အဖြူရောင်ခပ်ကြီးကြီးအိမ်က ခြံဝန်းအစမှ အိမ်ထဲရောက်တဲ့ထိငေးရလောက်အောင်ကိုလှသည်။
အဆင့်တန်းမြင့်တဲ့ ပရိဘောဂတို့နဲ့ဆင်ယင်ထားပြီး လက်ရာမြောက်တဲ့ပန်းချီကားနဲ့ ပန်းပုလက်ရာတေွကလဲ ရသမြောက်လွန်းသည်။ ဒီလိုအဆင့်တန်းရှိတဲ့တေွ့စံုမှုမျိုးကို လူတော်တော်များများမက်မောကြပေမဲ့ သူမတော့ပါမယ်မထင်။
"Oh..Mr.Bae...Ms.Bae. ကြိုဆိုပါတယ်"
အိမ်ပိုင်ရှင်ပံုပေါ်တဲ့ယောကျ်ားတစ်ယောက်က ဖော်ဖော်ရေွရေွကြိုဆိုနေတာမို့ ထံုးစံအတိုင်း သူမလဲ အပြံုးမျက်နှာဖံုးကို ဝတ်ဆင်လိုက်ရတာပေါ့။
သပ်သပ်ရပ်ရပ်နဲ့ ခပ်ကြီးထမင်းဝိုင်းထဲ သူမတို့ကို နေရာပေးတော့ ဘေးကလူကိုမကြည့်ဘဲ ထမင်းပန်းကန်ကိုသာ စိတ်ပျက်စွာကြည့်နေမိသည်။
"ဒါကျနော့သား Chenတဲ့ ဒါက အငယ်ဆံုးလေး joohyunလို့ခေါ်တယ်"
"Bae joohyunပါ"
"သမီးလေးက ချောလိုက်တာ အမေတူတာထင်တယ်"
အိမ်ပိုင်ရှင်အမျိုးသမီးရဲ့စကားက သူမရဲ့အမေကို သဘောကျစေပေမဲ့ သူမကတော့ လူငယ်သဘာဝအရ စကားရောဖောရောလုပ်တယ်လို့သာမြင်မိသည်။
"ဒါကျနော့ရဲ့တစ်ဦးတည်းသောသား sehyunတဲ့"
"Sehyunပါ"
မျက်ခံုးကောင်းကောင်းနဲ့ ခပ်ချောချောပံုရှိတဲ့sehyunဆိုသူက သူမကို ခကြာခဏကြည့်နေတယ်ဆိုတာသိတာကြောင့် အတတ်နိုင်ဆံုးသာ အကြည့်လွှဲရသည်။ ဒီလိုကောင်လေးတေွက မိဘတေွကိုအကြောင်းပြပြီး အခွင့်ယူတတ်တယ်မလား။ ဒါကလဲ သူမအထင်ပါ ယောကျ်ားလေးတိုင်းအဲ့လိုမဟုတ်ပါဘူး။
"Joohyunလေးက အထက်တန်းတက်နေတာလား"
"ဟုတ် အထက်တန်းနောက်ဆံုးနှစ်ပါ"
"Sehyunလေးက တက္ကသိုက်တက်နေပြီ"
အရိုအသေသာပေးပြီး ထမင်းကိုသာဆက်စားရင်း အိမ်မြန်မြန်ပြန်ရောက်ဖို့သာ ဆုတောင်းမိသည်။ သူမလဲseulgiကိူလွမ်းနေပြီမလား။
****
ညဘက်တေွ မထွက်လာတာကြာပြီဖြစ်တဲ့pianoအသံက ငြိမ့်ငြိမ့်လေး။ ကေွးညွှတ်နေတဲ့နှုတ်ခမ်းသားတေွရဲ့နောက်ကွယ်မှာ တစ်ချိန်က အမှတ်တရတေွရှိတယ်။
အဖြူရောင်အခန်းထဲ သူနဲ့အတူတီးခဲ့တဲ့ တီးကွက်တေွကိုတီးနေတာမို့ ဘေးနားမှာသူရှိနေသလိုခံစားရတယ်။ အရိပ်အယောင်တေွ အငေွ့အသက်တေွက သူမရဲ့ဒီညကိုစိုးမိုးထားတယ်။ နေွဦးရဲ့ညက ကြည်တေွစံုနေမယ်ဆိုတာ သူမပြေးမကြည့်ဘဲသိတယ်။
ဒူးးဒူးးး
ဖုန်းScreenပေါ်က အနီရောင်အသည်းလေးနဲ့ hyunဆိုတဲ့စကားလံုးကိုမြင်တော့ သူမရဲ့အပြံုးတေွ ဘယ်ထိမ်းရတော့မလဲ။
"Hello"
အသံပြုရင်း အခန်းထဲဝင်ကာ ခုတင်ပေါ်လှဲတော့ အဖြူရောင်မျက်နှာကျပ်က ရင်ဖိုစရာကောင်းတယ်။
"လွမ်းတယ်"
"Kangရောဘဲ"
"တေွ့ချင်တယ်"
"မနက်ဖြန်လာခေါ်မယ်"
ကျောင်းပိတ်ရက်မို့ တေွ့ဖို့အစီအစဥ်က အစကတည်းကရှိပြီးသား။
"Hyunထင်တာလေ မနက်ဖြန်ပန်းတေွပွင့်မယ်ထင်တယ်"
"ဟုတ်ပါပြီ hyunမိဘရဲ့မိတ်ဆေွအိမ်သွားတာ အဆင်ပြေရဲ့လား"
"အင်း အရင်ကလဲသွားနေကြပါဘဲ ဒါပေမဲ့"
သဝန်တိုတယ် အကယ်၍hyunသွားတဲ့အိမ်မှာ ရွယ်တူကောင်လေးတေွရှိရင် ကျမသဝန်တိုမိမှာ။
"Hyunထက်နည်းနည်းဘဲကြီးတဲ့sehyunဆိုတဲ့သူက hyunကို ခဏခဏကြည့်နေတာ အဲ့တာနဲ့ အမေ့ကိုခေါင်းကိုက်နေတယ်ပြန်ချင်ပြီပြောပြီး ပြန်လာရတာ"
"တကယ်ခေါင်းကိုက်တာလား"
ဘာမဟုတ်တဲ့သဝန်တိုမှုတစ်ခုနဲ့ သူမတို့ပြသနာမဖြစ်ချင်ဘူး။
"ဟင့်အင်း"
"အဲ့ဒါဆိုအာဘွားပေး"
"မွမွ😘😘"
ဖုန်းထဲမှkissပေးသံပလံုးပထေွးက သူမကိုရယ်စေသည်။
"အမြဲတမ်း....ချစ်ဖို့ကောင်းနေတော့တာဘဲ"
ငိုပြီးရင်ရယ်ရသလို ရယ်ပြီးရင်ငုိရမှာကို စိုးရိမ်တယ်။ တစ်ချိန်ချိန်မှာ နာကျက်မှုတေွရှိလာမယ်ဆိုတာသိပေမဲ့လဲ သူမအဆင်သင့်မဖြစ်သေးဘူး။ နာကျင်စရာတေွဆိုတာထက် hyunရဲ့အပြံုးတေွ....hyunရဲ့အပြံုးတေွပျောက်ကွယ်သွားမှာစိုးတယ်။ ကိုယ်ရှိမှအသက်ရှင်နိုင်မှာတဲ့ သူပြောတာဘဲလေ။ အဲ့စကားတေွကိုယံုကြည်ပေမဲ့ ကျမတို့ကငယ်သေးတာမို့ သူ့ရင်ခုန်သံတေွပြောင်းသွားမှာစိုးရိမ်တယ်။ သူကျမကိုလိုအပ်နေသ၍တော့ ကျမသူ့နားမှာဘဲကပ်တွယ်နေမိလိမ့်မယ်။
******
ခန္ဓာကိုယ်ကောက်ကြောင်းကိုပေါ်စေတဲ့ ခဲရောင်ဂျင်းကိုသူမကြိုက်တယ်။အနက်ရောင်ဆံပင်တေွကို အနက်ရောင်T-shirtပေါ်ဖြန့်ချထားတာက သူမနဲ့လိုက်ဖက်တယ်လို့ထင်တယ်။ အရောင်မှိန်တဲ့ နှုတ်ခမ်းနီအခြောက်ကိုဆိုးရင်း နာရီစဥ်ကိုကြည့်တော့ နာရီလက်တံတေွက သွားဖို့တိုက်တွန်းနေပြီ။ ဝက်ဝံပံုပါတဲ့အညိုရောင်အိတ်ကိုကျောမှာလွယ်ရင်း အောက်ကိုဆင်းလာတော့ ရင်ခုန်နှုန်းကပိုမြန်လာတယ်။
"လျေှာ်ကျပါဦးမယ် ဘယ်သွားမှာမိုလို့အဲ့လောက်တက်ကြွနေရတာလဲ"
Jiyeonပြောလဲပြောလောက်စရာဘဲ သူမခြေလှန်းတေွဒီလိုတက်ကြွနေပြီး ခဏခဏအပြင်ကိုသွားတတ်တာ အရင်ကseulgiနဲ့မတူတော့ဘူးမလား။ ဒါပေမဲ့သူမကတော့ အရူးလို့ပြောရင်တောင် ပြံုးနေဦးမှာ။
"ကျောင်းပိတ်ရက်ဆိုတော့ သူငယ်ချင်းနဲ့လျေှာက်လည်မယ်လေ"
"Seulgiတို့များ သူငယ်ချင်းမထားတော့လဲမထားလို့ ထားတော့လဲ အိမ်ကိုမကပ်တော့ဘူး"
"အဲ့လောက်လဲမဟုတ်ပါဘူးunnieရဲ့ ဘာစားချင်လဲ ပြန်လာရင်ဝယ်ခဲ့ပေးမယ်"
"တော်ပါပြီ အိမ်ပြန်တော့နောက်မကျစေနဲ့ ညနေEunjungပြန်လာရင် အပြင်သွားမလို့ အမှီပြန်လာခဲ့"
"ဟုတ်ကဲ့😁😁"
နေွဦးရဲ့ပန်းတေွပွင့်ချိန်ခဏလေးကိုရည်းစားကိုပဲ မဟုတ်ပဲ မိသားစုကိုလည်းအချိန်ပေးသင့်တယ်မလား။ ဒီနေွဦးက သူမအတွက် အရင်ကလိုအမှတ်တမဲ့မဟုတ်ဘဲ အမှတ်တရအနေနဲ့ကျန်ခဲ့မှာ။ အဓိပ္ပာယ်ရှိတဲ့နေွဦးအဖြစ်ပေါ့။
အဝါရောင်စက်ဘီးက နေွဦးနဲ့လိုက်ဖက်တယ်။ ချယ်ရီတေွက အဝါရောင် နေရောင်ခြည်နဲ့လိုက်ဖက်တယ်။ ချယ်ရီတေွကိုတိုးဝေှ့ပြီးတိုက်ခတ်လေတဲ့လေပြေတေွမှာ ပန်းဝတ်မှံုတေွပါ ပါတယ်။ သူမက အဲ့ရနံတေွကိုကြိုက်တယ်။
စက်ဘီးကိုလီဘာဆွဲပြီးနင်းနေရသလားအောင့်မေ့ရအောင် သူမနင်းတာ မြန်နေတယ်။
သူမဦးတည်နေတဲ့ခြံရေှ့ရောက်တော့ ကျေနပ်မှုကြောင့် သက်ပြင်းချရပြန်တယ်။ joohyunက အိမ်ရေှ့မှာထိုင်စောင့်နေတာမိုလို့ သူ့အမေနဲ့မျက်နှာချင်းဆိုင်စရာမလိုတော့ဘူးမလား။ joohyunရဲ့အမေက သူမကိုဘာမှမလုပ်ပေနဲ့ သူ့သမီးနဲ့သူမက ပက်သက်နေတော့ မလံုသလိုတော့ဖြစ်တယ်မလား။ joohyunရဲ့အမေက သူမကိုစူးစမ်းတဲ့မျက်လံုးမျိုးနဲ့ကြည့်တယ်ဆိုတာကလဲ သူမထင်တာဖြစ်နိုင်တာဘဲလေ။
"Kang"
သူမနားရောက်ရောက်ခြင်း သူမနမယ်ကိုညင်ညင်သာခေါ်တယ်။ သူကအဝါရောင်ဂါဝန်နဲ့။ ပြီးတော့ ချယ်ရီရောင်နှုတ်ခမ်းနီဆိုးထားတယ်။ စုစည်းထားတဲ့ဆံပင်တေွက မျက်နှာကောက်ကြောင်းအလှကို ပိုပြီးပေါ်လွင်စေတယ်။ တစ်ချိန်ထဲမှာဘဲ ဒါကငါ့ချစ်သူပါလားလို့တေွးမေတော့ ရှက်သလိုလို မယံုနိုင်သလိုလိူတေွတောင် ဖြစ်ကုန်ရော။
"ကိုယ့်အပိုင်ပစ္စည်းကိုတောင် မမြင်ဖူးသလိုငေးနေရလား"
သူမကတော့ ငေးနေမိတာကို သတိထားမိပြီး ပြံုးသာပြံုးနေနိုင်တယ်။
"Hyunပြောတာမှန်တယ် ဒီနေ့hyunနဲ့တူတဲ့ပန်းတေွပွင့်နေပြီ"
"hyunနဲ့တူတာလား"
သူ့ကိုယ်သူလက်ညိုးထိုးပြီးပြောနေပံုက ဘာမှမသိတဲ့ကလေးလိုလို နားမလည်သလိုအကြည့်တေွနဲ့ အဲ့နောက်ကွယ်မှာ သူမဆီက ထပ်ထွက်လာမဲ့စကားလံုးတေွကိုမျေှာ်လင့်နေသလိုအကြည့်တေွ။
"အင်း hyunနဲ့တူတဲ့ချယ်ရီတေွ"
"ဘာလို့အဲ့လိုပြောတာလဲ"
စက်ဘီးနောက်ကနေ သူမရဲ့ခါးတေွကိုဖက်ရင်းမေးတယ်။ အဲ့လိုမေးတာကိုသဘောကျတယ်။ အဲ့လိုပြန်မေးတယ်ဆိုတာက သူကမသိလို့ဆိုတာထက် သူမဆီက သူ့အတွက်ဖွယ်ဖွယ်ယာယာစကားတေွကိုကြားချင်တာမလား သူမကလဲပြောချင်တယ်။
"ချယ်ရီတေွပိုင်ဆိုင်ထားတဲ့ပန်းရောင်နုနုက hyunရဲ့အလှနဲ့တူတယ် သိမ်မေွ့ပြီး ရိုးစင်းလို့,ချယ်ရီတေွရဲ့ ရနံက hyunရဲ့ အသံနဲ့တူတယ် စွဲမက်ချင်စရာကောင်းလို့, ချယ်ရီတေွနဲ့ ပံုစံက hyunရဲ့အချစ်နဲ့တူတယ် လူတိုင်းလိုချင်နေတာမိုလို့"
ဒီထက်ပိုပြီး ဖွယ်ဖွယ်ရာရာတေွပြောချင်ပေမဲ့ သူမက စာရေးဆရာမတစ်ယောက်မဟုတ်သလို ကဗျာဆရာမလဲမဟုတ်ဘူး။ အထက်တန်းကျောင်းသူတစ်ယောက်သာဖြစ်ပြီး အချစ်ကြောင့်ဖြစ်တည်လာတာလေးတေွကို စကားစီရံုလောက်ဘဲ သူမလုပ်နိုင်တယ်။
Hyunက သူမရဲ့ကျောပြင်ကို ခေါင်းမှီပြီး ခါးတေွကို ပိုပြီးတင်းကျပ်ကျပ်ဖက်တယ်။
"ဘယ်သူတေွဘယ်လောက်ဘဲလိုချင်လိုချင်ပေါ့ ချယ်ရီပွင့်တေွဆိုတာ ချယ်ရီပင်တေွရဲ့အပိုင်ဘဲလေ ပြီးတော့ချယ်ရီပွင့်တေွဆိုတာ ချယ်ရီပင်ကိုမှီခိုပွင့်ရတာ အဲ့ဒါကြောင့် hyunက ချယ်ရီပွင့်ဆို kangက hyunရဲ့ချယ်ရီပင်ဘဲ"
လမ်းတစ်လျေှာက်လံုးမှပွင့်နေတဲ့ချယ်ရီပင်တေွကိုကြည့်ရင်း သူမအသက်ပြင်းပြင်းရှူရှိုက်လိုက်တော့ ကျေနပ်မှုတေွနဲ့ ပျော်ရွှင်စရာတေွကိုရတယ်။ ဘယ်လိုကျေနပ်မှုမျိုးလဲဆိုတော့ စစ်ပွဲတစ်ခုမှာ ကိုယ့်ဘက်က စစ်အင်အားထပ်တိုးလာတဲ့ အားရကျေနပ်မှုမျိုး။ ဒါလိုကျေနပ်မှုမျိုးကိုလဲ hyunကလွဲပြီး သူမကိုအခြားသူတေွမပေးနိုင်ဘူးထင်တယ်။ မဟုတ်ဘူး လံုးဝမပေးနိုင်ဘူး။
ပထမဆံုးပန်းပွင့်ရက်မို့ မိသားစုတေွ သူငယ်ချင်းတေွ အတွဲတေွ လမ်းပေါ်မှာတော်တော်များများတေွ့ရပြီး နိုင်ငံခြားသားတစ်ချို့ကိုလဲတေွ့ရသည်။ ဓါတ်ပံုရိုက်တဲ့သူကရိုက်ပြီး တစ်ချို့ကတော့ ထီးလေးတစ်ချောင်းကိုအကွယ်ပြုပြီး နမ်းနေကြလေရဲ့။
ချယ်ရီပင်အောက်က အဖြူရောင်ခံုတန်းပေါ်မှာသူမတို့နေရာယူရင်း လက်ထဲကမုန့်ထုတ်တေွကိုလဲ ဘေးမှာချသည်။
အဝါရောင်ဂါဝန်စနဲ့ ခဲရောင်ဂျင်းက နီးကပ်စွာရှိနေပြီ စုစည်းထားတဲ့ဆံပေတေွက ဖြာကျနေတဲ့ ဆံပင်တေွကြားထဲမှာရောထေွးနေပြီး kangရဲ့ပုခံုးပေါ်ခေါင်းမှီထားတာက hyun။
ဝယ်လာတဲ့မုန့်တေွကို ဥပေက္ခာပြုရင်း တစ်ယောက်နဲ့လက်တေွကို ဆုတ်ကိုင်ထားကြတယ်။ အပြံုးတေွကလဲ တိုးဝေှ့နေတဲ့လေနုအေးလေးလိုဘဲ အေးချမ်းတယ်။ ကိုယ်သင်းနံ့နဲ့ ချယ်ရီနံ့ရောထေွးနေတဲ့လေထုကလဲ နှာဖျားဝမှာ ကြည်ဆယ်နေတယ်။
"Hyunကို မေမေကပြောတယ်"
မေမေဆိုတာနဲ့ ရင်ထဲမှာအောင့်သက်သက်ဖြစ်သွားပေမဲ့ သူမကတော့ ပြံုးမိနေတုန်း။
"Kangရဲ့မိဘတေွက ဘယ်သူတေွလဲတဲ့"
"အဲ့တော့hyunက ဘာပြန်ပြောလိုက်လဲ"
"သူ့မိဘတေွနမယ်ကိုမမေးဖူးဘူးလို့ ပြီးတော့သူက သူ့အမတေွနဲ့နေတာလို့ပြောလိုက်တယ် သူ့မိဘတေွက Ansanမှာလို့"
အပြံုးတေွကိုရပ်ရင်း ရေှ့တည့်တည့်ကမြင်ကွင်းကို ဝေဝေဝါးဝါးဘဲကြည့်နေမိတယ်။ ဘယ်ဆီရောက်နေမှန်းမသိတဲ့အတေွးတေွက ပျံ့လို့နှံလို့။
"Kangရဲ့မိဘတေွနမယ်က ဘယ်သူလဲ"
"မိဘအရင်းတေွကိုမေးတာလား"
ပုခံုးပေါ်ခေါင်းမှီထားရာကနေ ထလာပြီး ကိုယ်ကိုအနည်းငယ်ခွါက hyunက သူမမျက်လံုးတေွကို တည့်တည့်ကြည့်တယ်။
"ဘာပြောလိုက်တာလဲ"
မယံုနိုင်သလို အံအားသင့်သလိုမျက်လံုးတေွနဲ့hyunက သူမကိုကြည့်တယ်။
"မိဘအရင်းတေွကိုမေးတာလား"
"Ansanကမိဘတေွဆိုတာက?"
သူမဘက်ကအရင်အကြည့်လွဲကာ ရေှ့တည့်တည့်ကိုသာပြန်ကြည့်သည်။
"မိဘအရင်းတေွကို မသိဘူး ဘယ်မှာနေလဲ ဘာလုပ်လဲ ဘယ်သူတေွလဲဆိုတာမသိဘူး အသက်ရှင်နေသေးလားဆိုတာတောင်မသိဘူး မမြင်ဖူးဘူး Ansanမှာနေတဲ့မိဘတေွရဲ့နမယ်က Mr.Juminနဲ့ Ms.yeonhee"
သူမကတော့ရေှ့တည့်တည့်ကိုကြည့်ပြီးပြောနေတာမို့joohyunက ဘယ်လိုမျက်နှာထားမျိုးရှိနေမလဲသူမ မသိ။ မျက်မေှာင်ကျုံ့ရင်ကျုံ့နေလိမ့်မယ် မဖြစ်နိုင်ဘူးဆိုတဲ့အကြည့်မျိုးနဲ့ကြည့်ရင်ကြည့်နေလိမ့်မယ် ဒါမှမဟုတ် သနားဂရုနာသတ်နေတဲ့အကြည့်မျိုးနဲ့ပေါ့။
"ဘာလို့..ဘာလို့ ဘာမှမဟုတ်သလိုပြောနိုင်ရတာလဲ"
အသံတေွက ပံုမှန်မဟုတ်ဘဲ ကွဲအက်အက်မို့ သူမစိုးရိမ်ကြီးစွာ ချက်ချင်းလှည့်ကြည့်မိတယ်။
တစ်ချို့သောငိုကျေွးခြင်းတေွက သူ့ဘက်ကဝမ်းနည်းတာမျိုးဆုိပေမဲ့ ကိုယ်ဘက်က နေွးထေွးမှုကို ရလိုက်တာမျိုးတေွရှိပါတယ်။ အခုဘဲကြည့်လေ သူမက ဘာမှမဖြစ်ရဘူး hyunက မျက်ရည်တေွကျလုဆဲဆဲ။
"ချစ်ဖို့ကောင်းလွန်းမနေဘူးလား"
နှလံုးသားလေးကလဲ ခပ်နုနုသာရှိတဲ့သူမရဲ့ရည်းစားလေးကိုကြည့်ရင်း သူမကရယ်တယ်။
"သူများငိုနေတာကို ဘာလို့ရယ်နေတာလဲ"
ပြောရင်းပိုပြီး ရှိုက်ပြီးငိုလာတဲ့joohyun။
"မငိုပါနဲ့hyunရဲ့ Kangက လက်ရှိမိသားစုမှာဘယ်လောက်တောင်ပျော်နေလဲ hyunက မသိလို့ပါ ပြီးတော့kangရဲ့မိဘတေွက kangကိုအရမ်းချစ်တာ hyunလိုဘဲ"
"လူဆိုးမကြီးလိုဘဲ ဘာလို့အဲ့လောက်အသည်းမာနေရတာလဲ"
မျက်ရည်တေွကိုလက်ဖနေှာင့်နဲ့ဖိသုတ်ရင်း နှုတ်ခမ်းဆူပြီးပြောတဲ့hyunကြောင့် သူမပိုပြီးအသည်းယားရပါသည်။
"မမာပါဘူး အခုတောင်ငိုချင်လာပြီ"
မရှိတဲ့မျက်ရည်တေွကို ခပ်ကြမ်းကြမ်းသုတ်ရင်းငိုပြနေတဲ့သူမကိုကြည့်ရင်းhyunက ထရယ်တယ်။ အခုငို အခုရယ်နေတဲ့hyunနဲ့လဲဘသူမတစ်မျိုးအသက်ရှည်ပါတယ်။
"တော်တော့တော်တော့ မုန့်စားချင်ပြီ ဖောက်ပေး"
"ခဏနေဦး"
အညိုရောင်အိတ်ထဲက ဖုန်းကိုထုတ်ရင်း
"ပြံုးထား"
ပံုရိုက်ခါနီးမှ joohyunက ပါးကိုနမ်းလိုက်တာကြောင့် သူမက မျက်လံုးအနည်းငယ်ပြူးတဲ့ပံုနဲ့ joohyunက သူမပါးကိုနမ်းနေပြီးသားဖြစ်တဲ့ပံုကြောင့် သူမjoohyunကို ချက်ချင်းလှည့်ကြည့်မိသည်။
"ဘာကြည့်နေတာလဲ သဘောမကျဘူးလား"
"နောက်တစ်ခေါက်လောက်ထပ်နမ်းပါလား"
"......"
"အားးးအားးး"
သူမပါးကို ကိုက်နေတာကြောင့် အလန့်တကြားထအော်တော့သူက အားရပါးရရယ်ပြန်တယ်။ တကယ့်လူပြောင်လေးပါ။
*********
YOU ARE READING
Better Place
Fanfictionရရှိခဲ့တဲ့ဒဏ်ရာတစ်ချို့ကြောင့် လူနေမှုဘဝကို ပိုမိုကောင်းမွန်အာင်ကြိုးစားကြသလို ဘဝမှာ အရေးမပါသူတေွလဲဖြစ်သွားတတ်ကြပါတယ်~~~