Ep-20

114 21 2
                                    

"ဘယ်လဲ joohyun"

ခြံဝမှာစောင့်နေတဲ့seulgiကို မြင်ပါရဲ့နဲ့ joohyunရဲ့အမေက joohyunကိုမေးခြင်းဖြစ်သည်။ seulgiဆီဦးတည်နေတဲ့joohyunရဲ့ခြေလှန်းတေွ အိမ်ရေှ့တခါးဝမှာတင်ရပ်ပစ်လိုက်ပြီး သူ့အမေကိုပြန်ဖြေဖို့အဖြေရှာမတေွ့ဖြစ်နေသည်ထင်ပါရဲ့။ အင်းပေါ့လေ ဒီတစ်ပတ်အတွင်း သူမတို့တေွ့တာ၃ခါမြောက်မဟုတ်ပါလား။

"ဟို ဒီတိုင်း.."

"အထက်တန်းကျောင်းသူဖြစ်ပြီး ဒီလိုဘဲလျေှာက်သွားနေလို့မဖြစ်သေးဘူးjoohyun"

seulgiရှိရာကို တစ်ချက်စောင်းပြီးပြောလာတဲ့joohyunရဲ့အမေကြောင့် joohyunကလဲ သူမကိုအားနာနေပံုရသည်။ ဒီရက်ပိုင်းတေွကျောင်းမှာတေွ့ရပေမဲ့ တေွ့ချင်စိတ်ကိုထိမ်းမရတာကြောင့် သူမဇွတ်ကျခဲ့သမျှ အခုတော့joohyunရဲ့အမေ အမြင်မကြည်တာကိုဘဲရလိူက်သည်။ သူမနဲ့ သူ့အမေကြားမှာဗျာများနေတဲ့joohyunကိုလဲ အားနာလာတာကြောင့် ကျောင်းမှာတေွ့ဖို့သာပြောပြီးပြန်လှည့်လာမိသည်။
လမ်းတစ်လျေှာက်လံုး ဘယ်ညာမှားလောက်အောင်စက်ဘီးကိုနင်းလာခဲ့တာမို့ သူမပေါင်တေွတောင့်နေသည်။ ဟန်မြစ်ရဲ့ခံုးတန်းတေွဆီစက်ဘီးအားကိုးနဲ့ရောက်လာခဲ့ပြီး ရေပြင်ကျယ်ဆီ တေွတေွကလေးငေးနေတာဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ နေဝင်စပြုလာပြီမို့ တံတားတစ်လျေှာက်မီးတိုင်တေွကလဲ ထိမ်ထိမ်လင်းလို့ ။ မြစ်တစ်လျေှာက်ဆိုင်ငယ်တေွဆီက မီးရောင်တေွကလဲ ရင်ဖိုစရာကောင်းလွန်းလှသည်။ သူမကလွဲလို့ ပတ်ဝန်းကျင်ကလေထုကတောင် လေပြေသေွးဆောင်ကာ သာသာယာယာရှိသည်။ သူမစဥ်းစားနေခဲ့တာတစ်ခုတည်းဘဲ joohyunရဲ့အမေက သူမကို မမုန်းဘူးမလား။ ခဏခဏလာလို့ joohyunစာနောက်ကျမှာစိုးလို့စိုးရိမ်ရံုမလား။ မသိတော့ဘူး သူမတို့ကိုမသင်ကာဖြစ်နေတာလဲဖြစ်နိုင်တာဘဲ။ အခုရက်တေွjoohyunကုိ ဆံုးရှံုးရမှာပိုကြောက်လာတဲ့စိတ်ကြောင့် သူမjoohyunနဲ့ပက်သက်ရင် အမြဲအတေွးလွန်နေရသည်။ ညလေပြေကြောင့်အေးနေပေမဲ့လဲ ရင်ဘက်ထဲကစို့နစ်မှုကြောင့်ပေကပ်ပြီးထိုင်နေတုန်း။ အိမ်ကိုတော့ သိပ်မကြာခင်ပြန်လာဖို့ဖုန်းဆက်ပြောထားသည်။
ဒီခံုတန်းလေးကသူနဲ့joohyunအတူထိုင်ဖူးသည်ကိုတေွးမိတော့ သူမကိုပြံုးစေသည်။
"အဆင်ပြေသွားမှာပါ"
လိမ္မော်ရောင်ကောင်းကင်ကိုတစ်ချက်မော့ကြည့်ကာ ကိုယ့်ကိုယ်ကိုနှစ်သိမ့်မိသည်း ဟုတ်ပါတယ် အခုသူမhyunရဲ့လက်ကိုဆုတ်ကိုင်ထားနိုင်တာမို့ hyunကဆုတ်ကိုင်ထားသ၍ သူမလွှတ်တော့မည်မဟုတ်။
ဒီနေ့hyunရဲ့အိမ်ကိုသွားလိုက်ခြင်းက နောက်နေ့တေွhyunရဲ့အိမ်ကို မသွားရဖို့ဖြစ်လာခဲ့သည်။***
တမင်တကာဘဲလား hyunပြောသလို လမ်းကြံုလို့ဘဲလားတော့မသိ joohyunကို sehyunကျောင်းလိုက်ပို့တာ အကြိမ်ရေမနည်းတော့။ သူမလဲbusကားမှတ်တိုင်မှာ joohyunကို တမင်တကာစောင့်နေစရာမလိုတော့ပါ။ ကိုယ်စီစက်ဘီးနဲ့လာဖြစ်ကြသည် joohyunကတော့ တစ်ခါတစ်လေ sehyunကားပေါ်က ဆင်းလာတတ်သည် ဒီနေ့ရောဘဲ။ ဒါဆို ဒီနေ့လဲ မမြင်ချင်ယောင်ဆောင်ရဦးမှာပေါ့။

Better PlaceWhere stories live. Discover now