ARC.1.PART-3

5.7K 629 13
                                    

လင်ရှောင်းချန် သည် အလားအလာရှိသော လူငယ်တစ်ယောက်ဖြစ်ပြီး သီးသန်ဆန်သောလူတစ်ယောက်ဖြစ်သည်။သူသည် အသက် ၁၆ နှစ်သာ ရှိသေးသော်လည်း သူ၏တည်ရှိမှုသည် လင်Group အတွင်းပိုင်း အုပ်ချုပ်ရေးတွင် အရေးပါသောတည်ရှိမှုဖြစ်သည်။

လင်ရှောင်းချန်သည် ယခု ကျောင်းမိသားစု အိမ်တွင်ရောက်နေခြင်းဖြစ်ပြီး သူမျက်စိရှေ့ရှိ ဆိုဖာပေါ်တွင် ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက် နှက်နှက်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

သူသည် မိဘများ၏ တောင်းဆိုမှုကြောင့် မိသားစုနှင့်အတူ ကျောင်းမိသားစုသို့လာခြင်းဖြစ်သည်။ မိဘများမှာ ကားပျက်နေသဖြင့် လမ်းတွင် ကြန့်ကြာနေပြီး သူက အရင်ရောက်ရှိနေခြင်းဖြစ်သည်။

သူ့ရှေ့ရှိ ကောင်မလေးအားကြည့်လိုက်သည်။သူမ၏ လက်များသည် တစ်ဖက်က ဆိုဖာအောက်တွဲကျနေပြီး ကျန်တစ်ဖက်က ဆိုဖာ၏ နောက်မှီအား ကုတ်ဆွဲထားသည်။
ဖြူဥ နေသည့် ခြေထောက်လေးများမှာလည်း တစ်ချောင်းမှာအောက်သို့ တွဲကျနေပြီး ကျန်တစ်ဖက်အား ဆိုဖာ ပေါ်သို့ ပစ်တင်ထားသည်။

သူမလေး၏ ကိုးရို့ကားရား အိပ်နေပုံအားကြည့်၍ လင်ရှောင်းချန်၏ ကျောင်းမိသားစုသို့လာရ၍ မကျေမနပ်ဖြစ်နေသည့် စိတ်ကလေးပင် ပျောက်သွားပြီး သူမလေးအား ငေးကြည့်နေမိသည်။ထို့နောက် စကားသွားပြောချင်သည့် စိတ်လေးအား မထိန်းချုပ်နိုင်တော့ဘဲ ပြောလိုက်မိတော့သည်။

" ဒီက Baby လေး ကျောင်းသခင်ကြီးတို့ရှိလား " လင်ရှောင်းချန်အတွက် ပြောချင်သည့်စကားများရှိသော်လည်း ပြောမထွက်နိုင်ဖြစ်နေသည်မှာ ယခုက ပထမဆုံးပင် သူတောင်မသိလိုက်ပါဘဲ တဖက်လူအား baby ဟု ခေါ်မိလိုက်ပြန်သည်။

သူပြောလိုက်သည့်အခါ သူမလေးသည် အနှောက်အယှက်ဖြစ်သွားသကဲ့သို့ မျက်မှောင်ကျုတ်ကာ တစ်ဖက်လှည့်သွားသည်။လင်ရှောင်းချန် သည်တော့ သူမလေး၏ နောက်ကျောအားကြည့်၍ ဆူထွက်သွားသည့် နူတ်ခမ်းရဲရဲလေးအား တွေ့လိုက်ပြီး နေရာမှာတင် ကြက်သေသေနေတော့သည်။

system - OMG ငါ့ Host က သောက်ရမ်းတော်တာဘဲ အစဘဲရှိသေးတယ် ဇာတ်လိုက်က ဆွဲဆောင်ခံလိုက်ပြီ ( ငါအရင်က အထင်လွဲမိတဲ့တာဘဲ အခုကစပြီး ငါ့ Hostက အိပ်စက်ခြင်းနတ်ဆိုးမဟုတ်တော့ဘူး sleeping beauty လေး 😙 )

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now