကိုယ့်စိတ်ကြိုက်ရေွးမယ်ဆိုရင်ဘဲ ကိုယ်ကရုပ်ရှင်ကြည့်ဖို့လာခဲ့တာမှမဟုတ်ဘဲ hyunကိုကြည့်ဖို့လာခဲ့တာလေ။
ရုပ်ရှင်ကစပြနေပြီမို့ သူမတို့တေွ ရေှ့တည့်တည့်ကိုအာရံုစိုက်ကြတာပေါ့။ ကျောင်းပိတ်ရက်ဆိုပေမဲ့ လူကအရမ်းကြီးမများ။ စံုတွဲခံုမို့ သူမတို့ကတော့နီးကပ်စွာထိုင်နေရတာပေါ့။
"Kang..."
"ဟမ်"
သူကတစ်ခုခုကိုအာရံုစိုက်ရင်းဒီလိုနူးညံညံလေးခေါ်လေ့ရှိတယ် ဒါဆို သူတစ်ခုခုကိုမေးတော့မယ်ဆိုတာ ကိုယ်ကလဲသိပြီးသား။
"ဘယ်လိုရုပ်ရှင်မျိုးလဲ"
"ရယ်ရတာမျိုးမဟုတ်ဘဲ စိတ်လှုပ်ရှားတာမျိုးမဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့လေးနက်တဲ့အချစ်တေွကို ဖော်ပြတဲ့ရုပ်ရှင်ကားမျိုးကိုကြိုက်တယ်"
Hyunကပြံုးပြီးကျမဘက်ကိုလှည့်ကြည့်တယ်။ အပြံုးကဘယ်လိုအပြံုးမျိုးလဲဆိုတော့ မျက်ခံုးတစ်ဖက်ပင့်ပြီးပြံုးတဲ့အပြံုး ကျမပြောတာကို သဘောကျသလိုလို ပျက်ရယ်ပြုသလိုလိုပေါ့။
"ဘာလို့အဲ့လိုပြံုးပြံုးကြီးကြည့်နေတာလဲ"
ဒီတစ်ခါရှက်ရတာက ကိုယ်။အင်းလေအဲ့လိုကြီးကြည့်နေတာ ဘယ်သူကမရှက်ဘဲနေမလဲ။
"Kangက အဒေါ်ကြီးနဲ့တူလို့"
"ဘာ!!ဘာပြောလိုက်တယ်"
အခုအဒေါ်ကြီးနဲ့တူတာက သူမဟုတ်ဘူးလား သူများကိုအဒေါ်ကြီးနဲ့တူတဉ်လေးဘာလေးနဲ့
"ဟဟ😂😂 စတာပါ kangစိတ်ဆိုးတာကလဲ ချစ်စရာကောင်းလိုက်တာ"
အား..မျက်နှာတေွပူလိုက်တာ ဒီနေ့hyunက ကျမကိုကလေးတစ်ေယာက်လိုများထင်နေလားမသိပါဘူး မရဘူး ကျမကလူကြီးဘဲဖြစ်ချင်တာ။
ပိတ်ကားဆီအာရံုပြန်စိုက်တော့ ဇာတ်ကားကစိတ်ဝင်စားခန်းတောင်ရောက်နေပြီ။ ပုစိန်ထမ်းပြီးလမ်းလျေှာက်နေတဲ့သူက ရုပ်ရှင်ထဲမှာတောင်ကြောက်ဖို့ကောင်းတယ်။ သတိထားမိတာက hyunရဲ့ကိုယ်ကတစ်ဖြည်းဖြည်းလျောကျသွားပြီး ကျမနားပိုကပ်လာတာဘဲ။ လက်မောင်းကိုတင်းတင်းဆွဲထားပြီး သူ့မျက်လံုးတေွကို ကွယ်ထားတာက ယုန်သူငယ်လေးလို သနားစရာလည်းကောင်းသလို ချစ်စရာလဲကောင်းတယ်။ ဒါနဲ့များHallweenကားကိုဘာလို့ရေွးခဲ့မှန်းမသိ။ မသိရင်ကျမနားကပ်ချင်လို့ရေွးခဲ့သလိုဘဲ။
"ကြောက်လို့လား"
မျက်စိသူငယ် နားသူငယ်နဲ့ေခါင်းငြိမ့်ပြတဲ့hyunက ကျမမျက်လံုးထဲတော့ အမြဲတမ်းကလေးလေး။
"အပြင်ထွက်ကြမလား"
"ကြည့်ချင်သေးတယ်"
နှုတ်ခမ်းမဲ့ပြီးပြောလာတဲ့hyunရဲ့အမူအယာက သူမရဲ့အသက်။
YOU ARE READING
Better Place
Fanfictionရရှိခဲ့တဲ့ဒဏ်ရာတစ်ချို့ကြောင့် လူနေမှုဘဝကို ပိုမိုကောင်းမွန်အာင်ကြိုးစားကြသလို ဘဝမှာ အရေးမပါသူတေွလဲဖြစ်သွားတတ်ကြပါတယ်~~~