EP-16

124 19 0
                                    

ဖိနပ်မပါတဲ့ ဗလာသက်သက်သူ့ခြေထောက်တေွက အဖြူရောင်ကြမ်းပြင်သန့်သန့်နဲ့လိုက်ဖက်လွန်းတယ်။
အနက်ရောင်သူ့ဆံပင်တေွက အဖြူရောင်နံရံတေွနဲ့ လိုက်ဖက်လွန်းတယ်။
အဖြူရောင်ခပ်ပါးပါး စွတ်ကျယ်လေးက ချေွးစိုနေတာကြောင့် အတွင်းသားတို့ကိုတောင် မထင်တထင်လေးမြင်နေရပြီ။
ဆံသားတို့ကိုစုစည်းထားတော့ ကပိုကရိုလျှံကျနေတဲ့ဆံနွယ်လေးတစ်ချို့နဲ့ နဖူးထောင့်မှာချေွးနဲ့ကပ်နေတဲ့ဆံသားလေးတေွ။
နီးလိုက်ဝေးလိုက်ဖြစ်နေတဲ့ ကျမတို့ရဲ့မျက်နှာနှစ်ခုက ပိုပြီးရင်ခုန်ဖို့ကောင်းမယ်ထင်တယ်။ ဒီလိုကြပြန်တော့ ကျောင်းဖွင့်ပွဲတုန်းက သူနဲ့အတူကခဲ့တဲ့အချိန်လေးကို သတိရမိတယ်။ ကရင်းသူ့ခါးလေးကိုဖက်လိုက်တာတေွ သူ့လက်ကလေးကိုထိလိုက်ရတာလေးတေွက အစ ရူးမတက်ရင်ခုန်ခဲ့ရတာတေွ..။
တိတ်ဆိတ်တဲ့အခန်းလေးထဲ အဖြူရောင်နံရံတေွကြားထဲမှာ ပီတိဖြာနေတဲ့နှုတ်ခမ်းနှစ်စံုနဲ့ ကြည်နူးရိပ်သန်းနေတဲ့ မျက်ဝန်းနက်နက်နှစ်စံုရှိတယ်။ မျက်ဝန်းတို့ကိုမေှးစက်ပြီး နှုတ်ခမ်းတို့ကိုထိကပ်တော့ လေထုကမကြားနိုင်တဲ့ရင်ခုန်သံကျယ်ကျယ်တေွက အရှိန်မြန်စွာဆက်လက်ခုန်တယ်။ ဖွင့်ဟထားတဲ့ အကြည်ရောင်မှန်တံခါးတေွရဲ့အလွန် နေရောင်ခြည်အောက်ကနေ တိုးဝေှ့လာတဲ့ လေပြေနုနုက သူမတို့ကြားဝင်ရောက်တယ်။ ချယ်ရီCandyအမှတ်နဲ့ အငမ်းမရစုပ်ယူနေတဲ့နှုတ်ခမ်းသားတေွရဲ့နောက်ကွယ်မှာ.....။
"ချစ်တယ်..hyun"
"ပိုချစ်တယ်.."
မျက်ခံုးတစ်ဖက်ကို မတင်မကျလေးပင့်ပြီးပြောတယ်။ ဒီအမူအယာတေွကဘဲ သူမရဲ့ညတေွကိုစိုးမိုးနေတာ။
"ရေချိုးတော့မလား ခဏနားမလား"
"Hyunမှာ အဝတ်အပိုပါမလာဘူး"
Eunjung unnieတို့က ဆေးရံုကပြန်မလာရသေးတော့ သူမတစ်ယောက်ထဲရှိတယ်ဆိုလို့သာ hyunကအဖော်လာလုပ်ပေးရတာ အခုလိုတေွ ကဖို့လောက်ထိမရည်ရွယ်ထားတော့ hyunက ဘယ်လိုလုပ်အဝတ်အပိုပါပါ့မလဲ။ ဒီတိုင်းလဲပြန်ခိုင်းလို့မရဘူး သူဝတ်ထားတာက ချေွးစိုလို့ Braတောင်ပေါ်နေပြီမလား။
"Kangအင်ကျီဝတ်လေ..ဘာခက်တာကြလို့"
"ဟုတ်😁.."
ကလေးတစ်ယောက်လိုပြံုးပြပြီး ရင်းနီးပြီးသားရေချိုးခန်းထဲပြေးဝင်သွားတဲ့ကောင်မလေး။ အဲ့ဒါကျမကောင်မလေးပေါ့ ကျမသိပ်ချစ်ရတဲ့ ကျမကောင်မလေး။
Joohyunလဲရေချိုးခန်းထဲဝင်သွားပြီဖြစ်တာကြောင့် သူမအခန်းထဲဝင်ကာ အဝတ်ဗီရိုထဲ hyunအတွက်အင်ကျီတစ်ချို့ယူရတာပေါ့။
သူမရဲ့အင်ကျီတေွက မိန်းကလေးဆန်ဆန် ဂါဝန်တေွ စကပ်တေွတော့သိပ်မရှိ။ အလှအပကိုအရမ်းကြီးစိတ်မဝင်စားတာကြောင့် သူမမှာအခြားသူတေွလို အင်ကျီတေွ တောင်ပံုရာပံုပေါမနေဘူး။ ရှားရှားပါးပါး အောက်နှုတ်ခမ်းအတွန့်လေးနဲ့ နီညိုရောင်ဂါဝန်လေးတစ်ထည်ကိုဆွဲထုတ်လိုက်သည်။
"ဒီအင်ကျီက hyunနဲ့အလိုက်ဖက်ဆံုးဘဲ"
တစ်ယောက်ထဲကြည်နူးရိပ်တို့နဲ့ပြံုးကာ စကားဆိုလိုက်သည်။
ကိုယ်တိုင်ဝတ်ဖို့လဲ ဂျင်းဘောင်းဘီတစ်ထည်နဲ့ ရှပ်အဖြူကိုထုတ်ကာ ခုတင်ပေါ်တင်ရင်းဘဲ hyunကုိစောင့်နေလိုက်သည်။
ခုတင်ပေါ်ပက်လက်လှန်ပြီးအိပ်နေပေမဲ့ မျက်နှာကျပ်ကိုမမြင် သူမရဲ့အတေွးတေွနဲ့ မျက်ကြည်လွှာတေွဆီမှာ hyunတစ်ယောက်ထဲပေါ်နေသောကြောင့်ဖြစ်သည်။
"Kang....."
"ပြီးပြီ....လား"
အစပိုင်းအားတက်တရောပြောလိုက်ပေမဲ့ ဒီမြင်ကွင်က သူမကိုအနေအနည်းငယ်တော့အနေကျပ်စေတာပေါ့။
ရင်သားထက်မှစ၍ ပေါင်လည်လောက်ထိကို အဖြူရောင်သပတ်ဖြင့် ကာဆီးထားပြီး ရေစိုနေတဲ့ဆံနွယ်တေွက အဖြူရောင်ရင်ဘက်နဲ့ကျောပြင်မှာ တွယ်ကပ်နေတယ်။
"ခေါင်းလျေှာ်လိုက်တာလား"
"အင်း ဆံပင်ကအဆီပျံနေလို့"
"အင်း ဒီမှာhyunဝတ်ဖို့"
Joohyunကလဲခေါင်းငြိမ့်ပြတာကြောင့် သူမဝတ်မဲ့အဝတ်တို့ကိုကိုင်ကာ ရေချိုးခန်းထဲသာ ခပ်မြန်မြန်ဝင်တော့သည်။ မဟုတ်ရင်joohyunရဲ့ ပံုကိူကြည့်ပြီး သူမဘာေတွဆက်တေွးမိမလဲမသိ။
******
"Joohyunကိုငါနားမလည်နိုင်တော့ဘူး"
Kaiရဲ့ငြီးငြူသံတေွကြားတော့ bogumကပြံုးတယ်။ ဒီအပြံုးတေွက joohyunအတွက် အမြဲတမ်းနားလည်ပေးဖို့ပြင်ဆင်ထားတဲ့အပြံုးတေွ။
"ဘာလဲ seulgiနဲ့တွဲသွားလို့လား"
"အင်းလေ"
ညနေပိုင်းရဲ့ကစားကွင်က လူတော့ရှုပ်သား။
"ငါjoohyunကို စာမေးပွဲနောက်ဆံုးနေ့ကပြောခဲ့တဲ့စကားကို သူတကယ်ထင်လား မထင်လားတော့မသိဘူး"
"ဘာပြောလိုက်တာလဲ"
ကိုင်ထားတဲ့ဖုန်းကိုပိတ်လိုက်ပြီး Kaiက စိတိဝင်စားလှည့်ပြီးမေးတယ်။
"ငါseulgiကိုချစ်တယ်လို့"
"ငါ့ကောင်!!!တကယ်ကြီးလား"
"အဲ့နေ့ကjoohyunက ငါပြောကိုသူကရယ်နေတာ seulgiကိုပြန်ပြောရင်ပြောမှာပေါ့ ငါနောက်တာjoohyunသိတယ် သူနဲ့ငါနဲ့ကလဲသူငယ်ချင်းဆိုတာထက်ကိုပိုနိုင်မှာမဟုတ်ပါဘူး သူတောငိဆိုင်သူရှိနေပြီဘဲ"
"အဲ့ဒါဆိုမနေ့က ငါတို့တေွဆံုတော့ seulgiက မင်းကိုအားနာတဲ့ အကြည့်တေွနဲ့ဘဲကြည့်နေတာနော်"
"ငါလဲသတိထားမိတယ် ငါသူ့ကိုချစ်တယ်ပြောထားတာကို မသိတာလား မေ့သွားတာလားတော့ ငါလဲသေချာမသိဘူး"
"သူက အူကြောင်ကြောင်ပါ မင်းလဲသွားစမနေနဲ့ တကယ်ထင်သွားဦးမယ်"
"သူကအဲ့လိုလဲမဟုတ်ပါဘူး သူနဲ့joohyunနဲ့ကလိုက်တယ်လို့ငါထင်တာဘဲ"
Bogumပြောတာကို Kaiတစ်ယောက် ခေါင်းတစ်ခါခါဖြင့် သက်ပြင်းတေွသာချရတော့တာပေါ့။
"ငါကိုက မိန်းကလေးတစ်ယောက်လောက်ကိုတောင် မယဥ်နိုင်တာ😅"
******
ကျောင်းပိတ်နေတဲ့ရက်တေွထဲ သူမတို့တေွ နေ့တိုင်းမဟုတ်ရင်တောင် တစ်ရက်ချန်တော့စံုဖြစ်ကြတယ်။ သမီးရည်းစားတို့ရဲ့ ဘာသာဘာဝ အရ နေ့တိုင်းတေွ့နေ့ရရင်တောင် လွမ်းတတ်ကြသေးတာမို့ သူမတို့ကြားထဲ အလွမ်းပိုပြီး ချစ်သူကိူဖုန်းထဲကချွဲတဲ့ ရက်ဆွဲလေးတေွတော့ရှိခဲ့တာပေါ့။ ဘယ်လောက်ပြောပြောကုန်မှာမဟုတ်တဲ့ ချစ်တဲ့အကြောင်းတေွကိုပြောရင်း ပလီပလာစကားလေးတေွဆိုကာ ကုန်ဆံုးခဲ့တဲ့ရက်လေးတေွက အတိတ်စာမျက်နှာတေွထဲမှာ အလှပဆံုဖြစ်ခဲ့တာပေါ့။
ဆယ်ရက်ကြာပြီးနောက် အထက်တန်းကျောင်းသားဝတ်စံုကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ရင်း မှန်ထဲကိုကြည့်တော့ ကိုယ်ကဒီနေ့သိပ်လှတယ်။ ဒီလိုကြပြန်တော့ အလှအပစိတ်မဝင်စားပါဘူးဆိုတဲ့စကားကြီးက hyunအတွက်နဲ့ လွှင့်ပစ်လိုက်ရပါရောလား။
"သွားပြီ Eunjung unnie, jiyeon unnieကိုလဲ သွားပြီလို့ပြောလိုက်ဦး"
ကျောင်းသွားခါနီးနှုတ်ဆက်စကားတေွကို အားတက်သရောနှုတ်ဆက်တော့ ဒဏ်ရာကြောင့်နားနေရတဲ့eunjungက ခေါင်းငြိမ့်ပြံုးပြတယ်။ သူ့မျက်လံုးထဲ သူမကို ညီမလေးလို သမီးလေးလို မြင်နေမှန်းမှမသိ။
ဒီနေ့တော့ကျောင်းကိုစက်ဘီးနဲ့မသွားဖြစ်ဘူး။hyunရဲ့လက်လေးကိူင်ပြီးကျောင်းသွားချင်တာမိုလို့ လိုင်းကားစီးဖို့သာ စဥ်းစားရတာပေါ့။
မနီးမဝေးကားမှတ်တိုင်လေးကိုကြည့်တော့ ရံုးသွားချိန် ကျောင်းသွားချိန်တေွမို့ လူအနည်းငယ်တော့ရှုပ်သည်။ ကျောင်းသားဝတ်စံုတစ်ချို့ဝတ်ထားတဲ့အထဲမှာမှ ဒီဘက်အစွန်ဆံုးမှာရပ်နေတဲ့ ပုပုသေးသေးကတော့ hyunပေါ့။
"Morning"
ကိုယ့်ဘက်ကရင်နှုတ်ဆက်တော့ သူဥိုယ့်လက်တေွကိုဆုတ်ကိုင်တယ်။
"Morning"
သူ့ရဲ့အပြံုးတေွက မနက်ခင်ရဲ့ပန်းလိုလှပြီး သူ့ရဲ့အသံက ပန်းဝတ်ရည်လိုချိုတယ်။ hyunက ကျမအတွက် ညိုးမှာမဟုတ်တဲ့ ပန်းတစ်ပွင့်ဘဲ။
သူမတို့စောင့်နေတဲ့လိုင်းကားလဲ ရောက်လာပြီမို့ သမီးရည်းစားအလိုကျ ချောင်ကျတဲ့ နောက်ခံုမှာထိုင်လိူက်သည်။
လိုင်းကားစီးတိုင်း hyunကို ပြတင်းပေါက်ဘက်မှာဘဲစီးခိုင်းလေ့ရှိတယ်။ အဲ့ဒါဘာလို့လဲဆိုတော့ လက်တန်းမှာစီးနေတဲ့တဲ့သူတေွနဲ့ hyunနဲ့ကို နီးစပ်ခွင့်မပေးနိုင်လို့။
ဒီလိုနဲ့ အထက်တန်းကျောင်းသူနှစ်ယောက်ရဲ့ ရင်ခုန်သံတေွက ချယ်ရီတေွဖူးနေတဲ့လမ်းမနဲ့ အဝါရောင်လိုင်းကားပေါ်မှာ ပြန့်ကျဲခဲ့တာပေါ့။
နာကျင်ခြင်းအလျင်းမရှိတဲ့ ကျမရဲ့ဒီလိုနေ့ဆွဲတေွကို နှလံုးသားထဲကနက်နက်နဲနဲမှတ်မှတ်ရရရှိနေတာမို့ အချိန်တေွယ်လောက်ဘဲ ကုန်လွန်သွားပါစေ ကျမတော့မေ့ပစ်လို့ရမယ်မထင်ဘူး။ Hyunရဲ့မိဘတေွက ကျမကိုလက်ညိုးထိုးပြီး ရှံုချချိန်တေွရောက်လာခဲ့တ။ရင်တောင် နောက်ဆံုးဖို့မကြိုးစားဘဲ ရက်ဆိုင်ဖို့သာ ပြင်ဆင်နေမိတယ်။ Hyunနဲ့ပက်သက်ရင် ကျမက တစ်ခါတစ်လေ သိပ်ကိုနူးညံတယ် တစ်ခါတစ်လေသိပ်ကို ဘဝင်မြင့်တယ် တစ်ခါတစ်လေ ပျော့ညံလိမ်မယ် တစ်ခါတစ်လေတော့ စစ်တည်တစ်ယောက်ဘဲ။ ဒါကhyunကိုချစ်မိသွားပြီးနောက်ပိုင်း ဖြစ်တည်လာတဲ့ ခံစားချက်ဘဲ...။
*******

Better PlaceTempat cerita menjadi hidup. Temukan sekarang