ARC.1.PART:18

5.1K 630 11
                                    

"system တစ်ခုခုလုပ်ဦးဟ။ လာနေပီ  "
ချင်းပေ သည် သူမထံလျှောက်လာနေသော လူအား အချိန်မ‌ရွေး ပြေးရန်အသင့်ဖြစ်သည့်ပုံဖြင့် ကြည့်လိုက်ရင်း systemအားဆက်သွယ်လိုက်သည်။

< Host ကျွန်တော်လဲ မတတ်နိုင်ဘူး။ > system၏  မတတ်သာဟန်ထွက်ပေါ်လာသည်။ ' အထက်က ဘာတွေတွေးနေလဲ ငါမှမသိတာ '

" ....." ဒီလို system ကို အသုံးမကျဘူးလို့ပြောတာ ငါနဲနဲလေးမှ လွန်တယ်လို့မခံစားရဘူး။ ' ဒီမှာ နင့် host က အန္တရယ်ထဲကျရောက်နေတာလေ။ နဲနဲပါးပါး ကူမယ်မရှိဘူး'။

သူမ၏ အတွေးများအား လက်မောင်းမှ နာကျင်မှုက အပြင်လောကသို့ပြန်ဆွဲခေါ်လာချိန် ရှန်းချွန်းမင် က သူမတို့ရှေ့တွင်ရောက်နေ‌လေပြီး ။

" ဟိုင်း... ကျမနာမည်က မုဟွေပါ "အလွန်ယဉ်ကျေးမှုရှိသည့် ပုံစံဖြင့် နူတ်ဆက်လိုက်သည်။ သို့‌သော် ချင်းပေသည်တော့

' အစ်မကြီးရေ ကျေးဇူးပြုပီး လက်ကလေး လွှတ်ပေးပါလား။သောက်ရမ်း နာတယ်ဟ။' စိတ်ထဲတွင်သာ ညည်းညူလိုက်တော့တော့သည်။ မုဟွေက သူမ ၏ လက်မောင်းအား စိတ်လှုပ်ရှားမှု လွန်ကဲပြီး ဖျစ်ညစ် ထားခြင်းပင်။မုဟွေသည်တော့ ချင်းပေအား သတိမထားမိဘဲ သူမရှေ့မှ လူအား ဆွဲဆောင်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။ ' ဒီလို ပြီးပြည့်စုံတဲ့ လူမျိုးရှိမယ်မထင်ထားဘူး။ ဒီလိုလူမျိုးမှ ငါနဲ့ထိုက်တန်တာ '

ရှန်းချွန်းမင် သည်တော့ သူမအားလုံးဝ လစ်လျုရှုထားကာ သူ့အကြည့်က ချင်းပေထံသို့သာရောက်နေသည်။ သူက
သူမ၏ မသက်မသာ သည့်ပုံစံအား သတိထားမိသွားပုံပေါ်ကာ သူမတို့နှစ်ယောက်အားခွဲ၍ ချင်းပေအား သူ့ဘက်သို့ဆွဲလိုက်သည်။

ချင်းပေ: "..." ငါ ပြန်ပြီး ဖျစ်ညစ်ခံချင်လို့ ရသေးလား??

ထို့နောက် ချင်းပေ သတိထားမိတာ ရှန်းချွန်းမင် ထိလိုက်သည်နှင့် သူမ၏ ဝိဉာဉ် သည် အားနည်းသွားသလိုခံစားလိုက်ရပြီး မရုန်းကန်နိုင်ခြင်းပင်။
' ဒါကြောင့်မို့ အရင်ကလူတေ ပျောက်ကွယ်သွားကြတာလား။ဝိဉာဉ် ကို အားနည်းစေခြင်း ဘယ်လိုတောင် မကောင်းဆိုးရွားဆန်လိုက်လေသလဲ။ '

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now