လွန်ခဲ့တဲ့နှစ်ရက်ကတည်းကupdateပေးမလို့ကို ရေးပြီးကာမှ cutနှိပ်မိသွားတယ်😬 တိုသွားတယ် နောက်တစ်ပိုင်းမှရှည်ပေးပါမယ်😘💙
***
တနင်္လာနေ့ ညနေလေးနာရီ။ သူထွက်သွားတာ သံုးရက်မြောက်နေ့။ သူမကျောင်းပျက်တဲ့နေ့။
မျော်လင့်ချက်ဆိုတာမထားကောင်းတဲ့အရာ။ အတူတူဆိုပြီးကျော်ဖြတ်မဲ့လမ်းခရီးက နိဒါန်းမှာတင်အဆံုးသတ်သွားတယ်။ အဆံုးထိအနားမှာရှိဖို့မျေှာ်လင့်ခဲ့တော့ အစွန်းရောက်ခံစားနေရတယ်။
သူနဲ့မှအပေါင်းအသင်းဆိုတာရှိလာတဲ့ကျမမှာ သူဘဲရှိပါတယ်။ ဒါကြောင့်ပြန်လာပေးပါ။ နှလံုးသားကိုလှုပ်နှိုးခဲ့ပြီး ကြံုတဲ့နေရာမှာပစ်ချခဲ့ရလောက်တဲ့ထိ ကျမရဲ့နှလံုးသားက အပေါစားဆန်ခဲ့လို့လား။ သူရဲ့နောက်ဆံုးပေွ့ဖက်မှုမှာသံလိုက်တစ်ခုပါလာပြီး ပြန်ခွာလိုက်တဲ့အခါ ကျမရဲ့နှလံုးသားပါသွားတယ်။ အစိမ်းလိုက်ခွဲခံရတဲ့နှလံုးသားဟာမကျတ်သေးပါ။ သူငယ်ချင်းတေွဆီရော သူ့အိမ်နီးချင်းတေွကိုရော မေးလဲ ခေါင်းခါတာနဲ့ဘဲကြံုရတယ်။ bae joohyunက သိပ်ကိုလုပ်ရက်နိုင်တာဘဲ။ ဘယ်သူ့ကိုမှမပြောဘဲထွက်သွားနိုင်လို့ ချီးကျူးရမလား အပြစ်တင်ရမလားတောင်မသိတော့တဲ့ထိ။ သူမရှိရင် အသက်ရှူရင်တောင် လေတေွကအဆိပ်ဖြစ်သွားတယ်ဆိုတာကိုမသိလို့ထွက်သွားတာလား။ ဘာလုပ်လုပ် ကယောင်ချောက်ရှားဖြစ်တယ်ဆိုတာကိုမသိလို့ထွက်သွားတာလား။ မျက်ရည်တေွမရပ်မနားကျနေမှာကိုမသိလို့ထွက်သွားတာလား။ စားလို့လဲမဝင်ဘူး အိပ်လို့လဲမပျော်ဘူးဆိုတာကိုမသိလို့ထွက်သွားလား။ လွမ်းစရာကိုနာစရာနဲ့ဖြေဆိုသလိုမျိုး သူပြောခဲ့တဲ့ သဘောကျတဲ့သူရှိနေပြီဆိုတာကိုယံုလိုက်ရမလား။ လာဖြေပေးပါBae joohyun။ ပြန်လာလှည့်ပါ။ မင်းစိတ်ထဲကိုယ်ဘဲရှိတယ်ဆိုရင် ဘယ်လိုအခြေအနေရောက်ရောက် လက်ခံပါ့မယ်။ ဒါကြောင့်ပြန်လာပေးပါ။
***
သံုးနှစ်ခန့်ကြာပြီးနောက်"ကျမကတော့သန်း၅၀နဲ့လက်မခံနိုင်ဘူး သန်း၈၀ဆိုမှလက်ခံနိုင်မယ် ကျမအပြင် တခြားသူတေွလဲရှိသေးတာမိုလို့ လူကြီးမင်းဘက်ကမကိုက်ဘူးဆိုလဲ ကမ်းလှမ်းမှုကိုဖျက်သိမ်းလို့ရပါတယ်"
ESTÁS LEYENDO
Better Place
Fanficရရှိခဲ့တဲ့ဒဏ်ရာတစ်ချို့ကြောင့် လူနေမှုဘဝကို ပိုမိုကောင်းမွန်အာင်ကြိုးစားကြသလို ဘဝမှာ အရေးမပါသူတေွလဲဖြစ်သွားတတ်ကြပါတယ်~~~