"Congratulation"
ဒုတိယအကြိမ်အနေနဲ့ Bogumဆီက ဂုဏ်ပြုသံကြားရတယ်။
"Hyunက တကယ်ထင်နေတာထင်တယ်"
"ဘာကိုလဲ"
"နင်ငါ့ကိုချစ်တယ်ဆိုတာကိုလေ"
"မသိဘူး"
မုန့်စားဆင်းချိန်joohyunတို့အုပ်စု မုန့်သွားစားနေတာကြောင့် Bogumသူမနား စကားလာပြောခြင်းဖြစ်သည်။
Bogumဘက်ကလဲ ကိုယ့်ပေါ်မကျေနပ်တာမျိုးမရှိတော့ ကျမတို့ကြားအနေခက်တာမျိုးတော့မရှိဘူးပေါ့။ သူနဲ့ပက်သက်ပြီးHyunကိုသဝန်တိုတယ်ဆိုပေမဲ့ ပါးစပ်က ထုတ်ပြောရလောက်တဲ့ထိတော့ သဝန်မတိုပြချင်ဘူး။
"Kang!!"
Joohyunမှ လက်ထဲမှာမုန့်တေွတစ်ပေွ့တစ်ပိုက်နဲ့ရောက်လာတာကြောင့် Bogumချက်ချင်းထသွားရသည်။
သူမတို့တေွတွဲပြီးနောက်ပိုင်း Seulgiက Joohyunရဲ့ နောက်ခံုကိုပြောင်းလာတာကြောင့် အရင်ကလို သူများနေရာမှာထိုင်မှ စကားပြောရတာမျိုး မဟုတ်တော့ဘူးပေါ့။
"Yerimနဲ့ jennieရော"
"ကန်တင်းမှာစားနေကြတယ်"
"Hyunက ဘာလို့ပြန်လာတာလဲ"
"Kangမှမလိုက်လာတာ kangနဲ့စားဖို့မုန့်တေွဝယ်ပြီးပြန်လာတာ"
"အင်းအင်း"
"Hyunကတော့ သူစားဖို့ဆိုပြီးမုန့်တေွပတ်ဝယ်နေတာ သူကြတော့ အခြားသူနဲ့စကားပြောနေတယ်"
"ဘယ်ကအခြားသူလဲ"
"Bogumလေ..သူနဲ့သိပ်မရောနဲ့ hyunမကြိုက်ဘူး"
"ဟုတ်ကဲ့"
သဝန်တိုခံရတာဒီလိုမျိုးပါလားလို့တေွးကြည့်ပြီး ပြံုးစိစိလုပ်တော့ သူကကိုယ့်ဗိုက်ကြောကိုလိမ်ဆွဲပြန်တယ်။ နာတယ်ဆိုပေမဲ့ကျေနပ်စရာကောင်းပါတယ်။ ချစ်လို့ဘဲဟာ..။
******
ဘယ်အရာဘဲဖြစ်ဖြစ် ချက်ချင်းကြီးမဟုတ်ရင်တောင် လေ့ကျင့်ယူရင်ဖြစ်နိုင်ပါတယ်။
အခုဘဲကြည့်လေ သူမရဲ့သေနတ်ပစ်စွမ်းရည်က အရင်ကထက်အများကြီးတိုးတက်လာတယ်။သေနတ်တေွပစ်ပြီး ရည်မှန်းချက်က သေနတ်တေွနဲ့သက်ဆိုင်နေလို့လားဆိုတော့လဲမဟုတ်ဘူး။ ကျမရဲ့စိတ်ထဲကကို ပစ်တတ်ချက်ရံုသက်
သက်။ ကျမရဲ့အနာဂတ်လက်တွဲဖော်အတွက်လဲပါတာပေါ့ သူကကိုယ့်ကို သေနတ်ကိုင်ပြီး အသက်မေွးဝမ်းကြောင်းမပြုစေချင်တဲ့အတွက် ကိုယ်လဲအလိုလိုမလုပ်ချင်တော့တာပေါ့။
"Seulgi.."
Eunjungခေါ်တာကို သူမမဖြေဘဲ နားစိုက်ထောင်မိသည်။
"ရည်းစားထားရင် မိန်းကလေးကိုမထားနဲ့နော်"
"ဘာလို့လဲ"
သူမမေးတာမမှားပါဘူး မိန်းကလေးချင်းယူထားတဲ့သူက မိန်းကလေးနဲ့မတွဲနဲ့ဆိုတော့ နားမလည်သလိုတော့ရှိတာပေါ့။
"Unnieတို့ကိုမတေွ့ဘူးလား jiyeonကို သူ့မိဘတေွက အခုထိ ပြန်မခေါ်ဘူး unnieတို့seulတို့လို မိဘမဲ့တေွဆို သူတို့မိဘတေွက ပိုတောင်သဘောမတူနိုင်သေးတာပေါ့"
ခေါ်စရာအမေရှိပေမဲ့ မိခင်နို့မပါဘဲ ကြီးပြင်းလာရတဲ့ ကျမဘဝကိုပြန်တေွးကြည့်တော့ နာကျင်မှုတော့ရှိတာပေါ့။ ဒါပေမဲ့ ကျမရဲ့လက်ရှိမိဘတေွကိုတော့ မမြင်ဖူးတဲ့ မိဘအရင်းတေွထက် ပိုချစ်တယ်။
"ဟုတ်"
*********
"ဆရာမတို့ ဒီနေ့မင်းတို့ကို အဆင့်စာရွက်တေွပေးမယ် စာမေးပွဲကျတဲ့သူတေွက အဆင့်စာရွက်ယူပြီး ကေျာင်းအုပ်ကြီးရံုးခန်းထဲကိုသွားပေးကြနော်"
"ဟုတ်"
အသံတေွက တက်ညီလက်ညီထွက်လာပြီး ဆုတောင်းတဲ့သူကဆုတောင်း ငိုမဲ့မဲ့ဖြစ်တဲ့သူကဖြစ်နေတဲ့ တစ်ချို့တေွကတော့ ပြံုးနေတာပေါ့ သူတို့ကတော့ ဖြေနိုင်သူတေွနေမှာပေါ့။
"Kang ဖြေနိုင်လား"
"ထင်တာဘဲ😁"
Joohyunကနောက်လှည့်မေးတာကုိ သူမ မသေမချာဘဲဖြေလိုက်သည်။
"Hyunကရော"
"ဖြေနိုင်တယ်ထင်တာဘဲ😁"
"Joohyun,yerim,seulgi,jennie"
သူမတို့သူငယ်ချင်း၄ယောက်နမယ်ကို တန်းစီနေအောင်ခေါ် ပြီးစာရွက်ပေးတော့ yerimက မျက်လံုးမှိတ်ပြီး စာရွက်မကြည့်ရဲ
Jennieက ချက်ချင်းဆိုသလို joohyunနားလာပြီး အဆင့်လာကြည့်သည်။
"နင်က ၂လား"
Jennieက joohyunရဲ့အဆင့်စာရွက်ကိုကြည့်ပြီး အလိုမကျစွာပြောသည်။
"အဲ့ဒါဆို နင်၁ပေါ့"
Joohyunက jennieကိုမေးတော့ jennieက ခေါင်းခါပြတယ်။ အရင်နှစ်တေွကဆို joohyunနဲ့jennieက ၁နဲ့၂ကို လဲလှယ်ယူနေကြမို့ ဒီတစ်ခါ အဆင့်၁ပိုင်ရှင်ကို သူမတို့စိတ်ဝင်စားသည်။ yerimကတော့ ကြည့်စရာမလိုအောင် သူမတို့သိနေသည်။
"Kang!..အဆင့်စာရွက်ပေး"
Seulgiဆီက အဆင့်စာရွက်ကို joohyunတောင်းပြီးနောက်
"၁!!"
"Wow"
Jennieနဲ့joohyunရဲ့ အာမေဍိတ်သံကြောင့် yerimပါ စိတ်ဝင်တစားထလာပြီး
"Seulgiက အဆင့်၁ရတာလား"
သံုးယောက်လံုးအံသြနေကြတော့မှ ခံုမှာကျံု့ကျံု့လေးထိုင်ပြီး ပါးမို့မို့လေးတေွလံုးနေအောင်ရယ်နေတဲ့ ဝက်ဝံပေါက်။
Seulgiအဆင့်တစ်ရတာမို့ အတန်းသားတစ်ချို့က အံသြသလိုကြည့်နေကြပြီး တစ်ချို့ကတော့ နှုတ်ကပါကျလာကြသည်။
"ဟဲ့ လူကြည့်တော့ အူတူတူနဲ့ အဆင့်တစ်တဲ့ မထင်ရဘူး"
"မိုက်လိုက်တာ ရုပ်ကလဲချော စာကလဲတော်"
"ငါထင်သားဘဲ သူ့ပံုစံကြည့်ရတာ စာဂျပိုးပါလို့"
ပတ်ဝန်းကျင်က တစ်ခွန်းစ နှစ်ခွန်းစ စကားသံတေွကို လျှစ်လျှူရှူရင်း
"Kangက တော်လိုက်တာ"
ယုန်သူငယ်လိုမျက်လံုးလေးနဲ့ ပီတီဖြာနေတဲ့joohyunရဲ့မျက်နှာကိုကြည့်ပြီး သူမပါလိုက်ပြံုမိသည်။
"ကိုယ့်နေရာကိုယ်ထိုင်ကြပါ သင်ခန်းစာအသစ်စမယ်"
*******
တာဝန်တစ်ခုလိုသွားနေရတဲ့ ကျောင်းတက်ချိန်အမှီဆိုတာကြီးက hyunနဲ့တေွ့မှ အထက်တန်းကျောင်းသူတစ်ဦးရဲ့ ရင်ခုန်ချိန်တေွအဖြစ်ပြောင်းသွားတယ်။ အမြဲစောင့်မျေှာ်နေရတဲ့ ကျောင်းဆင်းချိန်က hyunနဲ့တေွ့တော့မှ ရောက်မှာကြောက်နေရတဲ့အချိန်တေွဖြစ်ကုန်တယ်။ ဒါပေမဲ့ကျေနပ်တယ် ဆင်းတက်ချိန် ကျောင်းဆင်းချိန်တေွ hyunနဲ့အတူ ကားဂိတ်ကိုလမ်းလျေှာက်ရတာ ကျမကြိုက်တယ်။
"နေွဦးရောက်ပြီ"
ဘယ်နေ့ပွင့်မလဲမသိတဲ့ ချယ်ရီငံုတေွကိူကြည့်ပြီး hyunက စကားဆိုတယ်။
"ချယ်ရီတေွပွင့်တဲ့နေ့ကြရင် hyunကိုလာခေါ်မယ်နော်"
သူကကိုယ့်လက်တေွကို ပိုပြီးတင်းတင်းဆုတ်ကိုင်ရင်း ကိုယ့်ပုခံုးပေါ် ခေါင်းမှီရင်း လမ်းလျေှာက်တယ်။
"ဒါပေါ့ ဒီနှစ်ရဲ့နေွဦးကိုkangနဲ့မှမဖြတ်သန်းရင် အချိန်တေွက နှမျောဖို့ကောင်းသွားမှာပေါ့"
ချစ်တယ်ဆိုတဲ့စကားတေွနဲ့ ချစ်တယ်ဆိုတဲ့အကြောင်းအရာတေွက နှုတ်ကထုတ်မပြောဖြစ်ရင်တောင် စိတ်ထဲက တဖွဖွရေရွတ်နေမိတယ်။ ပြီးတော့ကိုယ်ကလူတစ်ယောက်ကို အဲ့လောက်တောင်ချစ်တတ်နေပြီလားလို့တေွးမိတော့ အံ့သြမိတယ်။ ကျယ်ပြန့်လွန်းတဲ့အချစ်ရဲ့သဘောတရားတေွထဲမှာ ကျမတို့ကဘယ်အတိုင်းအတာထိရောက်နေပြီလဲဆိုတာ မသိနိုင်ဘူး။ ဘယ်အတိုင်းအတာထိဘဲရောက်ရောက်ပေါ့လေ Hyunနဲ့ကျမ လက်တွဲမြဲဖို့က အဓိကဘဲပေါ့။
******
"Seulgiဆိုတာလား"
"ဟုတ်"
"တော်သေးတာပေါ့ အမေက သမီးကို လူပေါင်းမှားမှာစိုးရိမ်နေတာ"
"ဘာလို့လဲအမေရဲ့"
"Seulgiကိုကြည့်ရတာ အူတူတူနဲ့ ပြီးတော့သူ့ပံုစံက အမေ့မျက်လံုးထဲမှာတစ်မျိုးဖြစ်နေလို့ သူက အနေတော့အေးပါတယ် ဘာဘဲဖြစ်ဖြစ် နောက်တစ်ခါသမီးက သူ့ထက်ကျောရမယ်နော်"
"ဟုတ်"
ပြိုင်လိုစိတ်ဆိုတာ တစ်နည်းအားဖြင့်မနာလိုစိတ်ပေါ့။ ကိုယ့်ကိုယ်ကိုသာ ထိပ်ဆံုးရောက်အောင်ကြိုးစားခြင်းမှာ ပြိုင်လိုစိတ် မနာလိုစိတ်ရှိစရာမလိုဘူးလို့ထင်တယ်။ မိဘရဲ့ဆံုးမစကားတေွက လွဲနေခဲ့ရင်တောင် သားသမီးက ဟုတ်လို့ပြန်ဖြေမှ သူတို့ကကျေနပ်ကြတာ။ ဒါကြောင့်ဘဲ joohyun အထွန့်မတက်ခဲ့တာပေါ့။ သူမရဲ့အထက်မှာရှိနေတဲ့သူက seulgiမဟုတ်ဘဲ jennieမဟုတ်ဘဲ အခြားသူဆိုရင်တောင် သူမကတော့ ပြိုင်လိုစိတ် မနာလိုစိတ်ရှိလာမှာမဟုတ်ဘူး။
"သူ့မိဘတေွကဘယ်သူတေွလဲ"
"သူ့မိဘရဲ့နမယ်တေွကိုတော့ သမီးလဲမမေးဖူးဘူး သူလဲမဖြေဘူး သူ့မိဘတေွကAnsanမှာနေတာလို့ပြောတယ် ရွာတစ်ရွာမှာတဲ့"
"အဲ့ဒါဆို သူကseoulမှာတစ်ယောက်ထဲနေတာလား"
Seoulလိုမြို့ကြီးမှာ မိန်းကလေးတစ်ယောက်ထဲနေတာဆိုရင် လူတေွက အလိုလိူအထင်သေးချင်နေကြတာတော့ သူမသိသည်။
"သူ့ရဲ့အမတေွနဲ့"
"အင်းအင်း ညရောက်ရင် မိတ်ဆေွတစ်ယောက်ရဲ့အိမ်ကိုသွားစရာရှိတယ် ညစာဖိတ်ထားလို့ သမီးရောလိုက်ခဲ့ရမယ် သွားပြင်ဆင်တော့"
"ဟုတ်"
တင့်တင့်တယ်တယ် အတိုင်းအဝိုင်းတစ်ခုရယ်လို့ရှိလာရင် လူမှုရေးအရရော စီးပွားရေးအရရော မိတ်စံုစားပွဲတို့ ညစာစားပွဲတို့လုပ်လေ့ရှိတာကြောင့် ဒီလိုပွဲမျိုးက joohyunနဲ့တော့ မစိမ်းပါ။ မလိုက်ချင်ဘူးလို့ငြင်းဖူးပေမဲ့ သူမအဖေရဲ့ အာဏာကိုတော့ မဖီဆန်ရဲ။
**********
"Seulလေးလိုချင်တာပြော unnieက ဂုဏ်ပြုမှာ"
သားသမီးတစ်ယောက်အလား ကိုယ်တိုင်ဖန်တီးထားတဲ့ ရတနာလေးအလား ဂုဏ်ယူမဆံုးဖြစ်နေသူတေွကြားထဲမှာရှင်သန်ရတာ သူမအတွက်တော့မိဘမလိုဘူး။
"Seulအတွက် ဘာမှထေွထေွထူးထူးမလိုပါဘူး unnieဘဲဟိုတစ်ခါကလိုမဖြစ်စေနဲ့ ဂရုစိုက် အဲ့ကြမှ seulက ပထမရတိုင်း unnieရဲ့ ဂုဏ်ပြုသံတေွကြားရမှာပေါ့"
မျက်ရည်စက်လေးနဲ့ ခေါင်းတငြိမ့်ငြိမ့်လေးလုပ်နေတဲ့eunjungက သူမနှလံုးသားထဲတော့ ဖော်ပြလို့မရတဲ့ ဆက်နွယ်မှု ရင်းနီးမှုလေးဘဲ။
သူမနဲ့အတူ Eunjungရော jiyeonပါ သံုးယောက်လံုးထေွးပေွ့ရင်း ပျော်ရွှင်မှုကြောင့် ဒီလိုငိုကြေွးရချိန်တိုင်း သူတို့က သူမအတွက် အလိုအပ်ဆံုးဘဲ။
သာမန်မိသားစုဆို အခုလိုအဆင့်၁ ရတာလေးနဲ့ငိုလောက်တဲ့ထိမဖြစ်ပေမဲ့ သူမတို့လို မိဘနဲ့ကင်းကွာနေသူတေွကတော့ တန်ဖိုးဖြတ်လို့မရတဲ့ အချိန်တစ်ခုဘဲ။
ဒီအခိုက်အတန့်တေွကဘဲ သူမရဲ့ဘဝကို ကောင်းမွန်အောင် တစ်နည်းနည်းနဲ့အထောက်အကူပြုနေတာ။
မြိန်ရာဟင်းကောင်း ခင်ရာဆေွမျိုးဆိုသလို သေွးသားတော်စပ်ပြီး ညှာတာမှုကင်းမဲ့နေတဲ့ စာနာမှုကင်းမဲ့နေတဲ့သူတေွထက်စာရင် ဒီလူတေွက သူမအတွက် အများကြီးအကျံုးဝင်တယ်။
ဒါပေါ့အချစ်ဆိုတာ အကြင်နာ အတွယ်အတာတေွပေါင်းစပ်နေကြတာ။
********
YOU ARE READING
Better Place
Fanfictionရရှိခဲ့တဲ့ဒဏ်ရာတစ်ချို့ကြောင့် လူနေမှုဘဝကို ပိုမိုကောင်းမွန်အာင်ကြိုးစားကြသလို ဘဝမှာ အရေးမပါသူတေွလဲဖြစ်သွားတတ်ကြပါတယ်~~~